Saturday 24 December 2011

အလင်းနိယာမ နှင့် ကိုယ်ပျောက်ဝတ်ရုံ

ကိုယ်ပျောက်အင်္ကျီတဲ့လား၊ သိပ္ပံသုတေသီတွေကတော့ ကိုယ်ပျောက်အင်္ကျီဟာ တစ်ကယ်ဖြစ်လာနိုင်ပြီလို့ ပြောပါတယ်။ ထို ကိုယ်ပျောက်ဝတ်ရုံကတော့ ဟယ်ရီပေါ်တာ ရဲ့ ကိုယ်ပျောက်ဝတ်ရုံမျိုးဖြစ်ပေါ့လေ။ လန်ဒန်မျို့မှာရှိတဲ့ သုတေသီများကတော့ စတာလင်ပေါင် ၄၈ သန်းကုန်ကျမှာဖြစ်တဲ့ ကိုယ်ပျောက်ဝတ်ရုံဖန်တီးမှုလုပ်ငန်းကို ရှေ့ဆက်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
ဂျေကေရိုးလင်း ပုံပြင်တွေထဲကလို့ လူငယ် မှော်ဆရာလေးတစ်ယောက်ဟာ ကိုယ်ပျောက်ဝတ်စုံခြုံပြီး
ကျောင်းကိုသွားတာ ဘယ်သူမှမတွေကြသကဲ့သို့ဖြစ်ပါတယ်။ ဒီနေ့တော့ Imperial ကောလိပ်က ရှာဖွေမှု့ပြုလုပ်သူများကတော့ မကြာခင်မှာ ကိုယ်ပျောက်ဝတ်ရုံဟာတကယ်ဖြစ်လာတော့မှာ
လို့ပြောခဲ့ပါတယ်။

ထိုသုတေသီများ ထင်ထားကြတာကတော့ ထိုဝတ်ရုံကို ပစ္စည်းအမျိုးအစားအသားအသစ် နဲ့ပြုလုပ်မှာဖြစ်ပြီးအလင်းပျောက်အောင်ပြုလုပ်မှာဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အရာဝတ္တု တစ်ခုပေါ်ကို အလင်း ကျရောက်တဲ့အခါ မှာ အလင်းပြန်မှု့ရှိတာကို အလင်းမပြန်အောင်ပြုလုပ်ခြင်းဖြင့် မမြင်ရအောင်ပြုလုပ်မှာဖြစ်ပါတယ်။ ထိုကိုယ်ပျောက်ဝတ်ရုံကို meta လို့ခေါ်တဲ့ အသားတစ်မျိုးနဲ့ပြုလုပ်မှာဖြစ်ပြီး ထိုအသားဟာ အလင်းကို စုတ်ယူစီးဆင်းစေမှာဖြစ်ပါသည်။ ထိုဝတ်ရုံကို ခြုံလိုက်ခြင်းအားဖြင့် ခြုံလိုက်သူကို လူ့မျက်စီဖြင့် ကြည့်လို့ မြင်ရတော့မှာမဟုတ်ပါဘူး။ Imperial ကောလိပ်အဖွဲ့မှပြောကြားတာကတော့ ထို meta ဆိုတဲ့ အသားမှာ အဏုကြည့်ကရိယာ နှင့် လေယာဉ်ကွင်းများမှာတပ်ဆင်ထားသော လုံခြုံရေ ကရိယာတို့ဖြင့် ကြည့်လျှင် သေးငယ်သော အစက်အပြောက်ဖြင့် မြင်ရသော ဓါတ်သတ္တုမျိုးပါရှိပါတယ်။ ထိုလုပ်ငန်းကို ဦးဆောင်တဲ့ ဂျွန်းပန်ဒရီ က ကျွန်တော်တို့ ထိုကိုယ်ပျောက်ဝတ်စုံကို အလင်းနိယာမ သီအိုရိ နှင့်ဘယ်လိုလုပ်သလဲဆိုတာကိုသက်သေပြမှာဖြစ်ပါတယ်။ လောလောဆယ်တော့ စိန်ခေါ်မှုကတော့ ထိုဝတ်ရုံကို ပြုလုပ်ဖို့ဘဲဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်