Wednesday 21 December 2011

မိုဘိုင်းဖုန်းလိုချင်လို့ မိမိကလေးကို ရောင်းစားလိုက် သတဲ့။

တရုတ်နိုင်ငံ Chongqing မှာနေတဲ့ လူငယ်စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ ကလေးကို တရုတ်ယွမ်ငွေ ၂၅ဝဝ (U$ 366)နဲ့ ရောင်းစား ခဲ့တယ်လို့ Chongqing Economic Times သတင်း မှာ အင်္ဂါက ဖော်ပြခဲ့ပါတယ်။ ထိုစုံတွဲဟာ နောက်တော့ နောင်တရပြီး သူတို့ ကလေးကို ပြန်လိုချင်ခဲ့တယ်လို့ ရဲဝန်ထမ်း တစ်ယောက်က ပြောပြပါတယ်။ ထိုကလေးရဲ့မိခင်က အသက် (၁၉)နှစ် အရွယ် Zhang Yao ဖြစ်ပြီး အဖေဖြစ်သူကတော့ ၂၁ နှစ်ရွယ် Xin ဆိုတဲ့သူဘဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အင်တာနက်ပေါ်မှာ တွေ့ခဲ့ကြတာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာ ချစ်ကြိုက်ခဲ့ပြီး လွန်လွန်ကြူးကြူးတွေ
ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ Zhang ဟာ ကျန်ခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကလေးမွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဟာ လက်မထပ်ရသေးပါဘူး။ မွေးပြီးလို့ ၆ ရက်အကြာမှာတော့ သူတို့ဟာ ကလေးကို Li Yong လို့ခေါ်တဲ့ လူတစ်ယောက်ဆီမှာ ရောင်းစားခဲ့ပါတယ်။ ထိုလူက ကလေးကို နောက်တစ်ရက်မှာတော့ ယွမ် တစ်သောင်းနဲ့ ထပ်ပြီးရောင်းဖို့ လုပ်တာကို ပတ်ဝန်းကျင်က ရိပ်စားမိပြီး ရဲ ကိုတိုင်ခဲ့ပါတယ်။ Zhang နဲ့ Xin တို့ကို စုံစမ်းကြည့်တဲ့အခါမှာတော့ သူတို့ရဲ့မိဘတွေဟာ
သူတို့နှစ်ယောက်ကို ထောက်ပံအကူအညီပေးဖို့အတွက် အင်တင်တင် လုပ်နေတဲ့အတွက် ဒီကလေးကို သူတို့ ရောင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Xin ကတော့ သူတို့ ရောင်းလို့ရတဲ့ပိုက်ဆံ ယွမ် ၂၅ဝဝ နဲ့ လက်ကိုင်ဖုန်းအသစ်တစ်လုံးဝယ်လိုက်တယ်လို့ဆိုပါတယ်။ အခုတော့ ကလေးဟာ လူမှုကူညီရေးစင်တာကို ရောက်နေပြီလို့သိရပါတယ်။ ရဲအရာရှိတစ်ယောက် ကတော့ Zhang နဲ့ Xin တို့ဟာ သူတို့ရဲ့ ပြုလုပ်ခဲ့တာနဲ့ပါတ်သက်ပြီး တကယ်ကိုနောင်တရနေပြီလို့ ပြောတာကို သတင်းစာတစ်ခုက ဖေါ်ပြခဲ့ပါတယ်။ Zhang ကတော့ ကျွန်မ ကလေးကို ရောင်းလိုက်တဲ့အချိန်ကစပြီးတော့ အမြဲတမ်းငိုခဲ့ရပါတယ် အခု ကလေးကို ပြန်လိုချင်နေပြီလို့ ဆိုပါတယ်။ ကလေးဟာလဲ ကျန်းမာလျှက်ရှိကြောင်း လူမှု့ကူညီစောင့်လျှောက်ရေးအဖွဲ့ကဆိုပါတယ်။ အခုဆိုရင် Zhang နဲ့ Xin တို့ရဲ့မိဘတွေကို ရဲတပ်ဖွဲ့မှ ဆက်သွယ်နေပြီး ကလေးငယ်ကို အဖေ အမေတွေနဲ့အတူ ပျော်ရွင်တဲ့ မိသားစုလဲပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးပမ်းပေးလျှက်ရှိတယ်လို့သိရပါတယ်။ ထိုမြို့နယ်မှ ရှေ့နေ Lian Yi ကတော့ ကလေးကိုထိုကဲ့သို့ ငွေနဲ့ ရောင်းတာဟာ မှောင်ခိုလုပ်တဲ့ရာဇဝတ်မှုတစ်ခုမြောက်တယ်
လို့ဆိုပါတယ်။ 
 @ http://verizoniphones.info/410/baby-sold-to-buy-new-mobile-phone/

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်