Thursday 1 December 2011

တောင်ကိုရီးယားအကျဉ်းထောင်များတွင် စက်ရုပ်များဖြင့် စောင့်ကြည့်စစ်ဆေးမည်

လုပ်ငန်းခွင်ဝင်နိုင်ကြောင်း သက်သေပြရန် လိုအပ်နေသေးသော်လည်း
တောင်ကိုရီးယားနိုင်ငံ၊ ပိုဟန်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် စက်ရုပ်များကို လာမည့်နှစ်မတ်လတွင် တစ်လကြာ စမ်းသပ်မှုပြုလုပ်မည်ဖြစ်ပြီး ၀မ်တစ်ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အကျဉ်းသားများ၏ ပုံမှန်မဟုတ်သည့် အမူအကျင့်များကို စောင့်ကြည့်စစ်ဆေးမည့် ပရိုဂရမ်များအား အဆိုပါစက်ရုပ်များတွင် ထည့်သွင်းမည်ဟုဆိုသည်။ အကျဉ်းထောင် အစောင့်များ၏ လုပ်အားကို လျော့ချရန်ဖြစ်ကြောင်း သုတေသီများကပြောကြား
ခဲ့သည်။  မှုခင်းနှင့်အကျဉ်းထောင် ပေါ်လစီများကို အထူးပြုလေ့လာသည့် သုတေသီများနှင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည့် Asian Forum for Corrections က စက်ရုပ်များကို ပြုလုပ်မည်ဟုဆိုသည်။ ယင်းစက်ရုပ်များသည် အမြင့် ၁ ဒသမ ၅ မီတာရှိပြီး ဘီးလေးဘီးဖြင့် ရွေ့ လျားမည်ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်သတ်သေမှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ အန္တရာယ်ရှိသော အပြုအမူများကို စုံစမ်းထောက်လှမ်းရန် စက်ရုပ်များတွင် ကင်မရာများ၊ အာရုံခံကိရိယာများ တပ်ဆင်မည်ဖြစ်သည်။  တစ်စုံတစ်ခု မှားယွင်းနေပါက စက်ရုပ်များသည် လူသားအကျဉ်း ထောင်အစောင့်များကို တပ်လှန့်မည်ဖြစ်ကြောင်း ကျောင်ဂီတက္ကသိုလ် ပါမောက္ခလီဘိုက်ချူက ပြောကြားခဲ့သည်။        

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်