Friday 23 December 2011

မျက်နှာနှစ်ဖက်ရှိတဲ့ကလေးငယ်ကို အိန္ဒိယတွင် မွေးဖွား

အိန္ဒိယ နိုင်ငံတွင် မျက်နှာ နှစ်ခုနှင့် ကလေးငယ်ကို
မွေးဖွားပြီးတစ်လအကြာမှာ ဆရာဝန်က ကလေးက မျက်နှာနှစ်ခု၊ပါးစပ်နှစ်ပေါက်နှင့် မျက်လုံးနှစ်စုံ သို့သော် နားရွက်ကတော့ နှစ်ခုပဲပါရှိပါတယ်။
အဲဒီကလေးငယ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရဲ့ အနောက်မြောက် ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ Uttar Pradesh  ဆိုတဲ့ရွာကလေးမှာ
မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့မိဘတွေကတော့ ကလေးက ဘုရားပေးတယ်လို့ပဲ သဘောထားပါတယ်တဲ့။ ကလေးငယ်မွေးဖွားပြီးနောက် ရွာသားတွေက သူတို့ရဲ့ နတ်ဘုရားဝင်စားတဲ့ ကလေးငယ်ဆိုပြီး ကြိုဆိုကြပြီးလက်ဆောင်များနှင့် အလှူငွေများကို ကလေးငယ်အတွက်ပေးအပ်
ကြပါတယ်။
ဆရာဝန်ကတော့ ကလေးငယ်ဟာ ကျန်းမာရေးကောင်းပြီး ပုံမှန်အသက်ရှင်ပြီးအသက်ရှူလမ်းကြောင်း
အခက်အခဲမရှိဘူးလို့ဆိုပါတယ်။အဲဒီကလေးငယ်ဟာမျက်လုံးလေးလုံးစလုံးကိုတစ်ပြိုင်နက်တည်းဖွင့်ပိတ်နိုင်
ပါတယ်လို့ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကဆိုပါတယ်

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်