Sunday 25 December 2011

ခေါင်းတစ်လုံး ၌ နှုတ်သီး နှစ်ခု၊ ပါးစပ်ပေါက် နှစ်ပေါက် ပါရှိသည့် ထူးခြားသော ၀က်ကလေး တစ်ကောင် မွေးဖွား

နေပြည်တော် ပျဉ်းမနား မြို့၊ ကျော်ညီ နောင်ရပ် ကွက်၊ ကေးလမ်းရှိ အိမ် တစ်အိမ်၌ မွေးမြူ ထားသည့် ၀က်မကြီးမှ ခေါင်းတစ်လုံး ၌ နှုတ်သီးနှစ်ခု၊ ပါးစပ်ပေါက် နှစ်ပေါက် ပါရှိသည့် ၀က်က လေး တစ်ကောင် ဧပြီ ၂၄ ရက် ညနေ ၆ နာရီ ခန့်တွင် မွေးဖွား ခဲ့သည်။
အဆိုပါ အိမ်၌ မွေးမြူ ထားသည့် ၀က်မကြီးမှ ၀က် ကလေး ကိုးကောင်မွေးရာ တွင် ခုနစ်ကောင် မြောက်၌ ဤသို့ထူး ခြားသည့် ၀က်ကလေး အား မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ခေါင်းတစ်လုံး ၌ နှုတ်သီး နှစ်ခု ပါရှိ သည့် ထူးခြားသော ၀က်ကလေး မှာ ၀က်မလေး ဖြစ်ပြီး နှုတ်သီး တစ်ခုတွင် ပါးစပ်ပေါက် တစ်ခုစီ ပါရှိ၍ နှာခေါင်း ပေါက်လေး ပေါက်၊ လျှာနှစ်ခု ပါရှိသည်။ ပါးစပ် ပေါက် နှစ်ခု စလုံးတွင် သွားများ ပါရှိ ၍ ပါးစပ် ပေါက် နှစ်ခုစလုံးမှ မိခင်ဝက်မ ကြီး၏ နို့နှစ်လုံး အား တစ်ပြိုင်နက် စို့နိုင် ကြောင်း ၀က်မကြီး၏ ပိုင်ရှင် ဖြစ်သူက ရှင်းပြသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်