Friday 2 December 2011

ကမ္ဘာ့အရှည်လျားဆုံး ခရစ္စမတ် ကိတ်မုန့် ရှန်ဟိုင်းတွင် ပြုလုပ်

ရှန်ဟိုင်း။          ။ ကြီးမားလှသည့် ခရစ္စမတ် ကိတ်မုန့်ကြီး တစ်ခုကို တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်နေပြီး စုစုပေါင်း အရှည်တစ်ကီလိုမီတာကျော် ရှည်လျားကာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်စာအုပ်တွင် မှတ်တမ်းတင် ခံရရေးအတွက် ကြိုးစားခဲ့ကြောင်း သိရသည်။ စုစုပေါင်း ၁၀၆၈ မီတာ
ရှည်သည့် အဆိုပါ ကိတ်မုန့်ကြီးကို လွန်ခဲ့သည့် ကြာသပတေးနေ့က
ဟိုတယ်တစ်ခုရှေ့တွင် ပြသခဲ့ပြီး ယင်းကိတ်မုန့်ကို ကင်ဆာရှိသူ ကလေးငယ်များအတွက်ရန်ပုံငွေ
ရှာဖွေပွဲတစ်ရပ်တွင် ပြုလုပ်ပြသ ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ စံချိန်ချိုးသည့် ကိတ်မုန့်ကြီးမှာ စုစုပေါင်းကြက်ဥ ၉၀၀၊ ဂျုံမှုန့် တစ်တန် နှင့် သကြား၂၀၀ ကီလိုဂရမ် တို့အပြင် ချော့ကလက် ၄၀၀ ကီလိုဂရမ်ကို အသုံးပြုပြီး ပြုလုပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ကိတ်မုန့်ကြီး၏ နောက်ဆုံး လက်စသတ် လုပ်ဆောင်မှုကို ဂင်းနစ် မှတ်တမ်းအဖွဲ့မှ ဒိုင်လူကြီးတစ်ဦးမှ
စောင့်ကြည့်ခဲ့ပြီး  ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်အဖြစ် အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။ ယခင်က အရှည်ဆုံး ကိတ်မုန့်ထက် ၅ ဆ ပိုမိုရှည်လျားသည့် ယခု ကိတ်မုန့်အား သေးငယ်သည့် အပိုင်းငယ်
များအဖြစ် ပြန်လည် ဖြတ်လှီးခဲ့ပြီး တစ်ပိုင်းလျင် အမေရိကန် ဒေါ်လာ ၃၀ ဆင့် ဖြင့်ရောင်းချခဲ့ကြောင်း
သိရသည်။ အဆိုပါ ရောင်းရငွေဖြင့် ကင်ဆာရောဂါ ကုသမှုခံယူနေသည့် ကလေးငယ်  ၄ ဦးအတွက်
ဆေးကုသစရိတ်ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်