Tuesday 13 December 2011

ပင်လယ် ရေအောက် သတ္တုသိုက် ၁၆ မျိုးကို တရုတ်နိုင်ငံ တွေ့ရှိ

တရုတ် နိုင်ငံရဲ့ သုသေသန ဆိုင်ရာ ရေယာဉ် Ocean No.1 ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က Shandong ပြည်နယ်ရှိ Qingdao မြို့သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေယာဉ်ဟာ ကမ္ဘာ့ အကြီးဆုံး အဏ္ဏ၀ါ စူးစမ်း လေ့လာရေးကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး အဆိုပါ လေ့လာမှု အတွင်း ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းပေါင်း ၃၂ ကျောင်းမှ သုတေသီ ၂၁၈ ဦးတို့ဟာ ၃၆၉ ရက်ကြာမြင့်တဲ့ စူးစမ်း လေ့လာရေး ခရီးကို တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ်မှာ စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး ဒါဟာ တရုတ် နိုင်ငံရဲ့ ၂၂ ကြိမ်မြောက် အဏ္ဏ၀ါ စူးစမ်း လေ့လာရေး ခရီးလည်း ဖြစ်ပါတယ်။ အဲ့ဒီ လေ့လာရေး ခရီးကို အိန်္ဒိယ၊ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာ တစ်လျှောက် ရေမိုင် ၆ သောင်း ကျော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို တွေ့ရှိ ခဲ့ပါတယ်။ သတ္တုသိုက် ၁၆ မျိုးအနက် ၅မျိုးဟာ အန္တလန္တိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပြီး  ၁၁ မျိုးကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ ၂၀၀၇ ခုနှစ် ကတည်းက သမုဒ္ဒရာ ၃ခုအတွင်း အဏ္ဏ၀ါ စူးစမ်း လေ့လာမှုကို ပြုလုပ်ခဲ့ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၃၃ မျိုးကို တွေ့ရှိပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်