Sunday 25 December 2011

၂၅ ဒေါ်လာတန် ကွန်ပြူတာ ထုတ်လုပ်နိုင်တော့မည်

Raspberry Pi  ဟုအမည်ရသည့် နေအိမ်သုံး ကွန်ပြူတာများမှာ တစ်ခုလျင် ဒေါ်လာ ၂၅ ဒေါ်လာသာ ကျသင့်မည်ဖြစ်ပြီး ယင်းကို ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် အနည်းငယ်သော အချိန်သာလိုတော့ကြောင်း သိရသည်။ ယခုလို ထုတ်လုပ်နိုင်ခြင်းဖြင့် နည်းပညာ လုပ်ငန်းအတွင်း မျိုးဆက် သစ်များအတွက် အခွင့်အလမ်းကောင်းများလည်း ပွင့်လန်းလာတော့မည် ဖြစ်သည်။


အဆိုပါ Pi  ကွန်ပြူတာမှာ Arm Chip ကိုအသုံးပြုထားပြီး ယင်းစနစ်မှာ မိုဘိုင်းဖုန်းများတွင် သုံးစွဲသည့် ပုံစံမျိုးဖြစ်ကာ linus အော်ပရေးရှင်းစနစ်ဖြင့်အသုံး ချနိုင်မည် ဖြစ်သည်။ ယခုကွန်ပြူတာအတွက် စမ်းသပ်အဆင့် ထုတ်လုပ်မှုများကို ပြုလုပ်နေပြီဖြစ်ပြီး  လာမည့် ဇန်နဝါရီလတွင် ထုနှင့် ထည်နှင့်
ဖြန့်ချိ သွားနိုင် ရန် ပြုလုပ်နေကြောင်း လည်း သိရသည်။ ယခုလို ကွန်ပြူတာ ထုတ်လုပ်ရန် အကြံအစည်ကို ဗွီဒိယို ဂိမ်းထုတ်လုပ်သူ David Braben  မှစဉ်းစားမိ ခဲ့ခြင်းဖြစ်ပြီး ငယ်ရွယ်သူ လူငယ်များအတွက် နည်းပညာနှင့်ဆိုင်သည့် နယ်ပယ်တွင် စောစီးစွာဖြင့် လုပ်ငန်းစနိုင်ရန် လမ်းဖွင့်ပေးသည့် လုပ်ဆောင်ချက်တစ်ရပ် လည်း ဖြစ်သည်ဟုသိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်