Tuesday 6 December 2011

အကြီးမားဆုံး အာကာသတွင်းနက်ကြီး နှစ်ခုကိုတွေ့ရှိ

အမေရိကန် ပြည်ထောင်စုမှ သိပ္ပံပညာရှင်များမှာ အလွန်ပင် ထုထည်ကြီးမားသည့် အာကာသ တွင်းနက် ကြီးနှစ်ခုကို တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း Nature journal သတင်းတွင် ရေးသားေ ဖ်ာပြလိုက်ပြီ ဖြစ်သည်။ အဆိုပါ တွင်းနက်ကြီးများ မှာ နေ စကြဝဠာ ရှိနေသည့် နဂါးငွေ့တန်း ဂလက်ဆီနှင့် နီးကပ်သည့်  ဂလက်ဆီ နှစ်ခု ၏ အလယ်ဗဟို တွင်ရှိနေပြီး လက်ရှိနေလုံးကြီးထက် အဆပေါင်း ၆.၃ ဘီလီယံ ပိုမိုကြီးမားကြောင်းလည်း သိရသည်။

ယင်းသို့ ကြီးမားလှသည့် တွင်းနက်ကြီးများ တည်ရှိနေနိုင်ကြောင်းကို မူလက သံသယ ရှိခဲ့ကြသော်လည်း ယခုမူ လေ့လာတွေ့ရှိ ခဲ့ပြီ ဖြစ် ကာ ကမ္ဘာပေါ်ရှိ မှန်ပြောင်းများမှ ရရှိသည့် သတင်းအချက်အလက်များနှင့် အာကာသတွင် ရှိနေသော မှန်ပြောင်းများမှ အချက် အလက် များကို ပေါင်းစပ်ပြီး ယခုလိုဖော်ထုတ်
လိုက်နိုင်ခြင်း ဖြစ်သည်။ လူသားတို့ နေထိုင်သည့် နဂါးငွေ့တန်း ဂလက်ဆီအပါ အဝင် ကြီးမားလှေ သာ ဂလက်ဆီများ၏ အလယ်ဗဟိုတွင် အဆိုပါတွင်းနက်ကြီးများ ရှိနေတတ်ပြီး
ယခုတွေ့ရှိရသည့် တွင်းနက်များမှာ ယင်းတို့ အထဲတွင် အကြီးဆုံးဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတွေ့ရှိမှုကို အနားရှိ ဂလက်ဆီ နှစ်ခုဖြစ်သော NGC 3842 နှင့်  NGC 4889 တို့ကို စောင့်ကြည့်ရာမှရရှိသည့် သတင်းအချက် အလက်များကို အခြေခံပြီး အဖြေထုတ် ထားခြင်းလည်း ဖြစ်သည်။ အဆိုပါ တွင်းနက်ကြီးများမှာ စကြဝဠာ အစပြုချိန်တွင် ဖြစ်တတ်သည့် ကြယ်အစုအဝေး အလယ်တွင် ဖြစ်စေသော အလင်းရောင် အရင်းအမြစ်များ ဖြစ်သည့် quasars များကို စွမ်းအားပေးနေသည့် အရာများ ပင် ဖြစ်သည်ဟု သိပ္ပံပညာရှင်များမှ ယုံကြည်ထားသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်