Friday 16 December 2011

Elizabeth Taylor ၏ လက်ဝတ်လက်စားများ ဒေါ်လာ ၁၁၆ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

သေဆုံးသွားခဲ့ပြီ ဖြစ်သည့် ဂန္တဝင်သရုပ်ဆောင် Elizabeth Taylor ပိုင်ဆိုင်ခဲ့သော လက်ဝတ်လက်စား များ ကို လေလံတင်ရောင်းချရာမှ တစ်ဆင့် ဒေါ်လာ ၁၁၆ သန်းအထိ စံချိန်တင်ရရှိခဲ့ကြောင်း Christie လေလံ အဖွဲ့မှ ပြောကြားခဲ့ကာ ၁၉၆၉ ခုနှစ်က သူမ၏ချစ်သူ Richard Burton မှ ဒေါ်လာ ၃၇၀၀၀ ဖြင့်ဝယ်ယူကာ လက်ဆောင်ပေးခဲ့သည့် လည်ဆွဲ မှာဒေါ်လာ ၁၁.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

အဆိုပါလည်ဆွဲမှာ La Peregrina ဟုအမည်ရသည့် ၁၆ရာစုနှစ် ပုလဲပါဝင်ပြီး ပန်းချီဆရာ Velazquez မှပန်းချီဆွဲခဲ့ရသည် အထိ ကျော် ကြားခဲ့သည့် လည်ဆွဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါလည်ဆွဲ၏ မူရင်းပိုင်ရှင်မှာ Mary Tudor ဆိုသူဖြစ်ပြီးယင်းကို Burton မှဝယ်ယူပြီး လက်ဆောင်ပေး ခဲ့ခြင်းပင် ဖြစ်သည်။ ယခုလေလံပွဲတွင် လေလံပွဲပြုလုပ်သူများ ခန့်မှန်းထားကြ သည့် ဈေးနှုန်းထက် နှစ်ဆ ခန့်ပိုမိုရရှိခဲ့ကာ သူမနှစ်သက်သော ၃၃.၁၉ ကာရက်ရှိ စိန်လက်စွပ်မှာ ဒေါ်လာ ၈.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်