Tuesday 13 December 2011

သစ်ပင်အိမ်ကလေးမှာနေတဲ့ အမျိုးသမီး

ဂျူဒီ အန်ဒါဆန်ဆိုတဲ့ အမျိုးသမီးနေတဲ့ အိမ်ကလေးကတော့ တစ်ကယ့်ကို သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အိမ်ကလေးပါ။ ဗာဂျီးနီးယား နံရံကပ်ပင် (Virginia Creeper)ကလေးတွေ သူ့မရဲ့ အိမ်နံရံတစ်လျှောက်လုံးကို တွယ်ပေါက်နေပြီးတော့
ပြုတင်းပေါက်တွေပါ နေရောင်ခြည် မ၀င်နိုင်လောက်အောင်ကို အတော်များပြားနေပါသတဲ့။ သူမကတော့ “တစ်ကယ့်ကို သစ်ပင်အိမ်ကလေးပါပဲလို့” ပြောသွားပါသေးတယ်။
“ကျွန်မ ပြုတင်းပေါက်ကိုလည်း ကြည့်ပါဦး သစ်ရွက်တွေနဲ့ပြည့်လို့ နေရောင်နည်းနည်းပဲ ၀င်တော့တယ်လို့” သူမကဆိုပါတယ်။ ဒါဟာ ပူပြင်းတဲ့ နွေရာသီမှာတော့ အရိပ်ရပြီး
အေးအေးလေးနေလို့ရပေမယ့် အလင်းရောင်လုံလောက်မှု့မရှိပါဘူးတဲ့။
အလင်းရောင်မလောက်တော့ နေ့ခင်းဖက်တွေမှာပါ အိမ်ထဲ မီးထွန်းထားရပါသတဲ့။ အန်ဒါဆန်ကတော့ တစ်နှစ်ကို နှစ်ခါလောက် ပြုတင်းပေါက်ကနေ ကိုယ်ကလေးထွက်ပြီး သစ်ရွက် သစ်မြစ်တွေကို နာရီအနည်းငယ်လောက် ရှင်းလင်းပါသတဲ့။ “ဒီလို အပင်ကလေးတွေရှိနေတာကိုပဲ ဂုဏ်ယူမိပါတယ်။ နွေရောက်ရင် အရမ်းလှတာပါပဲရှင်” လို့ ဂျူဒီ အင်ဒါဆင်က ပြောဆိုသွားပါသေးသတဲ့။
အင်း လှတော့ လှတယ်ပေါ့လေ.. တစ်အိမ်လုံး မှောင်မည်းနေမှာရယ်၊ မြွေတို့၊ ကင်းတို့သာ အဲ့ဒီကြားထဲ အသိုက်ဆောက်နေလို့ကတော့ မတွေးဝံစရာ။
@ AH

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်