ပြင်သစ် အမျိုးသား သုတေသန တက္ကသိုလ်မှ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ခု  အရ နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး  သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ်  မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ  သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင်  မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊  သွေးချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။ 
ယခုပြုလုပ်တဲ့  လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို  ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့် မှာ သွေးတွင်းသကြားဓာတ်  ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ  တွေဟာ သွေးတွင်း သကြားဓာတ်
မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊  မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို  စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့  (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို  လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက်  (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး  ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။ 
လေ့လာမှုမှာ  ပါဝင်သူတွေကို (၉)နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ပါဝင်သူ တွေအနက်(၅၆၅)ဦးဟာ  သွေးတွင်း သကြားဓာတ် မြင့်မားလျက်ရှိပြီး (၂၀၂)ဦးကေ တာ့ သွေးချို ၊  ဆီးချိုရောဂါ ဖြစ်ပွားနေတာကို
တွေ့ရပါသည်။ နောက်ထပ်တွေ့ရှိ မှုတွေအရ  ရေသောက်သုံးမှု နည်းပါးသူတွေဟာ ရေအစား အချိုရည်ေ သာက်သုံးမှု  များပြားတာကြောင့် ကိုယ်အလေးချိန်နဲ့ သကြားဓာတ် မြင့်တက်တာကို တွေ့ရပါသည်။  သုတေသီ တွေကတော့ အချိုရည် သောက်သုံးမှု ကို လျှော့ချပြီး သောက်ရေသန့် သောက်သုံးခြင်ဟာ
သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားမှု တားဆီးဖို့  နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ အကြံပေးထားေ ကြာင်း သိရှိရပါသည်။

No comments:
Post a Comment