Monday 30 January 2012

ကျား ဘဝ ကနေပြီး မိန်းကလေး ဘဝ ပြောင်းသွားတဲ့သူ

Josie Romeo ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းကလေးဖြစ်သွားခဲ့တာ။
မွေးစကတော့ ယောက်ျားလေး တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။ သူ့အသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့ သူ့မိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို
ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး အဝတ်အစားတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကိုပဲ
ဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ လိင်အင်္ဂါပြောင်းလဲမှုစတင်ခဲ့ပါတယ်။

အသက် ၄၂ ရှိပြီဖြစ်တဲ့ သူ့အမေ Venessia က "ဂျိုးဇက်ထံမှာ အရုပ်ကလေးတစ်ရုပ်ရှိပါတယ်။ အဲ့ဒီအရုပ်က ယောက်ျားလေးပုံအရုပ်လေးဖြစ်ပါတယ်။
ကျားဘဝတုန်းက မွေးစားညီမနဲ့

ဂျိုးဇက်ဟာထိုယောက်ျားလေးအရုပ်ကို မိန်းကလေးပုံစံမျိုးဖြစ်အောင်း အမြဲတမ်းပြုလုပ်ပါတယ်။ သူစကားပြောတတ်တဲ့အချိန် ကနေစပြီးတော့ သူဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို တဖွဖွ ပြောတော့တာဘဲ။ ကျွန်မတို့ကတော့ မင်းဟာမိန်းကလေးမဟုတ်ဘူး ယောက်ျားလေးဘဲဖြစ်တယ်လို့ အမြဲပြန်ပြောခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ တော့ သူက ကျွန်မဟာယောက်ျားလေးမဟုတ်ဘူး တကယ့်ကို မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဇွတ်ကိုပြောလာပါတော့တယ်။ သူ့ကို စပြီး အပြင်မှာကစားခိုင်းတော့ သူ့ကို ယောက်ျားလေးလို့ ပြောတဲ့သူမှန်သမျှကိုလည်း မဟုတ်ဘူး ကျွန်မက မိန်းကလေးဆိုပြီး ပြောသမျှကို တုန့်ပြန်ခဲ့တယ်။
စပြီးတော့ ခြောက်လာပြီ
 
ပြီးတော့ Venessia က ဂျိုစီ (ဂျိုးဇက်မှဂျိုစီ) အသက် လေးနှစ်ရောက်တဲ့ အချိန်မှာ ကျွန်မတို့ အသက်နှစ်နှစ်အရွယ် တရုတ်မလေးယောက်ကို မွေးစားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ဟာ ဂျပန် နိုင်ငံမှာဖြစ်ပါတယ်။ ပထမတော့ ကျွန်မတို့ က ဂျိုစီက သူညီမအသစ်ကို မနာလိုမှာစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုစီဟာ သူညီမလေး အသစ်တစ်ယောက်ရတာ အလွန်ပျော်ရွှင်ခဲ့တယ်။ သူတို့ဟာ အတူတူ ပျော်ရွှင်စွာကစားကြသလို အထူးသဖြင့် မိန်းကလေးပုံ အရုပ်များနှင့်ပိုပြီး ကစားတာတွေ့ရပါတယ်။ ပထမတော့ကျွန်မတို့မသိကြသေးဘူး နောက်ပိုင်းမှာတော့ ကျမသိခဲ့တာ ကျွန်မတို့မှာ အခြောက်လေး
တစ်ယောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူ့ကိုကြည့်ရတာ ယောက်ျားလေးနဲ့လဲတူတယ် မိန်းကလေးနဲ့လည်း
တူနေတယ်အဲ့ဒီအချိန်ကဂျိုစီက ၅ နှစ်အရွယ်ပေါ့။
နောက်တော့ကလေးအထူးကုနဲ့ ပြကြည့်တယ် နောက်ဆုံးတော့ သူက ကျွန်မကို transgender ဆိုတဲ့စကားလုံးကိုရှာကြည့်လို့ပြောလိုက်တယ်။ ကျွန်မ ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆိုဒ် တစ်ခုကို ရှာကြည့်တယ် မတွေ့ဘူး နောက်တော့ Transgender Youth Family Allies ဆိုတဲ့ ဆိုဒ်တစ်ခုကို သွားတွေ့တယ် အဲ့ဒီမှာကလေးတစ်ရာလောက်က ဂျီုစီလို ဖြစ်တာမျိုးကို သွားတွေ့ခဲ့တယ်။ ဒါနဲ့ပဲ ကျွန်မ မိန်းကလေးအဝတ်အစားတချို့ ဝယ်ပြီး သူ့အဝတ်ဘီရိုထဲကို နှစ်ခြမ်းခွဲပြီး ထည့်ပေးလိုက်တယ် တခြမ်းကတော့ ယောက်ျားလေးအဝတ်အစားတွေပေါ့။ မနက်ကတော့ သူမကိုရွေးပြီးဝတ်ခိုင်းတော့ မိန်းကလေးအဝတ်တွေကိုပဲ ယူဝတ်တော့တယ်။ အထူးကုဆရာဝန်ကတော့ သူဟာ လိင်ပြောင်းသွားပြီ လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂျိုစီကို ကျွန်မတို့မိန်းကလေးအဖြစ် စပြီးလက်ခံလိုက်ရတယ်။ ကျွန်မယောက်ျားကတော့ သားတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားမှုမျိုးခံစားခဲ့ရတယ်။ ခင်ပွန်းသည်ဖြစ်သူက ပထမတော့လုံးဝလက်မခံနိုင်ဘူး ကျွန်တော်သားတစ်ယောက်ဆုံးရှုံးလိုက်ရလို့ အရမ်းဝမ်းနည်းခဲ့တယ်
လို့ပြောခဲ့ပါတယ်။ ဂျိုးစီ ဟာ အသက် ၁၂ နှစ်အရွယ်ရောက်လာရင် အမျိုးသမီးဟော်မုန်းတွေထွက်လာမှာ
ဖြစ်တဲ့အတွက် လုံးလုံး မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သွားဖို့ အတွက် ခွဲစိတ်ကုသ ရဦးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ကုသရမယ်ဆိုတာကိုလဲ ဂျိုစီတစ်ယောက် နားလည်ပြီးသားဖြစ်ပါတယ်။ သူမရဲ့ကိစ္စနဲ့ပါတ်သက်ပြီး Boston ကလေးဆေးရုံက ဆရာဝန် Norman Spack လက်ထဲ လွှဲအပ်ထားပြီးဖြစ်ပါတယ်။
ဖေဖေ မေမေ နဲ့ ညီအစ်မ နှစ်ယောက်

ဂျိုစီကတော့ ကျွန်မမိန်းကလေး တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိသွားတဲ့ အတွက်
အရမ်းပျော်ပါတယ်လို့ ပြောပါတယ်။ အခုဆိုရင် ဂျိုစီဟာ မီးဖိုချောင်မှာ မုန့်ဖုတ်ခြင်း ဟင်းချက်ခြင်း အလုပ်များကို စတင်လုပ်နေပြီဖြစ်သလို ဆံပင်အရှည်ထားကာ နားကပ်လည်းပန်နေပြီဖြစ်ပါတယ်။ အခုဆိုရင်ဖြင့် သူတို့မိသားစုလေးဟာ Arizona ပြည်နယ်ကိုသွားပြီး  ဂျိုစီဟာ တရားဝင်
 မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို လက်ခံဖို့ သွားရဦးမှာဖြစ်ပါတယ်။ သူရဲ့ ပတ်စ်ပို့ နဲ့ မွေးစာရင်း လူမှုရေးနှင့်ဆိုင်တဲ့ နံပါတ် တွေကိုပြောင်းရတော့မှာပါတယ်။ 

3 comments:

  1. ဖြစ်မှဖြစ်ရလေနော်...လောကကြီးကလည်း ထူးဆန်းလိုက်တာ

    ReplyDelete
  2. ကဲယောင်္ကျားလေးတွေ သတိထားပေါ့:P

    ReplyDelete
  3. ထူးထူးဆန်းဆန်းဗျာ

    ReplyDelete

အပြင်းပြေ Drum တီးရအောင်