Thursday 19 January 2012

တရုတ်တိုင်းရင်းဆေးအတွက် မရှိမဖြစ် တီကောင်နဲ့ ပုရွက်ဆိတ်

လူမျိုးတိုင်းရဲ့ ယုံကြည်မှု့နဲ့ရိုးရာအစွဲတွေက တခါတလေမှာ အလွဲကြီးလွဲနေတာကို တွေ့ရတတ်ပါတယ်။တစ်ချို့လူမျိုးတွေမှာ  အယူသီးမှုနဲ့ကုသနည်းတွေလည်းရှိကြတယ်...ဥပမာ
ခွေးရူးကိုက်တာကို မန်းတာတို့၊ ရေယုံ ပေါက်တာကို မန်းတာတို့ စတဲ့ဟာတွေက ဟုတ်ရင်လည်းဟုတ်မယ်၊ တိုက်ဆိုင်တာလည်း
ဖြစ်ချင်ဖြစ်မယ်။ အခုခေတ်မှာတော့ လက်တွေ့ကျတဲ့ သိပ္ပံပညာနဲ့ယှဉ်ပြောမယ်ဆိုရင်တော့လက်ခံနိုင်စရာအကြောင်းလုံးဝမရှိဘူး။

တရုတ်တွေမှာ အဲ့ဒီလို အယူနဲ့ တလွဲတွေထဲက တစ်ခုကို ဝေငှချင်ပါတယ်။ နဂိုကတည်းက အစားသောက်နဲ့ ပတ်သက်ရင် နာမည်ကောင်းရပြီးသား ပြည်ကြီးတရုတ်တွေကတော့ ပုရွက်ဆိတ်နဲ့ တီကောင် စားရင် ကျန်မာရေးကောင်းတယ်ဆိုပြီး လုပ်ချလာပြန်တယ်။ မူလတန်းကျောင်းသားလေး Xiao Qiang ဆိုတာရှိတယ် သူကတော့ တရုတ်နိုင်ငံ Tianjin ဒေသကပေါ့။ ဘာကြောင့်မှန်းတော့မသိဘူး ထိုကလေးဟာ ပုရွက်ဆိတ်နဲ့ တီကောင်တွေကို ရှာစားတတ်တဲ့အကျင့်ရှိတယ်။ တီကောင်တွေ ပုရွက်ဆိတ်တွေကို ပလုပ်ပလောင်း စားနေတာ တစ်ခါမက တွေ့ရတော့ မိခင်ဖြစ်သူကတော့ သူ့သားလေး ရူးများ ရူးနေပြီလာလို့ ထင်မှတ်နေတယ်။ မိခင်ထင်သလို ဟုတ်ချင်လဲဟုတ်မယ် မဟုတ်ချင်လဲမဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ ဟာ တီကောင်နဲ့ ပုရွက်ဆိတ်ကို စားခဲ့ကြတာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းကဖြစ်ပါတယ်။ Xiao ဆိုတဲ့ ကလေးလိုပဲ ဆေးဖက်ဝင်တယ်ဆိုပြီး အားရပါးရ လွေး ခဲ့ကြတာပါ။ တီကောင်ကို စားခြင်းဖြင့် ဆီးအိမ်၊ အသဲ၊ အဆုတ် နဲ့ သရက်ရွက်တို့ကို
ကောင်းစေတယ်လို့ ယုံကြည်ထားကြတယ်။ အဆစ်အမြစ်တွေ ယောင်တာ အတွက်လည်း ကောင်းသလို ဆီးကျင်တာအတွက်လည်း ကောင်းတယ်လို့ ယုံကြတယ်။ ထိုကိစ္စတွေဟာ သိပ္ပံခေတ် မတိုးတက်သေးတဲ့
ခေတ်တုန်းက အပ်စိုက် ဆရာတွေ၊ ကွန်ဖူးဆရာတွေ ဖွခဲ့တာတွေပါ။ 
တီကောင်ကိုဖမ်း ခွဲပြီး အထဲက ကလီစာတွေထုတ် နေခြောက်လှန်းကာ လူစားလို့ရတဲ့အမှုန့်တွေနဲ့ ဆေးဖက်ဝင် သစ်ဥသစ်မြစ် တွေနဲ့ ရောကြိတ်လို့ ရလာတဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးပါ။
ပုရွက်ဆိတ်မြေပဲကြော်
နောက်တစ်ခုကတော့ ပုရွက်ဆိတ်၊ (ပုရွက်ဆိတ်စား လမ်းမမှား)ဆိုသလိုဘဲ ပုရွက်ဆိတ်ကို စားရင် ရောဂါဘယ ကင်းဝေးတယ် အသက်ရှည်တယ်လို့ ထင်မှတ်ထားကြသူတွေဖြစ်ပါတယ်။ တီကောင် မစားရဲတဲ့သူတွေ ကတော့ ပုရွက်ဆိတ်စားကြတယ်။ ပုရွက်ဆိတ်ကို သီးသန့် (သို့မဟုတ်) အခြားအစားအစာတွေနဲ့ ကြော်စားကြတာပေါ့။ ပိုကောင်းအောင် ထောပါတ်တို့ ချောကလက်တို့နဲ့ လည်းအမျိုးမျိုးလုပ်ပြီးရောစားလာကြတယ်။ ရည်ရွယ်ချက်ကတော့ ရောဂါကင်းပြီး အသက်ရှည်ဖို့
အတွက်ပဲဖြစ်ပါတယ်။
သကြားလုံးထဲလည်း တီကောင်ကို ထည့်စားတဲ့ မမလေးတစ်ယောက်
တရုတ်ရိုးရာ ဆေးအတွက် တီကောင်ဟာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ သိပ္ပံပညာအရ သုတေသန ပြုပြီးလေ့လာ နိုင်လာတဲ့ ခေတ်မှာတော့ တီကောင်စားခြင်းဟာ လူခန္ဓာကိုယ်အတွက် ဘာဆိုဘာမှ ဆေးဖက်မဝင်ဘူး ဆိုတာသိလာကြရပါတယ်။ တီကောင်အမျိုးမျိုးရှိပြီး သြစတေးလျ နိုင်ငံမှဆို အရှည် ၁၁ ပေလောက် ရှိတဲ့ တီကောင်မျိုးကွဲ တွေတောင်ရှိတယ်လို့သိရပါတယ်။ သာမာန်အားဖြင့်တော့ တီကောင်မျိုးအများစုဟာ လက်မအနည်းငယ်သာ ရှည်ကြပါတယ်။ အစိမ်းရောင် ရှိတဲ့တီကောင်မျိုး ရှိသလို အများစုကတော့ နီညိုရောင်သာဖြစ်ပါတယ်။ 

4 comments:

  1. ကို925ရေ
    သားသားတော့သေရင်သေပါစေ
    တီကောင်တော့မစားဘူး
    ဒီအတိုင်းကြည့်ရတာတောင်ရွံ့လို့

    ReplyDelete
  2. 925 ရေ
    မဂျက်တော့နက်ဖြန်ကစပြီးကဗျာမရေးတော့ဘူး
    (ပုရွက်ဆိတ်စား လမ်းမမှား)ဆိုလို့သူတို့ကိုပဲလိုက်ဖမ်းတော့မယ် ပြီးရင်ကြော်စားမယ် ထောပတ်လဲပေါတယ်လေ
    တီကောင်တော့ ငယ်ငယ်ကမကြောက်ဘူး အသက်ကြီးလာတော့ကြောက်တယ်

    ReplyDelete
  3. ဒါမျိုးစားကြလို့လား မသိဘူး တရုပ်မလေးတွေ လှကြတာနော်

    ReplyDelete
  4. အံ့အားသင့်စရာပါပဲ။ ဒေသအလိုက် ထူးခြားတဲ့ အစားအသောက်ပုံစံလေးတွေ ရှိတာတော့ တွေ့ဖူးပါတယ်။ တချို့နိုင်ငံတွေမှာ ပင့်ကူနက်လိုမျိုးတွေ၊ တွင်းအောင်းအင်းဆက်တွေ ကို သရေစာလိုပဲ လမ်းဘေးမှာ ကြော်လှော်ရောင်းချတာကို တွေ့ဖူးပါတယ်။ :)

    ReplyDelete

အပြင်းပြေ Drum တီးရအောင်