Sunday 1 January 2012

အမေရိကန်အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှအတည်ပြုခဲ့သည့် ဆီးချိုရောဂါကုသမှုအသစ်

အမေရိကန်ပြည်ထောင်စုရှိ အစားအစာနဲ့ဆေးဝါးကြီး ကြပ်ကွပ်ကဲရေးအဖွဲ့FDA ရဲ့ ပြောကြားချက်အရ၊ လူကြီးများမှာဖြစ်ပွားတဲ့ ဆီးချိုရောဂါ
အမျိုးအစား(၂)ရဲ့ သွေးအတွင်း သကြားဓာတ်ထိန်းချုပ်မှုဟာ အစားအစာ ချင့်ချိန်စားသုံးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း တွေနဲ့အတူ “ထရာဂျန်တာ” ဆေးပြားများကို တွဲဖက်သောက်သုံးမယ်ဆိုရင် တိုးတက်ကောင်းမွန်မှုရှိတာကို သိရပါတယ်။ အခုလို ဆီးချိုရောဂါအမျိုးအစား(၂)ခံစားနေရတဲ့ လူနာတွေမှာ ၎င်းတို့ခန္ဓာကိုယ်ထဲရှိ သကြားဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓာတ်ကို မထုတ်ပေးနိုင်ကြောင်း သိရပါတယ်။ အဲ့ဒီလို အင်ဆူလင်ဓာတ်မထုတ်ပေးနိုင်မှုကြောင့် သွေးထဲမှာ သကြားဓာတ်ပါဝင်မှုတွေဟာ
မြင့်တက်ပြီး နှလုံးရောဂါ၊ အမြင်အာရုံကွယ်မှုနဲ့ ကျောက်ကပ်ပျက်စီးမှု စတဲ့ ရောဂါအသစ်များကိုလည်း ထပ်တိုးလာစေနိုင်ပါတယ်။ ဒီလို ဆီးချိုရောဂါအမျိုးအစား(၂)ဟာ အများဆုံးမြင်တွေ့နေကျ
ရောဂါပုံစံမျိုးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ လူဦးရေ (၂၄)သန်းရဲ့ (၉၀)ရာခိုင်နှုန်းကနေ (၉၅)
ရာခိုင်နှုန်းကြားဟာ အဲ့ဒီ ဆီးချိုရောဂါကို ခံစားနေကြရပါတယ်။ ဆီးချိုရောဂါအမျိုးအစား(၂) ဝေဒနာရှင်များအတွက်
“ထရာဂျန်တာ”ဆေးပြားဟာ အင်ဆူလင်ဓာတ်ကို တွက်ဖို့လှုံ့ဆော်ပေးတဲ့ ဟော်မုန်းတွေကို တိုးပွားလာစေအောင် လုပ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်“ထရာဂျန်တာ” ဆေးပြားကို သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ နှာစေးလည်ချောင်းနာခြင်း၊ ကြွက်သား နာကျင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။ FDA ရဲ့ အခုအတည်ပြုထောက်ခံချက်အသစ်အရ ဆီးချိုရောဂါအုပ်စု(၂)ခံစားနေကြရတဲ့ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ကုသမှုပုံစံအသစ်
တစ်မျိုးရရှိသွားနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်