Monday 2 January 2012

Gay Bomb(ဂျော်တကီးဗုံး) နှင့် Bat Bomb(လင်းနို့ဗုံး) တို့၏ အစွမ်းထက်မြက်မှုများ

Gay Bomb (ဂျော်တကီးဗုံး)

ဒီဗုံးကတော့ သီအိုရီအရတော့ လူကို မသေစေနိုင်တဲ့ ဓါတုဗေဒ ဗုံးတစ်မျိုးဘဲဖြစ်ပါတယ်။ ဒါကိုတော့ အမေရိကန် လေတပ်က စူးစမ်း ရှာဖွေတွေ့ရှိပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ မှာ လူကိုသေစေနိုင်တဲ့ ဓါတုဗုံး မဟုတ်ဘူးလို့ တင်ပြခဲ့ပြီး နောက်ပိုင်းမှာ ထုပ်လုပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဗုံးရဲ့ ဓါတ်ငွေ့ကို ခံရတဲ့ သူဟာ အလွန်ပြင်းထန်တဲ့ လိင်ဆက်ဆံလိုတဲ့စိတ် ဖြစ်လာပြီး စစ်ပွဲကို အာရုံ ပြောက်ပြီး ရှေ့တန်းမှာ ရှိတဲ့ မိမိစစ်သားအချင်းချင်း လိင်ဆက်ဆံပြီး ပြဿနာတက် ရှုပ်ထွေးအောင် ပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။ လူကိုမသေစေနိုင်ပေမဲ့ တော်တော် ဆိုးတဲ့ဗုံးဘဲဖြစ်ပါတယ်။


 Bat Bomb (လင်းနို့ဗုံး)

 Bat ဗုံးကတော့ အလွန်သေးငယ်ပြီး လင်းနို့မှ သယ်ဆောင် တိုက်ခိုက်တဲ့ မီးလောင်ဗုံးတစ်မျိုးဘဲဖြစ်ပါတယ်။ အမေရိကန်ဟာ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ရဲ့ အဓိက မြို့တော်တွေကို တိုက်ခိုက်ဖို့ ဒီဗုံးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဗုံးထုပ်လုပ်နိုင်တဲ့ အကြောင်းအရင်းလေးချက်ကတော့ (၁) တက်ခ်ဆက် မှာရှိတဲ့ ဥမင်လှိုင်ဂူ လေးခုမှာ သန်းပေါင်းများစွာ ပေါက်ဖွားတည်ရှိနေခြင်း၊ (၂) လင်းနို့ဟာ သူ့အတောင်ပေါ်မှာ သူ့တို့ရဲ့ ခန္ဓာကိုယ်ထက်
လေးတဲ့အရာဝတ္တုကိုတင်ပြီး ပျံသန်းနိုင်ခြင်း (လင်းနို့အမများဟာ မိမိရဲ့သားငယ်ပေါက်များကို အတောင်မှာတင်ပြီး ပျံသန်းနိုင်ခြင်း)၊ (၃) ဆောင်းခိုတတ်ခြင်း နှင့် (၄)ညဖက်မှာပျံသန်းအစာရှာ ပြီး နေခင်းဖက်မှာ မီလောင်လွယ်တဲ့နေရာတွေမှာ နားခိုတတ်ခြင်း စသည့် အကြောင်းအရင်း ၄ ချက်ကြောင့်ဖြစ်ပါတယ်။
Bat Bomb ထုတ်လုပ်ပြီး ဗုံးတွေ အတောင်မှာ တပ်ဆင်ထားတဲ့ လင်းနို့တွေကို ညဖက်မှာလွတ်ပြီး ဂျပန်နိုင်ငံက စက်မှု့ဇုန်တွေ ကို တိုက်ခိုက်ဖို့ဘဲဖြစ်ပါတယ်။ ညဖက်မှာလွတ်လိုက်ရင် လင်းနို့တွေဟာ ပျံသန်း ပြန့်နှံသွားပြီး အာရုံတက်အချိန်မှာ စက်ရုံနဲ့ အဆောက် အုံတွေမှာ နားခို ပုန်းအောင်းမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ လင်းနို့ အတောင်မှာတပ်ဆင်ပေးလိုက်တဲ့ ချိန်ကိုက်ဗုံးတွေ နေရာ အနှံ့မှာ ထပေါက်ကွဲကာ မီးလောင်ပြီး ဝရုန်းသုန်းကားဖြစ်မှာဖြစ်ပါတယ်။ ဒီဗုံးကို သွားဆရာဝန် Lytle S. Adams က ၁၉၄၂ ဇန်နဝါရီလ မှာ သမ္မတအိမ်ဖြူတော်ကို တင်ပြခဲ့တာဖြစ်ပြီး သမ္မတ Roosevelt Adams ကထောက်ခံပြီး လင်းနို့များကိုစုဆောင်းထုတ်လုပ် ဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်