Thursday 19 January 2012

အာဖကန်မှာ ကျဆုံးသွားတဲ့အင်္ဂလန်စစ်သား ၂၂၃ ယောက်ရဲ့နာမည်ကို ကိုယ်ခန္ဓာမှာ တက်တူးထိုးပြီး ဂုဏ်ပြုသူ

ဗြိတိန်နိုင်ငံက Shaun Clark ဆိုတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို အာဖကန်နစ္စတန်မှာ တိုက်ပွဲကျသွားတဲ့ ဗြိတိန်စစ်သား မှန်သမျှ ရဲ့နာမည်ကို သူ့ခန္ဓာကိုယ်မှာ ရေးထိုးပြီး မှတ်တမ်းတင်ဂုဏ်ပြုဖို့အတွက် ခန္ဓာကိုယ်ကို အလှူပြုကာ ကတိပေးခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အသက် ၄၃ နှစ်ရှိသူ Mr.Clark ဟာ အချိန် လေးနာရီကျော်ကြာ ထိုင်ပြီး အာဖကန် မှာ ကျဆုံးသွားတဲ့ ရဲဘော်များရဲ့ နာမည်ကို သူ့ဧ၊် ရင်ပတ်နဲ့ နောက်ကျောတို့မှာ နာမည်ရေးထိုးခဲ့ပါတယ်။ Clark က ဒီလောက်နာတာလောက်ကတော့ပါးပါးလေးပါ။
ရှေ့တန်းက စစ်သားတွေ နဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး စစ်သားတွေ အာဖကန်မှာဘာသွားလုပ်နေလဲဆိုတာ အားလုံးဂရုစိုက်အလေးထားသင့်တယ်လို့ပြောပါတယ်။

တိုက်ပွဲကပြန်လာလို့ ဒါဏ်ရာရခဲ့တဲ့ စစ်သားတွေကိုလဲ သူတတ်နိုင်သလောက် ချီးမြှင့်မှုပြုသူ
တစ်ယောက်ဖြစ်ပါတယ်။ အခုဆို ကျွန်တော့်မိသားစုက ကျွန်တော့်ကို စရူးနေပြီးလို့
ပြောပါတယ်။
ကျွန်တော့မိန်းမဆို တချိန်လုံး ပူညံပူညံလုပ်နေတယ်လို့ Clark ကပြောပြပါတယ်။ ကလေးနှစ်ယောက်အဖေ Doncaster မှာနေထိုင်သူ Clark ဟာ အခုဆိုရင် သူရဲကောင်းတွေကို
စတာလင်ပေါင် ၅ဝဝ လှူဖို့
အတွက်စိန်ခေါ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် သူရဲကောင်းတွေကို ဂုဏ်ပြုချင်တယ် ဒီအတွက် အကူအညီပေးပြီး လှူဒါန်းမဲ့သူများလိုအပ်ပါတယ်။ ကျွန်တော် စစ်သားဘဝက သူငယ်ချင်းတွေ အများကြီး အာဖကန်မှာ ရှိနေကြသေးပါတယ်။ ဒီပိုက်ဆံလေးနဲ့ တော့သူတို့ဘာမှလုပ်မရတာအမှန်ပါ ဒါအသိအမှတ်ပြုတာဖြစ်ပါတယ် လို့ Clark ဆိုပါတယ်။ စုတ်ထိုးပေးသူ Kevin Kent လဲ အခမဲ့အလှူပြုပြီး
ထိုးပေးခဲ့တာဖြစ်ပါတယ်။ စုတ်မထိုးခင် နှစ်မိနစ် အလေးပြု ငြိမ်သက်မှု နေပြီးမှ စတင်ပြီး စုတ်ထိုးတာ
ဖြစ်ပါတယ်။ Clark ဟာ ၁၉၉၇ခုနှစ် ထိ စစ်တပ်မှ မထွက်ခင် Denmark ၊ Gibraltar နှင့် Norway
နိုင်ငံများမှာတာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Clark က ကျွန်တော်ကို ယခုလက်ရှိ
အာဖကန်နစ္စတန် မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်သားများနဲ့ မိတ်ဆွေဟောင်းများထံမှလဲ
ထောက်ခံအားပေးမှုပြုတဲ့ မက်ဆေ့ (message) တွေတော်တော်များများလက်ခံရရှိပါတယ်လို့ပြောပြပါတယ်။
HelpforHeroes(သူရဲကောင်းများအားကူညီဖို့)အလှူဒါနဟာ ရှေ့တန်းမှာဒါဏ်ရာရတဲ့သူများကို ပေးလှူဖို့
ဖြစ်ပါတယ်။

1 comment:

  1. တစ်ကယ်ကိုလေးစားထိုက်ပါတယ်ဗျာ

    ReplyDelete

အပြင်းပြေ Drum တီးရအောင်