Tuesday 10 January 2012

တစ်ရက်ကို ဆေးလိပ် တစ်ဗူးသောက်တတ်အောင် သင်ပေးတဲ့ Mr. တရုတ်ကြီး

တရုတ်တွေဟာ တိရိစ္ဆာန်တွေကို မြောက်ထိုးပင့်ကော်လုပ်၊ မဟုတ်တာတွေလုပ်နည်း အမျိုးမျိုး သင်ပေးပြီး ဒုက္ခပေး
ပေးတတ်ကြတာ တခြားသူတွေထက်ပိုပြီး ဝါသနာထုံပါတယ်။
ဒါကြောင့်လဲ မဟုတ်တရုတ်ဆို တဲ့စကားတွင်လာတာလို့ထင်တယ်။
ဥပမာ-ကြက်ဥအတုလုပ်တာမျိုးပေါ့၊
အခု တရုတ်ပြည်က လူတစ်ယောက်က ခွေးကို ဆေးလိပ်သောက်တတ်အောင် သင်ပေးခဲ့တဲ့အကြောင်းပါ။
ခွေးတစ်ကောင်ကို ပိုင်ရှင်ဆိုးတစ်ယောက်က ဆေးလိပ်သောက်တတ်အောင်သင်ပေးခဲ့ပါတယ်။ ထိုလူကတော့  တရုတ်နိုင်ငံကဖြစ်ပြီး အရင်ကလည်း တိရိစ္ဆာန်တွေကို ဒုက္ခပေး ၊ မဟုတ်တဲ့
အတတ်တွေသင်ပေးတာကြောင့်လဲ တိရိစ္ဆာန် ညှင်းပမ်းမှုနဲ့ စွပ်စွဲခံရအပြီးမှာ အခုလို ခွေးကို
ဆေးလိပ်သောက်သင်ပေးတာ ထပ်ပြီး လုပ်ခဲ့ပါတယ်။ ထိုခွေးကို ဆေးလိပ်သောက်သင်ပေးတဲ့ ရလာဒ်ကတော့ ခွေးအခုဆို တစ်ရက်ကို စီးကရက်တစ်ဗူး သောက်တယ်ဆိုတာဘဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်၊ စားဖိုမှုး တစ်ယောက်ဖြစ်တဲ့ Zeng Ziguang က သူ့အနေနဲ့ ဒီလိုမျိုး ခွေးကို အတတ်ကကောင်း သင်ပေးတာ အပျော်သဘောအနေနဲ့ လွန်ခဲ့တဲ့ ၆ လလောက်က ဝယ်ထားတဲ့ 
ခွေးအမဲရောင်လေးကို သင်ပေးတာဖြစ်ပါတယ်။
Zeng Ziguang က ပထမကတော့ ထိုခွေးဟာ ဆေးလိပ်အနံ့ကို တော်တော် မုန်းတယ်။ ကျွန်တော်ကြိုးစားပြီးတော့ တော်တော်သင်ရတယ်။ ဆေးလိပ် သောက်တတ်လာအောင် 

သောက်ချင်လာအောင် ဆေးလိပ်မီးခိုးနဲ့ သူ့မျက်နှာကို မှုတ်ပေးတယ် လို့ပြောပါတယ်။ Zeng ဟာ တရုတ်နိုင်ငံရဲ့ အချက်အခြာကျတဲ့ Hubei ဒေသ Wuchang အရပ်မှာ နေထိုင်သူဖြစ်ပါတယ်။ ကျွန်တော် ခွေးလေးကို အစာကျွေးလိုက် ချော့ပြီး ပါးစပ်ထဲကို စီးကရက်လေးထည့်ပေးလိုက် နဲ့ ပြုလုပ်ရင်း ပြုလုပ်ရင်း နဲ့ နောက်ပိုင်းမှာတော့ ခွေးမဲလေးဟာ ဆေးလိပ်သောက်တတ်လာပါတယ်။
အခုဆို သူသောက်တာ တစ်ရက် ကို ဆေးလိပ်တစ်ဗူး ကုန်တယ်ဗျ လို့ တိရိစ္ဆာန်ကို အတတ်ကောင်း
သင်ပေးတဲ့ Zeng Ziguang ဆိုတဲ့ ဆရာသမား ကရှင်းပြပါတယ်။
တစ်ချို့သောလူတွေကတော့ ထိုကဲ့သို့ ခွေးတစ်ကောင် ဆေးလိပ်သောက်တာကို ရယ်စရာလို့ မထင်မှတ်ဘဲ တိရိစ္ဆာန်ကို မူးယစ်ဆေးစွဲအောင်ပြုလုပ်သူလို့ စွတ်စွဲပြောဆိုကြသလို တိရိစ္ဆာန်ကို ညှင်းပမ်းနှိပ်ဆက်တဲ့ ပိုင်ရှင်ဆိုတစ်ယောက်ဖြစ်တယ်လို လည်းပြောဆိုကြပါတယ်။

1 comment:

  1. ဟုတ်ပ! မဟုတ်တရုတ်တွေ..

    ReplyDelete

အပြင်းပြေ Drum တီးရအောင်