Saturday 14 January 2012

ကမ္ဘာ့အပါးလွှာဆုံးလက်ကိုင်ဖုန်း Ascend P1S

တရုတ်နိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် Huawei ကုမ္ပဏီမှာ ၎င်းတို့၏ ဈေးကွက်ကို အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ချဲ့ထွင်လိုသည့် အနေဖြင့် ကမ္ဘာ့အပါးလွှာဆုံး လက်ကိုင်ဖုန်း တစ် မျိုးကို လွန်ခဲ့သည့် တနင်္လာနေ့က ထုတ်ဖော်ပြသလိုက်ပြီဖြစ်ကာ စားသုံးသူများအား ဆွဲဆောင်နိုင် ရန် ဖန်တီးလိုက်ပြီဖြစ်သည်။

ထုထည် ၀.၂၆ လက်မ ( ၆.၆၈မီလီ) ရှိသည့် အဆိုပါ လက်ကိုင်ဖုန်းကို Ascend P1S ဟုအမည်ပေးထားပြီး ခဲတံတစ်ချောင်းထက်ပင် ပါးလွှာကြောင်း သိရသည်။ Apple ကုမ္ပဏီမှ ထုတ်လုပ်လိုက် သည် နောက်ဆုံး ထုတ် iPhone 4s မှာဝ.၃၇ လက်မထူသဖြင့် ယခု Aseend P1S ထက်စာပါက ပိုမိုထူထဲကြောင်း သိရသည်။

Hauwei Device မှဥက္ကဋ္ဌဖြစ်သူ Richard Yu မှပြောရာ၌ အဆိုပါ Ascend P1S ဖုန်းမှာ အပါးလွှာဆုံး ထုတ်လုပ်ထားမှု နှင့်အတူ အမြင့်မားဆုံး စွမ်းဆောင်ရည်ကိုလည်း ပေးစွမ်းနိုင်ကြောင်း ၊ ယခုဖုန်းမှာ အလွန်ပင် လွယ်ကူအဆင်ပြေပြီး သုံးစွဲသူ၏ လက်ထဲတွင်လည်း သက်သောင့်သက်သာ ရှိလှကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ယခုဖုန်းကို Google ၏ Android ဆော့ဖ်ဝဲကိုသုံးထားပြီး ဥရောပနိုင်ငံများ တွင် လာမည့် မတ်လ ၌ စတင်ရောင်းချမည်ဖြစ် ကာ နောက် တစ်လတွင်တစ်ကမ္ဘာလုံး သို့ဖြန့်ချိသွားမည်ဖြစ်ကြောင်း လည်းသိရသည်။ ယခုလက်ကိုင်ဖုန်းမှာ မျက်နှာပြင်အကျယ် ၄.၃ လက်မ ရှိပြီး ရှေ့နောက် ကင်မရာများပါဝင်ကာ ဒေါ်လာ ၄၀၀ ဝန်းကျင်ခန့်ဖြင့် ရောင်းချသွားဖွယ်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်