Wednesday 4 January 2012

ရိုးတွင်းချဉ်ဆီ အစားထိုးကုသနည်းဖြင့် AIDS ရောဂါကို ပထမဆုံးအကြိမ်အဖြစ် ပျောက်ကင်းအောင် ကုသပေးနိုင်ခြင်း

အမေရိကန်နိုင်ငံသား အိတ်အိုင်ဗွီဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ AIDS ဝေဒနာရှင်တစ်ဦးဟာ အဲ့ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ အလှူရှင်တစ်ဦးရဲ့ရိုးတွင်းချဉ်ဆီကို အစားထိုးကုသမှုပြုလုပ်ခဲ့ပြီးအေအိုင်ဒီအက်စ်ရောဂါ ပျောက်ကင်းသွားခဲ့တယ်လို့ သိရပါတယ်။
  HIV ပိုးကူးစက် ခံထားရတဲ့ အသက်(၄၅)နှစ်အရွယ် အမေရိကန်လူမျိုး “တင်မိုသီရေး ဘရောင်း” ဟာ သွေးကင်ဆာ ရောဂါပါ ခံစားနေရတာကြောင့် ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုခံယူဖို့
သင့်တော်တဲ့ လူနာတစ်ဦး ဖြစ်ကြောင်း သူ့အတွက် ရိုးတွင်းချဉ်ဆီလှူဒါန်းပေးတဲ့ အလှူရှင်ကလည်း AIDS ရောဂါကို မွေးရာပါခံနိုင်ရည်ရှိသူဖြစ်ကြောင်း ၀ါရှင်တန်ဆေးတက္ကသိုလ်မှ AIDS ရောဂါဆိုင်ရာ စိစစ်လေ့လာသူဒေါက်တာ “ကလစ်ဖော့်ဒ်” က ပြောကြားခဲ့ ပါတယ်။
ဒေါက်တာ “ကလစ်ဖော့ဒ်” ရဲ့ အဆိုအရ အသားဖြူ (အသဖြူ)လူမျိုးတွေရဲ့ (၁)ရာခိုင်နှုန်း ဟာ HIV ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိပြီး အခုရိုးတွင်းချဉ်ဆီ အလှူရှင်ကလည်း ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည် ရှိသူများထဲကနေ ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို HIV ဗိုင်းရပ်စ်ပိုးကို ခံနိုင်ရည်ရှိသူရဲ့ ရိုးတွင်းချဉ်ဆီ အစားထိုးကုသခြင်းဖြင့် အခြားသော AIDS ဝေဒနာရှင်များ ကို ရောဂါပျောက်ကင်းစေနိုင်ခြင်းရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဒေါက်တာ“ကလစ်ဖော့ဒ်”
က ပြောကြားရာမှာတော့ ဒီလိုကုသမှုဟာ စရိတ်စကကြီးလွန်းခြင်း၊ ကိုယ်ခံအားစနစ်ပျက်ယွင်းမှုကြောင့်
အခြားကုထုံးများနဲ့ အဆင်ပြေသက်သာနေသူများကို အသက်ဆုံးရှုံးစေနိုင်ခြင်းတို့ကြောင့်
ရောဂါသည်တိုင်းကို အခုလို ကုသမှုမပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 ဒီလို ရိုးတွင်းချဉ်ဆီအစားထိုး ကုသခြင်းဖြင့် AIDS ရောဂါပျောက်ကင်းသွားခဲ့တဲ့ “တင်မိုသီရေး ဘရောင်း”
ကို “ဘာလင် ပေးရှင်”လို့ လူသိများပြီး ဒါဟာ AIDS ရောဂါ ကူးစက်ဖြစ်ပွားမှုကို အဆုံးသတ်ဖို့ ကြိုးစားနေကြတဲ့ သိပ္ပံပညာရှင်များအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာမှာAIDS ရောဂါကိုဖြစ်စေနိုင်တဲ့ HIV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ်နေတာ နှစ်ပေါင်း (၃၀)ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ HIV ပိုးကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူသန်းပေါင်း
(၃၀)ခန့် သေဆုံးခဲ့ပြီး၊ တစ်နေ့ကို လူ(ခုနှစ်ထောင်)ခန့် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်