Saturday 7 January 2012

ဗီယက်နမ် လူမျိုးတစ်ဦး ကီလို ၉၀ အလေးချိန်ရှိ အသားပိုကိုဖယ်ရှား

လွန်ခဲ့သည့် သောကြာနေ့က ဗီယက်နမ်နိုင်ငံရှိ လူတစ်ဦးမှာ ၎င်း၏ ညာဘက်ခြေေ ထာက်တွင်ရှိသည့် ခန္ဓာကိုယ် အလေးချိန်ထက်ပင် ပိုမိုလေးပင်သော အသားပိုကြီးကို ဖယ်ရှားလိုက်ပြီဖြစ်ကာ ၎င်း၏ အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်းလည်း ဆေးရုံ တာဝန်ရှိသူမျာမှ ပြောကြားလိုက်သည်။

Nguyen Duy Hai ဆိုသူမှာ ၎င်း၏ ခန္ဓာကိုယ်တွင် ပေါင်ချိန် ၁၉၈ ပေါင်လေးသော အသားပိုကြီး
ဖြစ်ထွန်းနေသဖြင့် ဟိုချီမင်းမြို့ရှိ France-Vietnam (FV)  ဆေးရုံတွင် ဆရာဝန်များပါဝင်သည့် အဖွဲ့တစ်ခုမှ ၁၂နာရီကြာ ခွဲစိတ်မှုကိုပြုလုပ်ပြီး ခွဲစိတ်ပေးခဲ့ခြင်း လည်း ဖြစ်ကြောင်းသိရသည်။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့်  Hai မှာ ယခုလို မျိုးရိုးဗီဇချို့ယွင်းသည့် ရောဂါကို ရှားရှားပါးပါး ခံစားနေရခြင်းဖြစ်ပြီး ၎င်း၏အ သက် ၄ နှစ်သား အရွယ်ကပင် အဆိုပါအသားပိုဖြင့်နေထိုင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ထို့အပြင် ယခုအသားပိုကြောင့် ၎င်း၏ခြေထောက် တစ်ဖက်မှာ အသက်၁၇ နှစ်အရွယ်တွင်  ဖြတ်ပစ်ခဲ့ရကာ ဆက်လက် ကြီးထွားလာ ခဲ့ပြီးနောက် သွားလာရန် ခက်ခဲရုံမျှမက အိပ်စက်ရန်ပင် လွယ်ကူခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ ယခုလို ခွဲစိတ်မှုကို အမေရိကန်ရှိ ခွဲစိတ်ဆရာဝန် တစ်ဦး ဖြစ်သူ McKay McKinnon ဆိုသူမှ ဦးဆောင်ခွဲစိတ်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ခွဲစိတ်ခ ကို မယူဘဲ အခမဲ့ခွဲစိတ်ပေး ခဲ့ခြင်း
ဖြစ်သည်။ McKay McKinnon မှာ ယခင်ကလည်း ပေါင် ၈၀ ခန့်ရှိသည့် အသားပိုကို ဖြတ်တောက် ကုသ
ပေးခဲ့သူ လည်း ဖြစ်သည်။ အလားတူပင် ဆေးရုံရှိ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ကုန်ကျစရိတ် များ ဖြစ်သည့် ဒေါ်လာ ၁၂၀၀ အတွက်လည်း လှုဒါန်းသူများ၏ အကူအညီဖြင့် ပြန်လည်ပေးဆပ် မည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်