Thursday 12 January 2012

ကမ္ဘာ့ ပထမဆုံး ဇီဝနည်းပညာနဲ့ ပြုလုပ်ထားတဲ့ လက်ချောင်းအတု

စက်ရုပ်နည်းပညာ ကဲ့သို့ပြုလုပ်ထားတဲ့လက်အတုဟာဆိုရင် ပေါ့ပါးတဲ့ ပလပ်စတစ်နှင့်ပြုလုပ်ထားကာ သေးငယ်သော မော်တာများ တပ်ဆင်ထားသဖြင့် လက်ချောင်းများအကွေး အဆန့်ပြုလုပ်နိုင်ခြင်း အရာဝတ္တုပစ္စည်းများကို ဆုပ်ကိုင်နိုင်ကာ ကောက်ယူလို့လည်း ရပါတယ်။ ဗြိတိန်မှ သုတေသီများက ProDigits လက်အတုကို တီထွင်ခဲ့တာဖြစ်ပြီး လက်ချောင်းဆုံးရှုံးသူများ အတွက် ဝိုင် ခွက်ကို
ဆုပ်ကိုင်နိုင်ခြင်း ချော့ကလက်များကို ဘူးအတွင်းမှ နှိုက်ယူနိုင်သလို ပိုက်ဆံထုတ်စက်များမှ Pin နံပါတ်များ
ကိုလည်း ရိုက်ထည့်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ချောင်းများမရှိတဲ့သူ အယောက်ပေါင်း
၁.၂ သန်းခန့်ရှိပြီး ၅ သောင်းလောက်ကတော့ ဥရောပမှဖြစ်ပါတယ်။ ထိုလူများဟာ လက်ချောင်း တစ်ချောင်းမရှိတဲ့သူရှိသလို တစ်ချောင်းထက်ပိုပြီး မရှိတဲ့ သူတွေလဲရှိပါတယ်။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် မရှိခဲ့တာဖြစ်ပြီး မွေးရာပါ မရှိတဲ့သူများလဲ ရှိပါတယ်။ ထိုလက်အတုကို သဘာဝ လက်စစ်နှင့် တူအောင် အပေါ်မှာ ပြန်လည် ဖုံးအုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀၀၀ နီးပါးရှိတဲ့အတွက် ဈေးနှုန်းက မခေပါဘူး။ ဒါပေမယ့် လက် အသစ်အတွက် အဲဒီငွေပမာဏကို
ပေးသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

1 comment:

အပြင်းပြေ Drum တီးရအောင်