Monday 2 January 2012

ဗြိတိသျှ သိပ္ပံ ပညာရှင်များ အသံလုံဝတ်ရုံ တီထွင်ရန် ကြိုးစား

ဗြိတိန်နိုင်ငံ လန်ဒန်တော်ဝင်ကောလိပ်မှ ပါမောက္ခ ဂျွန်ပင်ထရီသည် အသံလှိုင်းများကို ဘေးသို့ဖယ်ထုတ်နိုင်သော
အသံလုံဝတ်ရုံတစ်ခု၏ Blueprint ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ယင်းနည်းပညာကိုသုံး၍ အသံလုံနေအိမ်များ၊အဆင့်မြင့်ကပွဲခန်းမများ
အပြင် အသံလုံစစ်ရေယာဉ်များတည်ဆောက်
သွားနိုင်မည်ဖြစ်သည်ဟုဆိုသည်။
ယခင်ကလည်း မိုက်ခရိုဝေ့စ်များကို အသုံးပြု၍ အမြင်နိုင်သော ၀တ်ရုံများကိုသိပ္ပံပညာရှင်များတီထွင်ပြသနိုင်ခဲ့ကြသည်။
သိပ္ပံပညာရှင်များ ပေါင်းစပ်ဖန်တီးထားသောတို့ကိုသုံး၍ အဆိုပါ အသံလုံဝတ်ရုံကို
တည်ဆောက်ခြင်းဖြစ်သည်။ စမ်းချောင်းတစ်ခု အတွင်းတွင် ရှိသောကျောက်တုံးတစ်ခုကို
ပတ်၍ ရေစီးဆင်းသွားသည့် နမူနာကဲ့သို့ တီထွင်ထားသောဝတ်ရုံသည်လည်းအသံလှိုင်း
များကို အရာဝတ္ထုများမှ ကွေ့ဝိုက်၍ သွားစေမည်ဖြစ်သည်။ ၎င်း ၀တ်ရုံတွင် အလွန် သေးငယ်သော ပြွန်ငယ်
ကလေးများ အထပ်ပေါင်း ၂၀၀ ခန့်ပါဝင်သည်။ ဤနည်းပညာကိုသုံး၍ရေငုပ်သဘောင်္များကိုရေအောက် sonar wave အသံလှိုင်းဖမ်းကိရိယာဖြင့်ထောက်လှမ်း၍မရနိုင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်
ဟုဆိုသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်