Tuesday 24 January 2012

ကပ္ပလီ လင်မယားကနေပြီး မွေးဖွားလာတဲ့ ရွှေရောင်ဆံပင် မျက်လုံးပြာပြာနဲ့ ကလေးလေး

ဘယ်တုန်းကမှ မမျှော်လင့်တဲ့ရာတွေ ဟာဖြစ်လာခဲ့ပြီမို့ Angela Ihegboro လို့ခေါ်တဲ့ မိခင်တစ်ယောက် အတွက်တော့ တော်တော် အချိန်တွေ အကုန်ခံပြီး စဉ်းစားနေပေမဲ့ အဖြေကိုတော့ မရှိခဲ့ပါဘူး။ အကယ်၍သာကျွန်တော်တို့ဆီက အခြေခံလူတန်းတွေထဲကသာ ဒါမျိုး ကိစ္စဖြစ်ခဲ့မယ်ဆိုရင် ကြားကားဆွဲ သွားတယ်။ လူဝင်စားတယ် လို့ပြောကြမှာ မလွဲပါဘဲ။ တိုးတက်တဲ့နိုင်ငံတွေအနေနဲ့ တော့ ဒီလို ကိစ္စမျိုးက မျိုးရိုးဗီဇ စစ်လိုက်တာနဲ့ သိနိုင်ပါတယ်။ အခုပြသနာကတော့ လူမဲ မိဘ
နှစ်ပါးကနေပြီးလူဖြူကလေးမလေးမွေးခဲ့တာဘဲ ဖြစ်ပါတယ်။
Angela အနေနဲ့တော့ လင်ယောက်ျားပေါ်သစ္စာဖောက်တဲ့ လူမသိသူမသိ ကိစ္စမျိုးလည်း မလုပ်ခဲ့ပါဘူး။ ပထမ သားနဲ့သမီး နှစ်ယောက်မွေးပြီး တဲ့အချိန်မှာတော့ သူတို့တွေဟာ သူ့အဖေနဲ့ တူနေလို့ ဒီတစ်ခါ ကွန်ပြူတာနဲ့ စစ်ဆေးကြည့်တဲ့ အချိန်မှာ မိန်းကလေး ဖြစ်တယ်ဆိုတာသိရလို့ ဒီတစ်ခါတော့
ငါ့အလည့်ဘဲ ငါနဲ့တူပြီးဆိုပြီးကြိတ်ပျော်နေတာပေါ့။ အခုတော့ မွေးလာပြီးဖြစ်တဲ့ သမီးလေးဟာ အမေတူလေးလို့ ပြောဖို့ တော်တော်ခက်သလို့ အဖေတူသမီးလို့လဲပြောမရဘူးဖြစ်နေပါတယ်။
Angela ကတော့ သူ့ခင်ပွန်းကို ကြည့်ပြီး သမီးမျက်လုံးတွေက နင်နဲ့ တူတယ်လို့ နောက်ပြောင်ပြောဆိုကာ ဟာသလုပ်လိုက်ပါသေးတယ်။ Angela ရော ခင်ပွန်းသည် Benjamin တို့ဟာ နိုက်ဂျီးရီးယန်း လူမဲတွေဖြစ် ဆံပင်အနက် မျက်လုံး အနက် ရောင်တွေဖြစ်ပါတယ်။ မွေးဖွားလာတဲ့ သမီးလေး Nmachi ကတော့ အသက် နှစ်ပါတ် သာရှိပါသေးတယ်။ မျက်လုံးက အပြာရောင်၊ ဆံပင်က ရွှေရောင် ဖြစ်ပါတယ်။
မိတ်ဆွေ နဲ့ ဆွေမျိုးတွေ လာရောက်ပြီး ကလေး ကိုမြင်တဲ့အခါ
အဖေနဲ့ တူတယ်ပြောရမလား အမေနဲ့ တူတယ်ပြောရမလားဆိုတာတော့ တော်တော်ခက်ပါတယ်။ ထူးဆန်းစွာမွေးဖွားလာတဲ့ ကလေးတွေ
ထဲမှာတော့ Nmachi ဟာလည်း တစ်ယောက်အပါအဝင်ဖြစ်သော်ငြားလည်း သူမကတော့ ပိုပြီး ထူးဆန်းနေပါတယ်။ ဒီလိုကိစ္စမျိုးက လည်း မဖြစ်ခဲ့ဘူးတာ မရှိပါဘူး။ သိပ္ပံပညာရှင်တွေလဲ ဒီသတင်းကို ကြားတဲ့ အချိန်ကတည်းကစပြီး ခေါင်းကုပ် ပြီးအဖြေရှာနေပါတယ်။ အဖေဖြစ်သူ Ben တစ်ယောက်လဲ သူ့သမီးကို ငေးကြည့်ရင်း စဉ်းစားနေ ဆဲပါ။ လူတိုင်း သိခြင်တာတစ်ခုကတော့ လူမဲ ဇနီးမောင်နှံမှ လူဖြူ စစ်စစ် လေးတစ်ယောက် မွေးလာရခြင်း အကြောင်းနဲ့ ပါတ်သက်ပြီး အလွန်သိချင်နေကြပါတယ်။ အရေပြားအရောင် နဲ့ပါတ်သက်ပြီး melanocytes ဆဲလ် ကို ကျွမ်းကျင်သူ ဗြိတိန်ဆေးပညာနဲ့ မျိုးရိုးဗီဇ သုတေသန ကောင်စီအဖွဲ့မှ ပါမ္ခော Ian Jackson ကတော့ ထိုကိစ္စနှစ်ရပ်နဲ့ ပါတ်သက်ပြီး အဖြူစုတ်စုတ်ရောင် အသားအရည် နဲ့ အဝါရောင် ဆံပင် တို့ဟာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မျက်လုံး အပြာရောင်ကတော့ ဖြစ်ခဲပြီး ထူးဆန်းတယ်လို့ ဆိုပါတယ်။ Ben ကတော့ မျိုးရိုးဗီဇနဲ့ ပါတ်သက်ပြီး တတ်ကျွမ်းတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ရဲ့မျိုးရိုး အစဉ်အဆက်ထဲမှာလဲ လူဖြူဆိုတာ မရှိခဲ့ပါဘူး ဒါဘယ်လို ဖြစ်လာလဲ ဆိုတာကိုလဲ ကျွန်တော်လဲမသိဘူး လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျွန်တော့်အတွက်တော့ဘာမှမဖြစ်ပါဘူး။ ဘာဘဲပြောပြော သူမဟာ ကျွန်တော့ရဲ့ ကိုယ်ပွားတွေထဲက တစ်ယောက်ပါဘဲ။ ဘုရားက သူမအတွက် တစ်ခုခုပြင်ဆင်ပေးလိုက်တာဘဲ ဖြစ်မှာပါ လို့ပြောရမှာ
 ဘဲဖြစ်ပါတယ်။ ဖြူဖြူ မဲမဲ ဘာရောင်ဖြစ်ဖြစ် Nmachi ဟာ ချောမောလှပပြီး ကျန်းမာနေသူ
တစ်ယောက်ဖြစ်ပါတယ်။ Oxford တက္ကသိုလ်မှ မျိုးရိုးဗီဇ ဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ပါမောက္ခ Bryan Sykes မှလဲ အလွန်ကို ဆန်းကျယ်ပါတယ်။ ရွှေရောင် ဆံပင်ရှိတဲ့ ကလေးတိုင်းဟာလည်း မွေးစမှာ ထိုကဲ့သို့ အရောင် မဟုတ်ပါဘူး။ ကြီးမှ သာ တဖြေးဖြေး ပြောင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။ Afro-Caribbean မှာရှိတဲ့ လူတွေကဲ့သို့ ဖြစ်နေပြီး နိုက်ဂျီရီယန်း ဗီဇလဲ အနည်းငယ် ရောစပ်
ပါဝင်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ Ben ရော Angela ဘက်မှာလည်း မျိုးရိုးအစဉ်အဆက် လူဖြူသွေး ရောစပ်ခြင်းမရှိခဲ့ပါဘူး။ Ben ရဲ့မိခင်ဟာ လူမဲဆိုပေမဲ့ အနည်းငယ်အသားလတ် ပါတယ်။ ဒါဟာလည်း သိသိသာသာကြီး ပြောပလောက်အောင် မဟုတ်ပါဘူး။ ယခု နက်နဲတဲ့ ပြီး အဖြေရှာမရတဲ့ Nmachi ရဲ့ အသားအရောင် နဲ့ ပါတ်သက်ပြီး တနေ့တော့လည်း သိလာမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Nmachi ဟာ သူတို့ဆီရောက်လာတဲ့အတွက်တော့ တကယ့်ကို ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ တိုက်ခန်းကတော့ လန်ဒန်မြို့ အရှေ့တောင်ပိုင်းက Woolwich မှာဖြစ်ပါတယ်။ ထူးဆန်းလွန်းလို့ ဆေးရုံကနေ အိမ်အထိ ဆွေမျိုးအသိုင်းအဝိုင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ချီပြီးယူလာခဲ့လောက်အောင်ကိုဖြစ်ပါတယ်။ Ben ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ Cajeban Ikwuonu ဟာ UK ကို လာရောက်ပြီး သူ့သူငယ်ချင်းသမီးကို ကြည့်ဖို့ လာရောက်ခဲ့ပါတယ်။ ကျွန်တော် ကလေးကို
တွေ့တော့ တော်တော်လေး အံ့သြတှုန်လုပ်သွားခဲ့ရပါတယ်။ Ben ကျွန်တော့်ကို ဖုန်းဆက်တုန်းက သူမဟာ လူဖြူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို မပြောခဲ့ပါဘူး။ အားလုံးအတွက် ပျော်ရွှင်စေဖို့ အတွက် သူမ လူ့လောကထဲကို ရောက်လာပြီလို့ ဘဲပြောခဲ့တာပါ။ သူဖုန်းဆက်ပြီး ရက်အနည်းငယ် မှာဘဲ ကျွန်တော် ဒီကိုရောက်လာတာပါ။ သူမကို ပြဖို့ ကျွန်တော့်ကို အခန်းထဲခေါ်သွားပါတယ်။ အခန်းထဲမှာလဲ သူ့ဇနီး Angela လဲရှိနေပါတယ်။ ခလေးမွေးပေးတဲ့ လူဖြူ အမျိုးသမီးတစ်ယောက်လဲ ရှိနေပါတယ်။ ထိုအမျိုးသမီးက လူဖြူမွေးကင်းစ ကလေးတစ်ယောက်ကို သယ်လာတဲ့အချိန်မှာတော့ ဒါ တခြားစုံတွဲ ရဲ့ ကလေးလို့ဘဲ မှတ်ထင်လိုက်မိတယ်လို့ပြောပါတယ်။ Ben က ဒါငါ့သမီးလို့ ပြောလိုက်တဲ့အခါမှာတော့ ကျွန်တော်
တော်တော်အံ့သြ တှုန်လုပ်သွားတယ်။ သူကျွန်တော့်ကို ဖုန်းထဲမှာလဲ မပြောခဲ့တော့ လုံးဝနားမလည်သလို ဘယ်လိုမှလည်း မယုံဘူး။ လူမဲ မိဘ နှစ်ပါးကနေ လူဖြူ ကလေးမွေးလာစရာ အကြောင်းကို မရှိဘူး။ ဒီကလေးဟာ ခွဲမွေးခဲ့တာဖြစ်ပြီး မွေးတဲ့အချိန်တစ်လျှောက် မွေးခန်းထဲမှာ Ben ရှိနေတယ်လို့ပြောပါတယ်။ ထိုနောက်မွေးလာခဲ့အခါမှာ ထိုခလေးကို ကြည့်ပြီး အားလုံးအံ့သြသင့်ရကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကလေးကို တွေတော့ တကယ့်ကို ဝမ်းမြောက်ပျော်ရွှင်ပါတယ်။ မှားယွင်းမှု တစ်ခုခုတော့ ရှိနေမလားလို့တော့ မေးခဲ့ပါတယ်။ သူမရဲ့ ဆံပင် အရောင်ဟာ ကျွန်တော့်အတွက် ပိုပြီး စိတ်ရှုပ်စေခဲ့တာ
ဖြစ်ပါတယ်။ သူမရဲ့ အသားအရည်ကလည်း သိသိသာသာကို ဖြူနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ လူမဲကလေးတွေဟာ မွေးစမှာ အသားဖြူသလို ဖြစ်နေတတ်ပြီး ကြီးလာတဲ့အခါကျမှ မဲသွားတာမျိုး
ရှိတတ်ပေမဲ့ ဆံပင်နဲ့ မျက်လုံးကတော့ ဒါမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ လူဝင်စားများဖြစ်နေမလားတော့မသိဘူး ကျွန်တော်တို့ လူမျိုးထဲမှာ ဒီလို အသားအရည်ဖြူတဲ့ သူမျိုး တစ်ခါမှ မရှိခဲ့တာတော့အမှန်ဘဲလို့ဆိုပါတယ်။ တချို့လူတွေက တော့မေးတယ် ဒီကလေးဟာ အသားဖြူနေတဲ့အတွက် ပထမ ကလေးနှစ်ယောက်နဲ့ မတူဘဲ ပြုစုပျိုးထောင်ပုံ ကွာခြားမှာလား
လို့ မေးကြပါတယ်။ ဒီလိုဖြစ်လို့ သူ့ကိုချစ်တဲ့အချစ်တွေ နည်းနည်းလေးမှ မလျှော့သွားဘူးဆိုတာကတော့ အကြိမ်းသေဆုံးဘဲဖြစ်ပါတယ်။ သူမအရွယ်ရောက်လာလို့ သူ့အမနဲ့ အကို ကလူမဲဖြစ်ပြီး သူ့နဲ့ အသားကွာဘာကြောင့်မတူရတာလဲလို့မေးလာရင်တော့ အဲ့ဒါ ဘုရားလုပ်တာလို့ ဘဲ ဖြေရမှာပါ လို့ Ben ကဆိုပါတယ်။ Nmachi ရဲ့ အကိုနဲ့ အမ နှစ်ယောက်ကလဲ သူတို့ညီမလေးကို ချစ်ကြပါတယ်။ အသားအရောင်နဲ့ ပါတ်သက်ပြီးတော့လဲ ဘာမှ ပြောတာမျိုးမရှိပါဘူး။ ဒါကလေးဘဝရဲ့ ဖြူစင်တဲ့ စိတ်ဓါတ်လေးတွေဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပါတ်သက်ပြီး သူတို့ သတိမထားမိပါဘူး။ Ben ကတော့ ဒီကလေးဟာ ရာနှုန်းပြည့် ကျွန်တော့်ကလေးဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် DNA စစ်ဖို့ စဉ်းစားနေပါတယ်။ ဒါဟာလဲ အဖြေထွက်လာရင် ကျွန်တော်အတွက် ဘာမှ အကျိုး ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်မိန်းမနဲ့ ပါတ်သက်ပြီးတော့လဲ သူ့ကို ကျွန်တော် ယုံကြည်မှု ရာနှုန်းပြည့်ရှိပါတယ်။ DNA စစ်မယ်ဆိုတာကတော့ ပါတ်ဝန်းကျင်က ကျွန်တော့်မိန်းမကို တမျိုး ထင်နေတဲ့ ကိစ္စတွေကြောင့်ဘဲဖြစ်ပါတယ်လို့ Ben ကပြောပါတယ်။ Angela ကလဲ ပတ်ဝန်းကျင်က ယုံထင်ကြောင်ထင် ဖြစ်နေတဲ့ သံသယတွေအတွက် တကယ့်ကို ခံစားနေရပါတယ်။ Angela က ဒီလိုဖြစ်နေတာတွေက သဘာဝပါဘဲ ဒါပေမဲ့ ကျွန်မ အမှန်တရားကိုသိပါတယ်။ ကျွန်မယောက်ျားပေါ်မှာလဲ လုံးဝ သစ္စာ မပျက်ခဲ့ဘူးလို့ ဆိုပါတယ်။ အခုဆိုရင် အင်တာနက်ဖိုရမ်တွေမှာလဲ ဒီကိစ္စနဲ့ ပါတ်သက်ပြီး လူတွေရဲ့ တုန့်ပြန်ဝေဖန် ပြောဆိုမှု့တွေနဲ့ ပါတ်သက်ပြီး Ben အနေနဲ့ စိတ်ဆိုးမယ်လို့ထင်သလား ဆိုရင်တော့ Ben က ပထမပိုင်းတော့ အနည်းငယ် စိတ်ဆိုးပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာဘဲ ကျွန်တော် နားလည်လို့ ရပါတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့အတွက်တော့ ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ဖြူဖြူ မဲမဲ ဖြစ်ပါစေ ဒါဟာ ဘုရားပေးတဲ့ ရတနာဖြစ်ပါတယ်။ Nmachi ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်ကတော့ သူတို့ ဘာသာစကားအရ ထာဝရဘုရားရဲ့ အလှတရား လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။

2 comments:

  1. အယ်တော့..ထူးထူးဆန်းဆန်း

    ReplyDelete
  2. အဲဒါ အယ်ဘိုင်နို ဖြစ်နိုင်တယ် ဗျ။ http://anasiantouroperator.blogspot.com/2010/07/albinism.html

    ReplyDelete

အပြင်းပြေ Drum တီးရအောင်