Friday 20 January 2012

အထပ် ၄၀ အမြင့်ရှိတိုက်ပေါ်မှ ပြုတ်ကျသော်လည်း အသက်မသေသူ


နယူးယောက်မြို့မှ လူတစ်ယောက်ဟာ အထပ် ၄ဝ တိုက်မှ ကားပါကင်ပေါ် ပြုတ်ကျသော်လည်း အသက်မသေကြောင်း သိရပါတယ်။ Thomas Magill ၂၂ နှစ်ဟာ ငါ့ခြေထောက်.. ငါခြေထောက်လို့ အော်သံကိုကြားရပြီးနောက်မှာတော့ တိုက်ထဲမှ ခုန်ထွက်ကျလာတာဖြစ်ပါတယ် ဖြစ်တဲ့နေရာကတော့ ကတော့ အနောက် ၆၂ လမ်းမှာ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ကားတစ်စီးရဲ့ အနောက် ခုံပေါ်ကို ကျခဲ့တာပါ။ သူကျလာတဲ့အရှိန်က တစ်နာရီကို

မိုင်တစ်ရာနှုန်းလောက် မြန်တယ်လို့ မျက်မြင်သက်သေတစ်ယောက်ဖြစ်သူ Andrew Petrocelli
ဆိုသူ နယူးယောက်နေ့စဉ်သတင်းဌာန ကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ထိုမျက်မြင်သက်သေက ဒါတကယ့် အံ့သြဖို့ကောင်းတယ်၊ ကျွန်တော်ကသေပြီလို့ဘဲထင်ထားတာ၊ unbreakable ဆိုတဲ့ဇာတ်ကားထဲကလူလိုပဲ ဘာမှမဖြစ်ဘူး။ ပြုတ်ကျလာချိန်မှာ သူ့လက်တွေက အပေါ်ကိုမြောက်ပြီး ယက်ကန်ယက်ကန် ဖြစ်နေတယ်။ ကားပေါ်ကျတဲ့အခါမှာတော့ ကားမှန်တွေအကုန်ကွဲသွားပါတယ်။ ထိုကားက သူ့အသက်ကို ကယ်လိုက်တာဖြစ်တယ်။ သူက စတန့်သမားတစ်ယောက်လိုအောက်ကို
ကျတာလို့ မြင်တွေ့သူ Petrocelli ကပြောပါတယ်။ ရဲ ကတော့Magillဟာ ခြေထောက်တွေ
ကျိုးသွားပြီးဒါဏ်ရာလဲဆိုးဆိုးဝါးဝါးရခဲ့တယ်လို့ပြောပြပါတယ်။အဖေဖြစ်သူကတော့သူ့သူငယ်ချင်းတွေထံသို့
သူ့သားအတွက်ဘုရားဆုတောင်းပေးဖို့ဖုန်းနဲ့ မက်ဆေ့ခ်ျ တွေပို့ခဲ့ပါတယ်။
ကူညီပါရစေ တွေကတော့ ဂီတကျောင်းသားတစ်ယောက်ဖြစ်တဲ့ Magill ဟာ တမင်သက်သက်ကို
ခုန်ချခဲ့တာလား ဆိုတာကို ဆက်လက်စုံစမ်းနေပါတယ်။ အကြောင်းကတော့ Magill ဟာ သူ့ Facebook မှာ I hate my life နဲ့
I'm over it  ဆိုတာတွေ
ရေးခဲ့တာကြောင့်ဖြစ်ပါတယ်။ အိမ်နီးခြင်းတစ်ဦးဖြစ်တဲ့ Francine Denardo ဆိုတဲ့အမျိုးသမီးကတော့ Magill သတင်းကို သူကြားရတဲ့အချိန်မှာ အရမ်းကိုတှုန်လှုပ်ခဲ့တယ်လို့ပြောပါတယ်။
ကောင်လေး က တကယ့်အံ့သြစရာပါ ကြည့်ရတာတော့ ပျော်နေတာဘဲ လို့ပြောပါတယ်။ နယူးယောက်မှာတော့ ထိုကဲ့သို့ အမြင့်မှ ပြုတ်ကျပြီး အသက်ရှင်နိုင်ခဲ့တာ သူတစ်ယောက်တည်းတော့
မဟုတ်ပါဘူး။ ၂ဝဝ၇ ဒီဇင်ဘာလတုန်းကလဲ မှန်တွေသန့်ရှင်းရေးလုပ်သူ Alcides Moreno ဟာလဲ ၄၇ ထပ်ကနေပြုတ်ကျပြီးအသက်ရှင်ခဲ့ပါတယ်။ဆရာဝန်ကလည်းထိုသူကို ပြန်ပြီးလမ်းလျှောက်လာနိုင်လိမ့်မယ်
လို့ မျှော်လင့်ထားခံခဲ့ရသူဖြစ်ပါတယ်။ 


Thomas Magill ပြုတ်ကျခဲ့တဲ့တိုက်ကြီး

2 comments:

  1. တစ်ကယ်အံ့ဖွယ်ပါပဲနော်
    နာတော့ကြောက်တယ်
    အမြင့်ဆိုရင်

    ReplyDelete
  2. အောင်မငေး ဂဏန်းကို သံမံတလင်းပေါ်ပစ်ချလိုက်သလိုနေမှာဘဲ..တွေးတာတောင်နာထှား(


    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete

အပြင်းပြေ Drum တီးရအောင်