Tuesday 17 January 2012

**ကမ္ဘာ့အသေးဆုံးမိခင် ကိုယ်ဝန်ထပ်ရှိ**

အသက်အန္တရယ်ရှိတယ် လို့ အားလုံးက သတိပေးထားတဲ့ကြားကနေ ကမ္ဘာ့အသေးငယ်ဆုံး မိခင်ဖြစ်သူဟာ နောက်ထပ်ကလေးတစ်ယောက် ကို ထပ်ပြီးမွေးဖွားအုံးမှာဖြစ်ပါတယ်။ အရပ် ၂ ပေနှင့် ၄ လက္မသာရှိတဲ့ Stacey Herald ဟာ ဆရာဝန်တွေက ကိုယ်ဝန်ဆောင်ခြင်းဟာ သူမရဲ့ အသက်ကို
သေစေနိုင်တယ်လို့ ပြောထားတဲ့ ကြားတဲ့က သူမဟာ ဆရာဝန်တွေ စကားကို နားမထောင်ဘဲ ရဲ့ရင်စွာနဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အရိုးတွေဟာကျွတ်ဆတ်ပြီး သာမန်လူများရဲ့ အဆုတ် ကဲ့သို့ မဟုတ်
သည့်အတွက်ကြောင့် သူမဟာ ထိုကဲ့သို့ကြီးထွားမှု့မရှိဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
သူမဟာ လက်တွန်းဘီးတပ်ခုံ (wheelchair) ကို အသုံးပြုပြီး သူမခင်ပွန်း Will ကတော့ အရပ် ၅ ပေနဲ့ ၉ လက္မရှိပါတယ်။

အခုတော့သူတို့ဇနီးမောင်နှံဟာ နောက်ထပ် လေးပါတ်အကြာမှာမီးဖွားဖို့အတွက် စောင့်ဆိုင်းနေကြပါတယ်။
သူမဟာ ကိုယ်ဝန်ရှိလာကတည်းက ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ သက်တောင်သက်သာ မှရှိလွန်းသဖြင့် ရက်သတ္တပါတ် အတော် ကြာကြာ အိပ်ယာထဲမှာဘဲ နေခဲ့ရပါတယ်။ အဲ့ဒီတော့ သူ့ယောက်ျားဘဲ အိမ်မှု့ကိစ္စတွေကို လုပ်ရပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အားလုံးက အတန်တန် အသက်အန္တရာယ်
ရှိတယ်လို့ပြောဆိုမှု့တွေကို ဂရုမစိုက်ဘဲ ဘုရားရှိခိုး ဆုတောင်း ခြင်းဖြင့်သာနောက်ထပ်ကလေးတွေ 
လိုချင်သေးပါတယ်လို့ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ၂ဝဝဝ ခုနှစ်က စူပါမာ့ကက် တစ်ခုမှာ အလုပ်လုပ် နေကြစဉ်မှာ တွေ့ခဲ့ကြပြီး ၂ဝဝ၄ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း ဆရာဝန်ဟာ ကလေးမယူဖို့အတွက်တားမြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ သေးငယ်တဲ့ဝမ်းဗိုက်မှာ
ကိုယ်ဝန်လွယ်ရင်ဗိုက်ထဲမှာကလေးရဲ့ ကြီးထွားလာမှုကြောင့် အခြား ကလီစာ တွေကို ထိခိုက်ပြီး အသက်ရှုရပ်သေနိုင်လို့ဘဲဖြစ်ပါတယ်။  

သူမက ဆရာတွေဟာ ကျွန်မကို ကလေးမရနိုင်ဘူးလို့ပြောတာ ကျွန်မအရမ်းကြေကွဲရပါတယ်။ ကျွန်မဘယ်လိုမှ ပြီးပြည်စုံတဲ့ မိသားစုဘဝကို မရနိုင်တော့ဘူး ဆိုလို့ အရမ်းခံစားရပါတယ်။
နောက်ထပ်ရှစ်လအကြာမှာတော့ ထိုဇနီးမောင်နှံဟာ ဆရာဝန်ထံသို့သွားပြီး သားသမီးများနဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင် တခုဖြစ်ဖို့အတွက် ဆရာဝန်ထံသွားပြီး တောင်းပန် နည်းလမ်းတောင်းခဲ့ပါတယ်။ Herald က ဖြစ်ချင်တာဖြစ်ဆိုပြီး ကျွန်မ ကလေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးကတော့ ကျွန်မသေမှာဘဲလို့
ပြောကြတယ်။ 
နောက်ဆုံး ရက်သတ္တပါတ် ၂၈ ပါတ် အကြာ ၂ဝဝ၆ ခုနှစ်အတွင်းမှာတော့ နှစ်ပေါင်နဲ့ တစ်အောင်စ ရှိတဲ့ သမီးလေး Kateri ကိုမွေးဖွားနိုင်ခဲ့ပါတယ်။ နောက်ထပ် တစ်နှစ်အကြာမှာလဲကိုယ်ဝန်ထပ်ရှိလာပြီး ၄ပေါင်နဲ့ ၇ အောင်စရှိတဲ့ သမီးလေး Makaya ကိုမွေးဖွားနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးကို ဆုတောင်း ခြင်းတစ်မျိုးထဲနဲ့
ဖြတ်ကျော်ခဲ့တာဖြစ်တယ်လို့ Herald ကဆိုပါတယ်။ သူမရဲ့သမီးနှစ်ယောက်အလုံးဟာ သူမထက်ပိုပြီး
မြင့်နေပြီဖြစ်ပါတယ်။ သူမကတော့ ပထမဆုံး သားလေးကို မွေးဖွားနိုင်ဖို့ အတွက် ကိုယ်ဝန်ဆောင်တာ ရက်သတ္တတပါတ် ၃ဝ ရှိပါပြီ။
 

4 comments:

  1. အယ်တော်..
    အသက်နဲ့ရင်းပြီး
    စွန့်စားနေတာပါလားး)
    အံ့သြစရာပဲကိုနိုင်းရေ
    ဒီပုံတွေကြည့်ပါများရင်
    ကြာကြာနေ.နှလုံးရောဂါရလောက်တယ်း)

    ပျော်ရွှင်ပါစေရှင်
    ခင်မင်လျှက်

    ReplyDelete
  2. အင်း.....မိခင်တွေရဲ့မေတ္တာနော်... (ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး)
    တတိယမြောက်ကလေးကိုလဲအောင်မြင်စွာနဲ့မွေးဖွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.

    ReplyDelete
  3. မိခင်မေတ္တာ ကချီးကျူးလောက်တယ်
    အဆင်ပြေပြေမွေးဖွားနိုင်ပါစေ

    ReplyDelete
  4. ဟုတ်ပါ့ဗျာ....မားသားကြီး နဲ့ မိခင်တိုင်းရဲ့အတုမရှိတဲ့မေတ္တာကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး။

    ReplyDelete

အပြင်းပြေ Drum တီးရအောင်