Monday 16 January 2012

ရှေးခေတ်တုန်းက ကမ္ဘာ့အသန်မာဆုံးလူသားများ (ယုံချင်ယုံ မယုံချင်နေ)

သောမတ်စ် အင့်ခ်ျ  
ဗဟုသုတ ရစေခြင်းအလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။
သောမတ်စ် အင့်ခ်ျ ဟာ ဗြိတိန်နိုင်ငံရဲ့ အသန်မာဆုံးလူသားဘွဲ့ကို ပိုင်ဆိုင်ခဲ့သူပါ ။
သူဟာ" Inch Dumbell" လို့ခေါ်တဲ့ တန်းတို အလေး(လက်တစ်ဖက်ဖြင့်မရသော အလေး) ကို တီထွင်ခဲ့ပါတယ်။ အဲဒီအလေးတုံးက ၁၇၂ ပေါင် ၉ အောင်စ
ရှိပြီး လက်ကိုင်တန်းနှစ်ချောင်းပါပြီး မ,ရန် အလွန်ခက်ခဲပါတယ် ။
သောမတ်စ်ရဲ့ ခေတ်မှာတော့ ဒီအလေးတုံးကို လက်တစ်ဖက်ဖြင့်
မ,နိုင်သူမရှိသလောက် ရှားပြီး၊ သူကတော့ သူ့အလေးတုံးကို လက်တစ်ဖက်တည်းဖြင့် မ, ပြနိုင်ရင် စတာလင်ပေါင် ၂၀၀ ပေးမယ်လို့ စိန်ခေါ်ခဲ့ပါတယ် ။
သောမတ်စ်ကတော့ အသက် ၇၂ နှစ်အရွယ် အထိ သူ့နာမည်မှည့်ခေါ်ထားသော
အဆိုပါအလေးတုံးကို မ နိုင်ပါသေးတယ် ။
ယနေ့အချိန်အခါအထိ ဒီအလေးတုံးကို မ နိုင်တဲ့သူ အနည်းငယ်သာ ရှိပါသေးတယ်တဲ့ ခင်ဗျ ။
  အင့်ခ်ျ တန်းတိုအလေးတုံး တစ်တုံး



အလက်ဇန္ဒား ဇက်

   မြင်းတစ်ကောင်ကို ပခုံးဖြင့် ချီပိုးထားသော ဇက်
အလက်ဇန္ဒား ဇက် ကို ပိုလန်နိုင်ငံမှာ ၁၈၈၈ ခုနှစ်တွင် မွေးဖွားပါတယ် ။သူငယ်စဉ်
ကတော့ ရုရှားမှာ နေထိုင်ခဲ့တာပါ ။ သူက ဆပ်ကပ်ပြပွဲတစ်ခုမှာ သူတို့ခေတ် လူသန်ကြီးများရဲ့
အစွမ်းပြမှုများကို ကြည့်ခဲ့ပြီးနောက်ပိုင်း သူလည်း ဒီလို လူသန်ကြီးတစ်ဦးဖြစ်ချင်စိတ်တွေ တဖွားဖွား
ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ဇက်ဟာ သစ်ကိုင်းစိမ်းများကို ချိုးခြင်း ၊သစ်ပင် တက်ခြင်း ၊ အိမ်မှာ
ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြုလုပ်ထားသော အလေးမပစ္စည်းများကို မပြီး အပြေးလေ့ကျင့်ခြင်းများ
ပြုလုပ်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ ရုရှားကြေးစားလူသန်ကြီးများရဲ့ လက်အောက်မှာ လေ့ကျင့်ခဲ့တယ် ။
ဇက် ရဲ့ ခွန်အားဗလဟာ ကြောက်ခမန်းလိလိ တိုးတက်လာပြီး မြင်းတစ်ကောင်ကိုတောင် သူပခုံးပေါ်
ထမ်းပြီးသယ်ဆောင်နိုင်စွမ်း ရှိလာတယ် ။ သူရဲ့နာမည်ကျော် အစွမ်းပြမှုကတော့ သံမဏိချောင်းကို
ကွေးကောက်ပြခြင်း ၊ သံချိန်းကြိုးကို ပြတ်သွားအောင် ဖြတ်ပြခြင်းတို့ ဖြစ်ပါတယ် ။
သံချောင်းတိုကို ကွေးပြနေသော ဇက်

အလွန်ချီးကျူးစရာကောင်းတဲ့ ပြကွက်တစ်ခု

သံချိန်းကြိုးကို လည်ပင်းနှင့်ခြေထောက်တွင် ချည်ပြီးဆွဲဖြတ်ပြနေသော ဇက်

သံချောင်းများကို ပန်းပွင့်ပုံသဏ္ဋာန်ဖြစ်အောင် ကွေးကောက်ပြနေသော ဇက်


ပီယေ ဂတ်စ်နီယာ

   ပြင်သစ် ဟာကျူလီ လို့ သတ်မှတ်ခံရတဲ့ ပီယေ ဂတ်စ်နီယာ ကို ၁၈၆၂ (သို့) ၁၈၆၈ ခုနှစ်
ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မွေးဖွားပါတယ်။ ပြင်သစ်လူမျိုး ပီယေ ဂတ်စ်နီယာဟာ အရပ် ၅ ပေ ၃
လက်မသာရှိပြီး ကိုယ်အလေးချိန် ၁၄၁ ပေါင်သာ ရှိပါတယ်။ သူဟာ ဖဲတစ်ထုတ်လုံးကို ဒေါင်လိုက်
အနေအထားနဲ့ နှစ်ပိုင်းဖြစ်အောင် ဆွဲဖြဲပြခဲ့တယ် ။ ဒါ သိပ်မထူးဆန်းသေးပါဘူး … အလေးချိန်
ပေါင် ၂၆၀ ရှိတဲ့ အလေးကို လက်တစ်ဖက်တည်းဖြင့် သူ့ခေါင်းပေါ်ကျော်တဲ့ထိရောက်အောင်
မပြခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး။ သူ့ရင်ဘတ်မှာ သံကြိုးကိုချည်ပြီး ရင်ဘတ်ညှစ်အား
(ဖောင်းကားလာအောင် ဆန့်ထုတ်ပြီး) သက်သက်ဖြင့် ပြတ်ထွက်သွားအောင် ဖြတ်ပြခဲ့ပါတယ် …
၁၉၂၃ ခုနှစ်တွင် ပီယာ ဂတ်စ်နီယာ ကွယ်လွန်ခဲ့ပါတယ် ။


အာသာ ဆက်ဆွန်
ပေါင် ၃၇၀ ရှိတဲ့ အလေးကို လက်တစ်ဖက်တည်းဖြင့် မ, ပြနေသော ဆက်ဇွန်
၁၈၇၈ ခုနှစ်တွင်မွေးဖွားသော အာသာ ဆက်ဆွန်ဟာ ၁၉ ရာစုနှောင်းပိုင်း နဲ့ ၂၀ ရာစု
အစောပိုင်း ဆပ်ကပ်ပြပွဲများတွင် ကျော်ကြားခဲ့တဲ့ လူသန်ကြီးတစ်ဦးပါ ။ သူဟာ ပေါင် ၃၇၀ ရှိတဲ့
အလေးကို သူ့ရဲ့ ပခုံးနေရာလောက်ကနေ သူ့ခေါင်းပေါ်ကျော်ပြီး လက်တစ်ဖက်တည်းဖြင့်
ပြောင်းပြန် မ,ပြပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့အပြင် ၊ ( လက်တစ်ဖက် အလေးတစ်ခုစီ)လက်နှစ်ဖက်ဖြင့်
၄၄၈ ပေါင်ကို မပြခဲ့ပါတယ် ။ သူဟာ ဂျာမနီနိုင်ငံသို့ ခရီးထွက်ခဲ့ပြီး ဂျာမန်လူသန်ကြီး
အော့ကတ် ဟီလ်ဂန်ဖဲလ် နဲ့ နှစ်ယောက်ပေါင်းပြီး အကြီးမားဆုံး လူသန်ပြပွဲ ကို ကျင်းပခဲ့ပါတယ် ။
ဒီအချိန်မှာ အာသာ ဆက်ဇွန်ရဲ့ အသက်ဟာ ၁၉ နှစ်သာရှိသေးပြီး ဒီလိုစွမ်းဆောင်နိုင်တဲ့
လူသန်ကြီးများထဲမှာ အသက်အငယ်ဆုံး လူသန်ကြီးအဖြစ် သတ်မှတ်ခံရပါတယ် ။
ဆက်ဆွန် ရဲ့ ညီနှစ်ယောက်ဖြစ်တဲ့ ကာ့သ် နဲ့ ဟာမန်း တို့ကလည်း သူနဲ့ပူးပေါင်းကာ

သုံးပွင့်ဆိုင် ဆက်ဇွန် ဆိုတဲ့ ဆပ်ကပ်အဖွဲ့ ဖွဲ့စည်းပြီး ဥရောပတစ်လွှားမှာ စွမ်းရည်ပြပွဲတွေ
ပြသခဲ့ပါတယ် ။ သူ့ရဲ့ ပြကွက်တစ်ခုမှာ အာသာ ဆက်ဇွန်က သူ့ ညီအစ်ကိုနှစ်ယောက်ကို
အလေးမ ၀ိတ်တန်းရှည်ရဲ့ တစ်ဖက်စီမှာထိုင်စေပြီး မ ပြပါတယ် ။ ဆက်ဆွန် ဟာ သူ့ပြပွဲတွေမှာ
သူ့လို စွမ်းဆောင်မှုမျိုးကို လုပ်နိုင်မဲ့သူ ဘယ်သူမဆို စင်ပေါ်တက်ပြီး လုပ်ဆောင်ပြနိုင်ပါတယ်လို့
စိန်ခေါ်ခဲ့ပါတယ်။
   သူ့ညီနှစ်ယောက်ကို တန်းရှည်ပေါ်တင်ပြီး မ ပြနေပုံ

လူဆယ့်ခြောက်ယောက်ကို ထိုင်ခိုင်းထားပြီး ထောက်ကန်ပြပုံ
 ဆက်ဇွန်အသက် ၄၃ နှစ်အရွယ်၊ ၁၉၂၁ ခုနှစ် သြဂုတ်လ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်



ဆီဂ်မန် ဘရီသ်ဘာ့သ်
  သံချောင်းများကို ပန်းပွင့်ပုံသဏ္ဋာန်ဖြစ်အောင် ကွေးကောက်ပြနေသော ဆီဂ်မန်
    ဆီဂ်မန် ဘရီသ်ဘာ့သ် ကို ၁၈၈၃ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ ဂျူးမိဘနှစ်ပါးမှ ဖွားမြင်သည် ။
သူ့ကို အခြားသော လူသန်ကြီးများက လူမျိုးရေးအရနှိမ့်ချဆက်ဆံပြီး၊ အဆက်မပြတ်စိန်ခေါ်နေ
တာကြောင့် ၄င်းတို့ကို အနိုင်ယူပြီး သိက္ခာကျအရှက်ရသွားအောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီလိုအတွေးမျိုးပေါ်ပေါက်လာခြင်းကြောင့် သူရဲ့ အံ့သြဖွယ်ရာ ခွန်အားကြီးမားမှုကိုပြသရာမှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ် ။ သူ့ရဲ့ စွမ်းရည်ပြမှုများထဲမှာ သံချောင်းများကို ပန်းပွင့် ပုံသဏ္ဋာန်ဖြစ်အောင် ကွေးကောက်ပြခြင်း ၊ သံချောင်းတိုများကို ကွေးပြခြင်း၊သံချိန်းကြိုးများကို
ကိုက်ဖြတ်ခြင်း၊ ဆွဲဖြတ်ခြင်း၊ ဆင်ပေါက်လေးတစ်ကောင်ကို မချီပြီး လှေကားပေါ်တက်ပြခြင်း
တို့ပါဝင်ပါတယ် ။
ကံမကောင်းတဲ့ ဆီဂ်မန်ဟာ ၁၉၂၅ ခုနှစ်တွင် သူ့ရဲ့နောက်ဆုံးအကြိမ်ဖြစ်ခဲ့တဲ့
စွမ်းရည်ပြပွဲမှာ ၅ လက်မအထူရှိတဲ့ ၀က်သစ်ချသားဇလီဖားတုံးထဲသို့ သံချောင်းကြီး
တစ်ချောင်းကို လက်ဗလာဖြင့်ရိုက်သွင်းပြရင်း သူ့လက်မှာ သံချောင်းစိုက်ဝင်သွားခဲ့ပြီး
သွေးဆိပ်တက်ခဲ့ပါတယ် ။ သူဟာ ၁၀ကြိမ်ထိ ခွဲစိတ် ကုသမှုတွေလုပ်ခဲ့ပြီး သူ့လက်
နှစ်ဖက်လည်း ဖြတ်လိုက်ရတဲ့အပြင် နောက် ရှစ်ပတ်ခန့်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။
သေချာကြည့်ရင် သစ်သားတန်းပေါ်မှာထောင်နေတဲ့ သံချောင်းကို တွေ့ရပါမယ်


လူးဝစ် ဆီယာ
        လူးဝစ် ဆီယာ ကို ၁၈၆၃ ခုနှစ်တွင် ကွီးဘတ်မှာ မွေးဖွားခဲ့ပါတယ် ။ သူ့ကိုမွေးဖွားစဉ်
တုန်းက ကိုယ်အလေးချိန် ၁၈ ပေါင်နီးပါး၇ှိပါတယ်… အသက် ၁၂ နှစ်အရွယ်မှာ လူးဝစ် ဟာ
သစ်ခုတ်သမားအဖြစ် အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့ ထူးထူးခြားခြား ခွန်အားကြီးမားမှုနဲ့ ပက်သက်ပြီး
သူ့လုပ်ဖေါ်ကိုင်ဖက်တွေ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာတော့ လူးဝစ်
အရပ် ၅ ပေ ၁၀ လက်မ ရှိလာပြီး ကိုယ်အလေးချိန် ၂၃၀ ပေါင် ဖြစ်လာခဲ့တယ်။
ဘော့စ်တွန်မြို့မှာကျင်းပတဲ့ အသန်မာဆုံးလူရွေးချယ်ပွဲမှာ သူ့ရဲ့ ခွန်အားကြီးမားမှုကို ပထမဆုံး
လူသိရှင်ကြား ပြသခဲ့ပါတယ် ။ အဲဒီမှာ သူက ကြီးမားတောင့်တင်းသော မြင်းကြီးနှစ်ကောင်ကို
သူလက်နှစ်ဖက်မှာ ကြိုးဖြင့်ချီဖြင့် ဆစ်ဖက်ဆစ်ချက်စီကို ပြေးခိုင်းခဲ့တယ် ။ လူးဝစ်ဟာ
အံ့သြဖွယ်ကောင်းလောက်အောင် ခွန်းအားကြီးမားတဲ့အတွက် မြင်းနှစ်ကောင် ဘယ်လို
အားစိုက်ပြီးပြေးပြေး မရွေ့နိုင်ခဲ့သလို ၊ ကွေးထားတဲ့ သူ့လက်နှစ်ဖက်ကလည်း ဆန့်မသွားခဲ့ပါဘူး ။
နောက်ပြီး မြင်းကြီးတစ်ကောင်ကို ပခုံးဖြင့် သူ့ရဲ့ မချီပြခဲ့တဲ့အတွက် ပွဲကြည့်ပရိသတ်ကြီး
အံ့သြငေးမောသွားခဲ့ရတယ်။
၁၈၈၂ ခုနှစ်မှာ သူ့မွေးရပ်မြေ ကွီးဘတ်ကို ခနပြန်သွားပြီး စွမ်းရည်ပြပွဲတွေ ပြုလုပ်ခဲ့ပါတယ် ။
သူ့ရဲ့ ထူးထူးခြားခြား စွမ်းရည်ပြသမှု တစ်ခုအဖြစ် သူ့ရဲ့ကျောကုန်းပေါ် လူ ၁၈ ယောက်
မတ်တပ်ရပ်တာကို ထမ်းပြခဲ့ပါတယ် ။နောက်ပိုင်း သူဟာ မွန်ထရီရယ်ခရိုင်ရဲ့ ရဲမှုးကြီး ဖြစ်လာခဲ့ပါတယ် ။
၁၉၁၂ ခုနှစ်မှာ လူးဝစ် ကွယ်လွန်ခဲ့တယ် ။လူးဝစ် ဆီယာရဲ့ ပုံတူရုပ်တုကြီးဟာ ကွီးဘတ်မြို့မှာ
ယနေ့ထိ ရှိနေပါတယ် …


မြင်းကြီးနှစ်ကောင်၏ ဆွဲအားကို တောင့်ခံပြမည့် လူးဝစ်
လူ ၁၈ ယောက်ကို ပခုံးဖြင့် ထမ်းပြနေသော လူးဝစ်
ကွီးဘတ်မြို့ရှိ လူးဝစ် ဆီယာရဲ့ ရုပ်တု
@ FWD mail

3 comments:

  1. ထူးထူးဆန်းဆန်းလူ့ဘီလူးကြီးတွေကိုလာကြည့်သွားတယ်

    ReplyDelete
  2. အင်း...မမြင်ရရင် ယုံရမှာတောင် မဟုတ်ဘူး

    ReplyDelete

အပြင်းပြေ Drum တီးရအောင်