Monday 2 January 2012

ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသော လူမျိုးစုငယ် တစ်ခု ဘရာဇီးနိုင်ငံ တွင်တွေ့ရှိ

တောင်အမေရိကတိုက်မှ ကမ္ဘာပေါ်ရှိ လူသားများနှင့် ဆက်သွယ်မှုမရှိသော တိုင်းရင်းသား ဒေသ
ခံမျိုးနွယ်စုတစ်ခုကို ဘရာဇီးနှင့်ပီးရူးနယ်စပ် အမေဇုံသစ်တောထဲတွင်တွေ့ရှိခဲ့ရသည်ဟု ဘရာဇီးအစိုးရက
ထုတ်ပြန်ကြေညာသည်။ ဘရာဇီးနိုင်ငံ အေကာဒေသရှိ ဝေးလံသီခေါင်သော အမေဇုံသစ်တောပေါ်သို့ လေယာဉ်ဖြင့် အခေါက်ခေါက်အခါခါ
ပျံသန်းရှာဖွေခဲ့ရာမှ ထိုလူမျိုးစုအားဓါတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်းကဲ့သို့ ကမ္ဘာနှင့်အဆက်အသွယ်
ပြတ်နေသော လူမျိုးစုငယ် ၁၀၀ ခန့်အမေဇုံသစ်တောထဲတွင်ရှိနေသည်ဟုနိုင်ငံတကာ
ရှင်သန်စောင့်ရှောက်ရေး အဖွဲ့မှပြောဆိုသည်။ ၎င်းတို့နေထိုင်ရာ ဒေသအား ကာကွယ်မှုပေးမထားနိုင်လျှင်
မကြာမီမျိုးတုန်းပျောက်ကွယ်သွားမည်ဟု၎င်းတို့ကဆိုသည်။ ယခင်တွေ့ရှိခဲ့သော လူမျိုးစုငယ်
အများအပြားသည် ကျောက်ရောဂါ၊အအေးမိရောဂါတို့ဖြင့်အများအပြားမျိုးသုန်းပျောက်ကွယ်ခဲ့ဘူးသည်ဟု
သိရသည်။

1 comment:

  1. စိတ်ဝင်စားစရာဆိုဒ်လေးတစ်ခုကိုရှာတွေ့လိုက်ပီ မကြာမကြာလာလည်မယ်

    ခင်မင်လျှက်
    မဒိုးကန်

    ReplyDelete

အပြင်းပြေ Drum တီးရအောင်