Sunday 1 January 2012

Hacker တို့ ရဲ့ဆရာ Super Hacker !

တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ ဟက်ကာ ဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေ စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ ဟက်ကာဖိုရမ်ကြီး တစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တာလဲ။
ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည် - ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာ ဖိုရမ်မော်ဒီရေတာတွေကောအက်ဒမင်တွေပါ တော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲဒီ ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ပဲ အဲဒီဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင် ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီး peter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာ User Name ရော Passwords ရော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက်ထပ်ရေးသွားတာ
တွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ။

ငါအဲဒီ ပီတာ ဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ။

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်
ငါကစူပါဟက်ကာပေါ့နော်.
အခုငါလိုချင်နေတဲ့ဒီကောင့် Passwords ယူသွားပြီတဲ့။
                                            မှတ်သားလောက်ပါပေတယ် :D

2 comments:

အပြင်းပြေ Drum တီးရအောင်