Monday 6 February 2012

ကိုးလအရွယ် ကလေးလေးကိုယ်ပေါ်မှာ သူ့အလိုလိုပေါ်ထွက်လာတဲ့ ကိုရမ်ကျမ်း

နည်းနည်းတော့ ကြာပါပြီ။ဒါပေမယ့်နည်းနည်းထူးဆန်းနေလို့ တင်လိုက်ခြင်းဖြစ်ပါတယ်။Dagestan နိုင်ငံက အသက်ကိုးလ အရွယ်ရှိတဲ့ အလီဆိုတဲ့ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကိုရမ်ကျမ်း (Quran) စာပိုဒ်များ ပေါ်ထွက်လာတယ်လို့သိရပါတယ်။ ထိုကလေးမှာပေါ်လာတာကတော့ ကိုရမ်ကျမ်းထဲက Surats ဖြစ်ပြီး ဒါဟာ အလွန်ရှေးကျတဲ့ အလာရဲ့စကားဖြစ်ပါတယ်။ အရင်တုန်းကတော့ တနင်္လာနေ့နဲ့ သောကြာနေ့များမှာသာ ပေါ်တတ်ပြီး အခုဆိုရင် တချိန်လုံး ပေါ်နေပါတယ်။
မွေးစကတည်းက အလီရဲ့ကိုယ်ခန္ဓာမှာ အာရေဗျ စာနဲ့ "Show My signs to people" ဆိုတဲ့ စာ
မွေးမှတ်ကိုတွေ့ခဲ့သောလဲ မိဘနှစ်ပါးဟာ ဘယ်သူကိုမျှ မပြဘဲ လျို့ဝှက်စွာနေခဲ့ပါတယ်။ အခုတော့ရုရှားဘာသာ Vesti သတင်းဌာနကို လွန်ခဲ့တဲ့ကြာသာပတေးနေ့က မိဘနှစ်ပါးက ပြောပြခဲ့ပါတယ်။

ပြီးတော့မွေးပြီး ရက်သတ္တပါတ် အကြာမှာလဲ အလီရဲ့မေးစေ့မှာ ထိုခိုက်ဒါဏ်ရာရထားသကဲ့သို့ အညိုရောင်စာလုံး "အလာ" လို့ ပေါ်လာပြီးပြန်ပျောက်သွားတယ် နောက်တစ်ခုကတော့ ခြေထောက်မှာ လဲ ထူးဆန်းစွာ အလာဟာ အရာအားလုံးကို ဖန်ဆင်းရှင်ဖြစ်တယ်လို့ စာတွေပေါ်လာပါတယ်လို့ အလီရဲ့ အမေဖြစ်သူ Madina Yakubova ကပြောပြခဲ့ပါတယ်။ အခုဆိုရင်တော့ ဒီသတင်းကြောင့် သူတို့ရဲ့အိမ်ကို တစ်ရက်တစ်ရက်ကို လူပေါင်း တစ်ရာကျော်လောက် လာရောက်ကြည့်ရှုကြပါတယ်။ ဒေသခံ အာဏာပိုင်များကလဲ သူတို့မိသားစုအိမ်ကို နေ့ရောညပါ လုံခြုံရေးချထားတယ်လို့သိရပါတယ်။

6 comments:

  1. ဒါကြည့်ဖူးတယ် ကိုးနှစ်လား? ကိုးလလားဟင်?

    ReplyDelete
  2. EEEk....မှားတွားဒယ်.....တိုင်းကျူးပါ :)

    ReplyDelete
  3. ထူးထူးဆန်းဆန်းနော်...

    camomilla

    ReplyDelete
  4. ထူးဆန်းတယ်နော်...

    ReplyDelete
  5. ထူးဆန်းတာတွေလဲရှိတာဘဲလေ

    ReplyDelete
  6. မဖြစ်နိုင်ဘူး

    ReplyDelete

အပြင်းပြေ Drum တီးရအောင်