Wednesday 1 February 2012

မျက်လုံး (၄) လုံးပါတဲ့ ငါး

မျက်လုံး လေးလုံးပါရှိတဲ့ ငါးကို အင်္ဂလန်နိုင်ငံငါးပြတိုက်မှာ
ပေါက်ဖွားခဲ့ပါတယ်။ ထိုငါးမျိုးကိုတော့ anableps လို့လည်း
ခေါ်ဆိုကြပါသေးတယ်။ မူလကတော့ တောင်အမေရိကတိုက်က မြစ်တွေထဲမှာနေထိုင်ပြီး ထိုငါးရဲ့ မျက်လုံးတွေဟာ သွားလာနေစဉ်မှာရေ အပေါ် နှင့်
ရေအောက်ကြမ်းပြင်ကို တပြိုင်တည်း ကြည့်နိုင်ပါတယ်။ သူတို့ရဲ့မျက်လုံးတွေကတော့ ရေပြင်ညီအတိုင်း နှစ်ပိုင်းခွဲခြားတည်ရှိပြီး အစာရှာတဲ့အခါမှာ ရေအောက်ကြမ်းပြင်ကို ပါမြင်နိုင်တဲ့အတွက် သူတို့ကို တိုက်ခိုက်မဲ့အခြားရေသတ္တဝါ
များရဲ့ရန်ကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးသားဖောက်အောင်မြင်ခဲ့တာဖြစ်ပြီး ထိုပေါက်လာတဲ့ငါးများမှတဆင့် ကြီးလာပြီး သားပေါက်မဲ့ ငါးမတွေလဲ ရှိလာဦးမှာဖြစ်ပါတယ်။ ထိုအဖွဲ့မှာ Paul Renolds က အင်မတန်အံ့သြစရာကောင်းတဲ့ ငါးမျိုးကို ကျွန်တော်တို့ ငါးပြတိုက်မှာထားနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ငါးပြတိုက်ဟာပိုပြီးတော့ ထင်ပေါ်လာမယ်ဆိုတာ သံသယ ရှိစရာ မရှိပါဘူးလို့
ပြောကြားခဲ့ပါတယ်။

ထိုငါးမျိုးဟာ သားပေါက်ပြီး နောက်ထပ် ရှစ်ပါတ်နေတဲ့အခါ မှာ တဖန်သားပြန်ပေါက်ဖို့အတွက် ဗိုက်ပြန်ကြီးလာပါတယ်။ Anableps တွေဟာ သားပေါက်အရွယ်မှာတော့ ၂ လက်မခန့်သာရှိပါတယ်။ သိုသော်လည်း လျှင်မြန်စွာကြီးထွားလာပြီး ရှစ်လအတွင်းမှာ ၆ လက်မ နှင့် ၈ လက်မကြား ကြီးလာပြီး အရွယ်ရောက် တဲ့ငါးတစ်ကောင်ဖြစ်လာပါတယ်။ ဒီငါးတွေရဲ့ အဓိကအစားစာကတော့ ပိုးမွှားများနဲ့
ကျောရိုး မရှိတဲ့သတ္တဝါတွေကို စားသောက်ကြပါတယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်