Saturday 18 February 2012

ဝှေးစေ့ အတုများကို လာမည့်နှစ်များတွင် ဖန်တီးနိုင်ဖွယ်ရှိ

လူဟူ၍ဖြစ်လာလျှင် မဖြစ်မနေပြုလုပ်ရမည့်တာဝန်များကို
 မွေးဖွားလာစဉ်ကတည်းက ယူထားရပြီးသားဖြစ်သည့်အနက်
 နောင်လာနောက်သားမျိုးဆက်သစ်များ ပွားများစေရေးမှာ အဓိက အကျဆုံးသောတာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ ထိုတာဝန်ကို ကျေပြွန်ရန်ဆိုသည်က လူသားမျိုးသုတ်သွေးနှင့် အမျိုးသမီး မ မျိုးဥများ ပေါင်းစပ်ကာ အောင်မြင်စွာဖြင့် သန္ဓေသားလောင်းတစ်ခုပေါ်ပေါက်လာရန်အရေးကြီးလှသည်။ အကယ်၍ အဖိုနှင့်အမ ဘက်မှတစ်ဖက်ဖက်ချို့တဲ့နေခဲ့ပါလျှင် သားသမီးရတနာ ထွန်းကားလာနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ ချို့ယွင်းချက်ထဲတွင် အမျိုးသားဘက်မှ သန္ဓေမအောင်ပါက (Male Ingertility) ဟုခေါ်ရပြီး ထိုအခြေအနေ ဖြစ်ပေါ်စေသောအကြောင်းအရာများမှာ အမျိုးသားဝှေးစေ့ (Testicle) မှ ဟော်မုန်းနည်းပါးခြင်းကြောင့်ဖြစ်သည်။ အဆိုပါ အခြေအနေကို ကုသရာတွင် ကာယကံရှင်အမျိုးသား၏ ကျန်းမာရေးအခြေအနေနှင့်သက်ဆိုင်ပြီး ပုံစံအမျိုးမျိုးကွဲပြားခြားနားလေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ဖတ်ရှုခဲ့ရသော သတင်းတစ်ပုဒ်မှာ ဂျာမနီ နိုင်ငံ မူအမ်စတာမြို့ရှိ မူအမ်စတာ တက္ကသိုလ်မှ လေ့လာရေးပညာရှင်များက သားသမီး မထွန်းကားနိုင်သောအခြေအနေတစ်ရပ်နှင့် ကြုံတွေ့နေရသည့်အမျိုးသားများအား မိမိကိုယ်တိုင်၏ ( Sperm ) ဖြင့်ပင် သားသမီးရရှိစေနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အဆိုပါလေ့လာသူပညာရှင်များက ဓါတ်ခွဲခန်းအတွင်း ကြွက်တုပ်ကွေးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ရာ နည်းပညာဖြင့် လူသုတ်သွေးဖန်တီးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ယခုနောက်ဆုံး ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဖတ်ရှုလိုက်ရသော သတင်းတစ်ပုဒ်မှာမူ အမျိုးသားများအတွက် စိတ်အားတက်ကြွစရာ ပို၍ပင်ဖြစ်စေပါသည်။
ဆန်ဖရန်စစ္စကိုမှ ဒေါက်တာရက်ခ်၏အဆိုအရ လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း သားသမီးများကောင်းစွာ ဖန်တီးနိုင်သော အမျိုးသား သုတ်သွေး ( Sperm ) များကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ဝှေးစေ့များကို တီထွင်ဖန်တီးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝှေးစေ့အတု ဖန်တီးပြုလုပ်နိုင်ရန်အတွက် ရန်ပုံငွေလည်း ရရှိထားပြီးဖြစ်ရာ လာမည့်နှစ်များအတွင်း မည်သို့မည်ပုံ အကောင်အထည်ပေါ်လာမည်ကို အသေအချာလေ့လာစောင့်ကြည့်ကြရဦးမည်ဖြစ်ပါသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်