Tuesday 28 February 2012

ကမ္ဘာ့ မုတ်ဆိတ်မွေးအရှည်ဆုံး အမျိုးသမီး

အီလီနွိုက်စ်ပြည်နယ်က ဗီဗီယံ ၀ှီလာ ဆိုသူ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ မုတ်ဆိတ်မွေးအရှည်ဆုံး အမျိုးသမီးအဖြစ် တမ်းဝင်ထားပါတယ်  သူမရဲ့ မုတ်ဆိတ်မွေးအရှည်ဟာ ၁၁ လက်မ( ၂၇.၉ စင်တီမီတာ) ရှိပါတယ် ။သူမဟာ သူမအမေကဲ့သို့ hypertrichosis,မွေးရာပါ မုန်းပြောင်းလဲမှုကြောင့် ငယ်ရွယ်စဉ်ထဲက မျက်နှာပြင်မှာ အမွေးတွေ စပေါက်ခဲ့တာပါ ။ သူမအသက် ၇ နှစ်အရွယ်မှာတော့ သူမအဖေရဲ့ တောင်းဆိုမှုအရ မုတ်ဆိတ်မွေးတွေ စတင်ရိတ်ခဲ့ပါတယ် သို.သော်လည်း ၁၉၉၃ ခုနှစ်ကစပြီး မုတ်ဆိတ်ရိတ်တဲ့ အလုပ်ကို လုံးဝစွန့်လွတ်လိုက်ပြီး မုတ်ဆိတ်ထားခဲ့ပါတယ်
သူမရဲ့ထူးခြားလှတဲ့အကြောင်းအရာတစ်ခု ရှိပါသေးတယ် ။ ဒါကတော့… သူမကို မွေးဖွားစဉ်က အဖို နဲ့ အမ မျိုးပွားအင်္ဂါနှစ်မျိုးလုံး ပါ ပါတယ်တဲ့ .. သူမရဲ့ ပါးပြင်နဲ့ မေး၇ိုးတစ်လျောက်မှာလည်းတစ်လက်မခွဲခန့်ရှည်တဲ့

အမွေးတွေ ဖုံးလွမ်းနေခဲ့ပါတယ် ။သူမ၇ဲ့ အမေက သူမကို မိန်းကလေးတစ်ယောက်သာ ဖြစ်စေချင်တာကြောင့် ဖိုမျိုးပွားအင်္ဂါကို ဖြတ်တောက်ပစ်ပေးဖို. ဆရာဝန်များကိုတောင်းဆိုခဲ့ပါတယ် ။
သူမရဲ့ အဖေဟာ သူ့ရဲ့ မုတ်ဆိတ်မွေးတွေပေါက်နေတဲ့ သမီးကြောင့် ရှက်ရွံ့ခဲ့ပါတယ် ။ သို.ပေမဲ့လည်း အဖေဖြစ်သူဟာ ဒီမုတ်ဆိတ်မွေးပေါက်နေတဲ့ သမီး၇ဲ့ အခြေအနေဆိုးကိုအမြတ်ထုတ်ခဲ့ပါတယ် ။ မစ္စ ၀ှီလာ ဟာ ငယ်စဉ်ကတည်းက ပြပွဲတွေမှာ လူထူးလူဆန်းတစ်ယောက်အဖြစ် တင်ဆက်ပြသခြင်းအလုပ်ကို လုပ်ဆောင်ခဲ့ပြီး မိသားစုကို ပိုက်ဆံ၇ှာပေးခဲ့ရပါတယ် ။
မစ္စ ၀ှီလာဟာ ရစ်ချတ်ဆိုသော အမျိုးသားတဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး ရစ်ချတ် ၀ီလီယံ ဆိုသော သားတစ်ဦးကို ၁၉၇၇ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ် .. သူမဟာ အမျိုးသားကဲ့သို့ အရိုးဖွဲ့စည်းတည်ဆောက် ပုံ၇ှိပြီး ကျားဟိုးမုန်းတစ်ဝက် မဟိုမုန်းတစ်ဝက်ဖြစ်နေတာကြောင့် မီးဖွားစဉ်အခါက သားဖွားဆရာဝန်များရဲ့
အမြင်မှာ မစ္စ ၀ှီလာဟာ သားဖွားနိုင်ဖို. မဖြစ်နိုင်ဘူးလို. တထစ်ချတွက်ဆခဲ့ပေမဲ့ သူတို.အထင်မှားခဲ့ပါတယ် ။ သို.သော်လည်း ကံဆိုးသူ မစ္စ ၀ှီလာဟာ သူမ၇ဲ့ကလေး နဲ့ ရက်အနည်းငယ်သာ အတူတူနေခွင့်ရခဲ့ပြီး ကလေးရဲ့အဖေက သားငယ်လေးကိုယူဆောင်ပြီး သူမနဲ့ဝေးရာကို ထွက်သွားခဲ့ပါတယ် ။ 
အကျဉ်းချုံးပြောရရင် သူမအသက် ၆၂နှစ်အရွယ်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်သောသားဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ် ။ကမ္ဘာတစ်လွားထူးထူးခြားခြား ပုဂ္ဂိုလ်များအကြောင်း ပြသလေ့ရှိတဲ့ အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုကိုကြည့်ပြီး သားဖြစ်သူ ရစ်ချတ်ဂျူနီယာဟာ တင်အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။
@ ဦးဦးမှော်ဆရာ

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်