Tuesday 21 February 2012

သြစတြေးလျတွင် ကလေးငယ်တစ်ဦး အစာအိမ်မပါပဲ မွေးဖွားလာ

သြစတြေးလျနိုင်ငံတွင် ကလေးငယ်တစ်ဦးသည် အစာအိမ်မပါပဲ မွေးဖွားလာခဲ့ကြောင်းသိရသည်။ ဘရန်နာ အာကင်စတော ဟုခေါ်သော ထိုကလေးငယ်အတွက် မည်သို့မည်ပုံဆောင်ရွက်ပေးရမည်ကို ဆေးရုံ (၃)ခုပြောင်းကာ ဆရာဝန်များ နည်းလမ်းရှာ တိုင်ပင်ခဲ့ရသည်။ မိန်းကလေးငယ် ဘရန်နာသည် နယူးဆောက်ဝေး တောင်ပိုင်းကမ်းခြေရှိ မီလ်တန် ဟိုတယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမသည် မွေးဖွားပြီး မိနစ်ပိုင်းအကြာတွင် အသားအရေ ပြာနှမ်းလာသဖြင့် ဆရာဝန်များက အလွန်စိုးရိမ်ကာ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သက်သာလာသည့် အရိပ်လက္ခဏာ မတွေ့ခဲ့ရချေ။
"ဘာမှားနေတယ်ဆိုတာ အဖြေမထုတ်နိုင်ဘူးဖြစ်နေတယ်" ဟု မိခင်ဖြစ်သူ ဂျက်စမင်းက ဆိုသည်။ ဒါနဲ့ နောက်တစ်နေ့ကျတော့ တခြားဆေးရုံကို ပို့လိုက်ရတယ်။ နော်ဝါဆေးရုံကို လူနာတင်ယာဉ်နဲ့ ပို့ပါတယ်။ ကျွန်မတို့လည်း သူနာပြုဆရာမတွေကုသပေးနေတာကို စောင့်နေခဲ့တယ် ဟု အသက် (၂၅) နှစ်အရွယ် ဂျက်စမင်က ပြောကြားခဲ့တယ်။
နောက်ထပ် (၂၄) နာရီမျှ မအိပ်ရ၊မစားရ ဖြတ်သန်းပြီးနောက် ဆရာဝန်များက ဂျက်စမင်းအား ကလေးကို ဝက်စ်မိဒ် ကလေးအထူးကု ဆေးရုံသို့ ခေါ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်။ အဆိုပါဆေးရုံတွင် ရင်ဘတ် ဓါတ်မှန် ရိုက်ကြည့်ပြီးနောက် မိန်းကလေးတွင် အစာအိမ် မပါလာသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် မိန်းကလေးအနေဖြင့် အစာမစားနိုင်ပဲ ဖြစ်နေပြီး ယင်းကို မည်သို့မည်ပုံ ကုသရမည်ကို မသိသေးကြောင်း မိခင်ဖြစ်သူ ဂျက်စမင်းမှ ဖွင့်ဟသွားခဲ့သည် ။
source : dailytelegraph

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်