Sunday 5 February 2012

သစ်ပင်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ကြောင်းကို ပညာရှင်များတွေ့ရှိ

ဝါရှင်တန် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ပညာရှင်များဟာ သစ်ပင်မှ လျှပ်စစ်စွမ်းအင်ထုတ်လို့ရတယ်ဆိုတာ သူတို့ရဲ့ ရှာဖွေမှုများအရ တွေ့ရှိခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ တစ်ချို့သောသူတွေဟာ အာလူးနဲ့ သံပုရာသီးတို့မှာ မတူညီတဲ့ သတ္တုနှစ်မျိုးကို အသုံးပြုကာ လျှပ်စစ်ထုတ်လုပ်နိုင်တယ်ဆိုတာ သိရှိပြီးသားဖြစ်ပါတယ်။
(ကျွန်တော်တို့ဆီကတစ်ချို့သောလူများဟာ နွားချေးဖြင့်လျှပ်စစ်ထုတ်လုပ်နည်းကိုသိထားကြပါတယ်)
အခုလို သစ်ပင်မှ လျှပ်စစ်ထုတ်လုပ်နိုင်တာကို ရှာဖွေတွေ့ရှိခဲ့တာကတော့ Massachusetts သိပ္ပံနဲ့ နည်းပညာမှ သုတေသီများဖြစ်ပါတယ်။ သူတို့ဟာ မျိုးတူတဲ့ သတ္တု နှစ်ခုကိုအသုံးပြု၍ လျှပ်စစ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ထွက်ရှိသော လျှပ်စစ်ဗို့အားမှာအလွန်အားနည်းပြီး ၂ဝဝ မီလီဗို့ (ဝ.၂ ဗို့) ခန့်သာ ထုတ်လုပ်နိုင်သည်ဟုသိရပါတယ်။ ဒီလောက်နည်းနဲ့ ဗို့အားကို ဘယ်နေရာမှာသွားသုံးမလဲဆိုပြီးမေးစရာရှိပေမဲ့ အရွက်ကြီးသစ်ပင်တစ်မျိုးဖြစ်တဲ့ maple သစ်ပင်မှ တည်ငြိမ်တဲ့ လျှပ်စစ်အားကို ဗို့အားမြှင့်တင်စက်ကို အသုံးပြုပြီးစမ်းသပ်ကြည့်တဲ့အခါမှာ တော့ ဗို့အားနည်းငယ်သာလိုအပ်သော sensors (စန်ဆာ)များ တွင် အသုံးပြုနိုင်ကြောင်းသိရှိခဲ့ရပါသည်။ ထိုအဖွဲ့မှ အုပ်ချူပ်သူတစ်ယောက်က သစ်ပင်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူတာ နေရောင်ခြည်မှ ထုတ်လုပ်ရရှိသော Solar နဲ့တော့မတူပါဘူး။ ဒါပေမဲ့ သဘာဝပါတ်ဝန်းကျင်၊ တောမီးလောင်ခြင်းတို့အတွက်စောင့်ကြည့် ထားရှိသော sensors များတွင်အသုံးပြုခြင်အားဖြစ် စရိတ်သက်သာမှုကိုရရှိမှာဖြစ်ပါတယ် လို့ပြောကြားခဲ့ပါတယ်။
source : http://www.zmescience.com/research/electricity-from-trees/

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်