Saturday 12 January 2013

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။ ကိုလီရိပ်သာလမ်းတစ်လျှောက် ခြင်္သေ့တစ်ကောင် လွတ်နေပြီး ယင်းသည် အစာရှာနေဟန်ရှိကြောင်း သတင်းသည် ရဲတပ်ဖွဲ့ဝင်များကို မျက်လုံးပြူးသွားစေသည်။

ထို့ကြောင့် ရဲများသည် ဗာဂျီးနီးယား တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများအား ဆက်သွယ်ပြီး သတင်းပို့ရာ နေရာသို ခြင်္သေ့ဖမ်းရန် အလျင်အမြန် ရောက်ရှိလာကြသည်။ ထို့နောက်တွင်တော့ ရဲများသည် အသက်(၃)နှစ်အရွယ် လာဘရာဒိုဒယ်လ် ခွေးကလေး ချားလ်စ်ကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ ဝါရင့် ရဲဝန်ထမ်း အချို့က ချားလ်စ်နှင့် ပတ်သက်ပြီး လူအများ အမြင်မှားသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ဟု ဒေသခံ သတင်းဌာနများသို့ ရယ်မော ပြောဆိုခဲ့သည်။

ချားလ်စ်၏ ပိုင်ရှင်ဖြစ်သူ ဒန်နီရယ်လ် ပိန်းတားက အဆန်းထွင်ကာ ချားလ်စ်ကို ခြင်္သေ့တစ်ကောင်နှင့် တူအောင် အမွေးများ ရိတ်ဖြတ် အလှဆင်ပေးထားခြင်း ဖြစ်သည်။ ချားလ်ကို မျက်မှန်းတန်းမိနေသည့် အိမ်နီးချင်းများက ခွေးတစ်ကောင်မှန်း သိရှိသော်လည်း ရုတ်တရက် တွေ့မြင်လိုက်သည့် လူစိမ်းများကမူ အမြင်မှားနေဆဲဟု သိရှိရသည်။
မူရင်း==>http://www.planet.com.mm/news/read.cfm/id/20701

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်