Tuesday 11 September 2012

ဗြိတိန်တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် ပြိုင်ပွဲ မှကမ္ဘာ့အရှည်ဆုံး မုန်လာပင် စံချိန်တင်ပေါ်ထွက်လာ



အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အသီးအနှံ ပြိုင်ပွဲမှာ Peter Glazebrook ဆိုသူ စိုက်ပျိုးရေးသမားတစ်ယောက်ရဲ့ အရွက်စားနိုင်တဲ့ မုန်လာပင်တစ်မျိုးဟာ ကမ္ဘာ့ အရှည်ဆုံး မုန်လာပင် အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ထိုအပင်ရဲ့ အရှည်ဟာ ၁၈ ပေ ၅ လက်မ (သို့) ၅.၆၀၇ မီတာ ရှိကြောင်းလဲ သိရပါတယ်။
Mr Glazebrook  ဟာ သူ့ရဲ့ ပထမဆုံး ဝင်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပထမ အဖြစ်နဲ့ရော ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ အဖြစ်ရော ရရှိခဲ့တာ ဖြစ်တာကြောင့် အလွန်ပဲ ပျော်ရွှင် ကြည်နူးမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ထို့အတူ ထိုပြိုင်ပွဲတွင် အကြီးဆုံး ဥ အဖြစ် ၈ ပေါင် ၄၀ အောင်စ (၃.၇၆ ကီလို) လေးတဲ့ အာလူး တစ်ဥ လဲ ဆုရသွားကြောင်း သိရပါတယ်။



No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်