Monday 22 October 2012

ဝက်မွေးမြူတဲ့ လယ်သမားအဖိုးအို ဝက်စားသောက်တာကို ခံလိုက်ရခြင်း

အမေရိကန်နိုင်ငံ အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိတဲ့ လယ်သမားအဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ (318 Kilos) လောက်ရှိတဲ့ ဝက်တွေကဝိုင်းဝန်းစားသောက်
ပစ်လိုက်ပါတယ်တဲ့။ဒါပေမယ့် သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေကတော့ လယ်သမားအဖိုးအိုဟာ ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့အပတ်က Terry V. Garner ဆိုတဲ့ လယ်သမားအဖိုးအိုဟာ ဝက်တွေကို အစာကျွေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူပြန်မရောက်လာတော့လို့ သူ့မိသားစုဝင်တစ်ယောက်က သူ့ကို ဝက်မွေးမြူတဲ့ခြံကို လိုက်သွားကြည့်တဲ့အခါ သူ့သွားတွေလို့ ထင်ရတဲ့အရာတစ်ချို့နဲ့ အသားစ တစ်ချို့ ကိုပဲတွေ့ရှိရပါတယ်လို့ NBC သတင်းဌါနက ဆိုပါတယ်။
သတင်းတွေရဲ့အဆိုအရ ဝက်တွေဟာ လယ်သမားအဖိုးအိုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ကိုချန်ခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ ဒေသပိုင်တွေရဲ့အဆိုအရတော့ Garner ဟာ ဘယ်လိုဖြစ်ပြီး ဒီလိုအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုစုံစမ်းလေ့လာမှုတွေကို လုပ်နေပါတယ်လို့ဆိုပါတယ်။
အဲဒီရုံးရဲ့ကြေငြာချက်မှာတော့အနည်းဆုံးဝက်တစ်ကောင်က Mr. Gamerကိုရန်လိုခဲ့ပုံရတယ်လို့
 ပြောပြခဲ့ပါတယ်။
ဒီလို ဝက်တွေက လူကိုစားသွားတဲ့ ဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ရိုမေးနီးယားအမျိုးသမီးတစ်ယောက်ဟာလည်း သူမွေးထားတဲ့ ဝက်တွေက သူ့ကို ၂၀၀၄ ခုနှစ်မှာ စားသောက်ခဲ့ပါတယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။
 သေမှုသေခင်းဆရာဝန်တွေကတော့ Mr. Garner သေဆုံးသွားရခြင်းအကြောင်းကို ကျန်ခဲ့တဲ့ သူ့ရဲ့ အရိုး၊အသားစတွေကနေပြီးတော့ စစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုးကို ကြည့်ရှုပြီး ဝက်မွေးမြူတဲ့ လူတွေ ဝက်စာကျွေးရင် ဂရုတစိုက်ကျွေးရမယ်ဆိုတာ သတိထားသင့်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်