Tuesday 3 September 2013

ကမ္ဘာ့ အန္တရာယ်အများဆုံး လေယာဉ်ကွင်း (၁၀) ကွင်း


၁။  ။ LUKLA (နီပေါ)......  လေယာဉ်ပြေးလမ်းတိုခြင်း၊လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစပြီး
ကွန်ကရစ်ခင်းလမ်းအဖြစ် ပြုပြင်ခြင်း၊ တောင်ကမ်းပါးကြားတွင် တည်ဆောက်ထားပြီး လူနေအိမ်များနှင့် နီးကပ် သောကြောင့် အန္တရာယ်များခြင်း။
၂။  ။ TONCONTIN (ဟွန်းဒူးရပ်) ...... လေယာဉ် ပြေးလမ်းကို ဆင်းသက်ဖို့ အန္တရာယ်များ ပြီး လေယာဉ်ပြေးလမ်း တိုခြင်း။
၃။  ။St BARTS (ပြင်သစ်)...... ပြေးလမ်း အရမ်းနိမ့်ပြီး တောင်တန်းတွေကြားမှာတည်ဆောက်ထားခြင်း။
လေယာဉ်ပြေးလမ်းအဆုံးတွင် ပင်လယ်ရှိသောကြောင့် အခန့်မသင့်လျှင် ပင်လယ်ထဲ ထိုးကျနိုင်ခြင်း။
၎။  ။ St MAARTEN ..... ပြေးလမ်းတိုခြင်း၊ပင်လယ်ကမ်းခြေနှင့် နီးသောကြောင့် လူအများ အနားယူ၊အပန်းဖြေသည့်အချိန် လေယာဉ်ဆင်းသက်ရာတွင် အလွန် အန္တရာယ်များခြင်း။
၅။  ။GIBRALTAR (ဗြိတိန် အပိုင်လို့တော့ ထင်သည်)...... ပြေးလမ်းတိုခြင်း၊ ဂျီဘရော့တာ ကျောက်ဆောင်ကြီး နံဘေးရှိ အဆောက်အအုံများနှင့် နီးကပ်ခြင်း၊ပြေးလမ်းအား အဝေးပြေး လမ်းမကြီးကိုဖြတ်လျက်
 ဆောက်လုပ်ထားခြင်း။
၆။  ။ KAI TAK (ဟောင်ကောင်)..... လေယာဉ်ကွင်း အနီးတ၀ိုက်တွင် အဆောက်အအုံ အမြင့်များဆောက်လုပ်ထားခြင်း၊
ပင်လယ်ဆိပ်ကမ်းနှင့် နီးခြင်း။
၇။  ။ COURCHEVEL (ပြင်သစ်).... ပင်လယ်ရေမျက်နှာပြင် အထက် အတော်မြင့်မြင့်တွင်ရှိသောကြောင့် ဆီးနှင်းများ အမြဲ ဖုံးလွှမ်းနေခြင်း၊ ဆီးနှင်းများကြောင့် လေယာဉ်ပြေးလမ်းချော်နိုင်ခြင်း ၊ ပြေးလမ်းအဆုံးတွင် လျှိုမြှောင်ရှိသောကြောင့် အခန့်မသင့်လျှင် ချောက်ထဲ ပြုတ်ကျနိုင်ခြင်း။
၈။  ။ EAGLE VAIL (အမေရိကန်) ..... တောင်တန်းများကြားတွင် ဆောက်လုပ်ထားခြင်း၊ ပင်လယ်ရေမျက်နှာပြင် အတော်မြင့်မြင့်တွင် ဆောက်လုပ်ထားခြင်းကြောင့် ဆီးနှင်းများကျရောက်ပြီး လေယာဉ် အဆင်း/အတက် ပြုလုပ်ရာတွင် အန္တရာယ်များခြင်း။
၉။  ။ MADEIRA (ပေါ်တူဂီ).... လေယာဉ်ပြေးလမ်းအောက်တွင် ဆိုင်ခန်းများ ၊ စားသောက်ဆိုင်များ ၊ အများပြည်သူ နှင့်သက်ဆိုင်သော နေရာများ၊ ကားပါကင်များ တည်ရှိသောကြောင့် လေယာဉ်ဆင်းသက်ရာတွင် သတိရှိစွာ ဆင်းသက်မှုပြုလုပ်ရခြင်း။
၁၀။  ။ SAN DIEGO (ဘရာဇီး) .... လေယာဉ်အတက်/အဆင်းများသောကြောင့် ပါကင်ထိုးရာတွင် အခက်အခဲဖြစ်ခြင်း။ အဆောက်အအုံများနှင့် နီးကပ်စွာတည်ရှိခြင်း။


No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်