Wednesday 24 October 2012

မျက်စိမမြင်ပေမဲ့ ကားပြင်နိုင်တဲ့ မက်ကန်းနစ်

မျက်မမြင်ကားပြင်သူတစ်ယောက်ဟာ သူဟာ ကားရဲ့
အသံကိုနားထောင်ရုံ ကားရဲ့ တုန်ခါမှုကို ထိတွေ့ရုံနဲ့ ကားဘာဖြစ်လဲဆိုတာ သိနိုင်တယ်လို့ဆိုပါတယ်။ သူ့ နာမည်က Col Collewijn ဖြစ်ပြီး ဟော်လန်နိုင်ငံ Nuis က ဝပ်ရှော့တစ်ခုမှာ
အလုပ်လုပ်ပါတယ်။ သူဟာသူ့အသက် ၈ နှစ်သားအရွယ်မှာ အမြင်အာရုံ ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ Collewijn က ကျွန်တော့် ကရိယာ တွေဟာ ကာလကြာရှည်စွာ နေရာတစ်ခုတည်းမှာပုံသေရှိနေခဲ့တာပါ။
 မူလီ တစ်လုံကအစ မြေကြီးပေါ် ကို ကျနေခြင်းမရှိပါဘူး။ ဒါကြောင့် ဒီကိရိယာတွေကို လှမ်းပြီး ကောင်းကောင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော် အကြားအရုံနဲ့ အထိအတွေ အာရုံ တွေကို ကျွန်တော်ယုံကြည်တယ်။
 ပြီးတော့ ကားတစ်စီးရဲ့ အင်ဂျင် တုန်ခါမှုနဲ့ အင်ဂျင်ထဲက ပုံမှန်မဟုတ်ထူးခြားပြီး ထွက်လာတဲ့အသံမျိုး ကို ကျွန်တော်သိတယ်။ တခါတစ်လေဆို အသံကြားတာနဲ့ အဲ့ဒီကား ဘယ်နေရာမှာဘာဖြစ်နေပြီလဲဆိုတာ တိတိကျကျ ကျွန်တော်သိနိုင်တယ်။ တခြားကားပြင်တဲ့ ဝပ်ရှော့ ဆရာတွေအားလုံးထက် ကျွန်တော့မှာ တပန်းသာတဲ့ အားသာချက် တစ်ခုရှိတယ်ဗျ အဲ့ဒါကတော့ ကျွန်တော် အမှောင်ထဲမှာ ကားပြင်နိုင်တယ် လို့ Collewijn က ရယ်မောပြီး ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်