Wednesday 5 December 2012

Virus ရဲ့ သမိုင်းကြောင်း


 Virus ဖန်တီးခြင်းကြောင်းတွေ ကာကွယ်ခြင်းအကြောင်းတွေ တင်ပြီးတော့မှပဲ သူရဲ့ သမိုင်းကို တင်ဖြစ်တော့တယ်…ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး စိတ်ကူးပေါက်တာနဲ့ တင်လိုက်တာပါ…ဒီအကြောင်းအရာတွေကို မဖတ်ခင်မှာ “Virus ဆိုတာ self- replication computer program တစ်ခုဖြစ်ပြီး အခြား executable code (သို့) documents များထဲကို သူ့တို့ကိုယ်သူတို့ copy ကူးထည့်ခြင်း အားဖြင့် ကူးစက်ပြန့်နှံ့ စေတာဖြစ်တယ်” ဆိုတဲ့ အချက်ကို မေ့လို့ မဖြစ်ပါဘူး
… အဲဒီအချက်ကိုမေ့နေမယ်ဆိုရင် ဒီ Post ကို နားမလည်နိုင်ပါဘူး… ကူးစက်ခြင်းအဆင့်ဆင့်ကို ” Virus ဖန်တီးခြင်း (၁)၊ (၂)၊ (၃)” မှာ ရှင်းပြခဲ့ပြီးပါပြီ”….Virus သမိုင်း အစမှာဆိုရင် ပထမဆုံး” ထွက်ပေါ်ခဲ့တဲ့ Virus အကြောင်းနဲ့  ပတ်သတ်လို့ ဆွေးနွေးငြင်းခုံမှုတွေဟာ အဆုံးမရှိထွက်ပေါ်ခဲ့ပါတယ်..ဘာကြောင့်လဲဆိုတော့ ၁၉၇၀ ၀န်းကျင်လောက်မှာ malware တွေ attack လုပ်ခဲ့ကြလို့ပါ…အချို့သူတွေက ဒီ malware တွေ attack လုပ်ခဲ့တာကို ထပ်သွင်း ရေတွက်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်…malware လို့ဆိုပေမယ့် ယေဘူယျသတ်မှတ်ချက်အရ ပြောရရင်worms တွေဖြစ်ကြပြီး virus တော့ မဟုတ်သေးပါဘူး… ဒါကြောင့် ၁၉၇၀ အစောပိုင်း ပေါ်ထွက်ခဲ့ တာတွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်…သို့သော်လည်း Computer Knowledge ပိုင်းကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ Virus တွေရဲ့ သမိုင်းဟာ ၁၉၈၁ မှာစတင် ခဲ့တယ်လို့ ယူဆနိုင်ပါတယ် ။

၁၉၆၀နှောင်းပိုင်း – ၁၉၇၀ အစောပိုင်းနှစ်များ
၁၉၇၀ အဦးပိုင်းမှာ Arpanet (Advanced Research Projects Agency net) ကနေပြီး Creeper လို့ ခေါ်တဲ့ worm တစ်ခုကို စတင်တွေ့ရှိခဲ့ပါတယ်…ဒီ worm ကို Tenex operating system အောက်မှာ global computer networks များဆီသို့ သူဟာသူပျံနှံ့နိုင်အောင် ဖန်တီးခဲ့ပါတယ်…၄င်းဟာ သူ့ဟာသူ modem ကနေတဆင့် network တစ်ခုဆီရောက်အောင် ၀င်နိုင်စွမ်းရှိပြီး remote systemများဆီကို သူ့ကိုယ်သူ copy လုပ်ခြင်းအားဖြင့် ကူးပြောင်းပါတယ်…သူက တခြား system တစ်ခုထဲရောက်သွားပြီးဆို ရင် “I’M THE CREEPER : CATCH ME IF YOU CAN” ဆိုတဲ့ message လေးဖော်ပြတတ်ပါတယ်… သူနဲ့ ကပ်လျက်ပဲ program လေးတစ်ခုထပ်ထွက်လာပါတယ် အဲဒါကတော့ Creeper ကို နှိမ်နင်းမယ့် Reaper ပဲဖြစ်ပါတယ်… Reaper က Creeper ကိုလိုက်ရှာပြီး delete လုပ်ပါတယ်… အားလုံးသိကြတဲ့ “ပထမဆုံး” Anti-virus progam လို့ ပြောရမှာပါပဲ…
၁၉၇၄ ခုနှစ်မှာ ထပ်ပြီးထွက်လာတဲ့ malware တစ်ခုကတော့ Rabbit လို့ခေါ်ပါတယ် … သူကတော့ system တွေကို crash လုပ်ဖို့အတွက် သူကိုယ်သူ ဘက်ပေါင်းစုံကနေ မြန်မြန်ဆန်ဆန် ပုံတူပွား နိုင်ပြီး အများအားဖြင့်တော့ system တစ်ခုကနေ တစ်ခုကို သူ့ကိုသူ copy မလုပ်နိုင်ပါဘူး…၄င်းက system resources တွေမှာ ခိုအောင်းနေပြီး system ရဲ့ ထုတ်လုပ်နိုင်မှုတွေကို နိမ့်ဆင်းသွားအောင် လုပ်ပါတယ်…
၁၉၇၅ ခုနှစ်မှာတော့ UNIVAC 1108 system အတွက် Pervading Animal လို့ခေါ်တဲ့ game တစ်ခုရေးခဲ့ပါတယ် …အဲဒီ game က user ကို စိတ်ဝင်စားအောင် မေးခွန်းတွေမေးပြီးတော့ user တွေးနေတဲ့ သတ္တ၀ါက ဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချပါတယ် …. ဒါပေမယ့်လည်း ဒီ game က တကယ်ဖြစ်နေတာ ကတော့ file တိုင်းမှာ သူကို့သူ ရေးထည့်နိုင်ဖို့ပဲဖြစ်ပြီး file တွေထဲ ရေးပြီးပြီလား မရေးရသေးဘူးလားဆိုတာ ကို ဆုံးဖြတ်ဖို့အတွက် အချိန်တွေကို ဖန်တီးပြောင်းလဲယူဖို့အတွက်ပဲ ဖြစ်ပါတယ်… executable file တွေနဲ့ အဆုံးမှာ သူဟာသူရောနှောပေါင်းစပ်လိုက်ပါတယ်..ဒါဟာ Trojan ရဲ့ အပြုအမူတွေဖြစ်အောင် တမင်လုပ်ခဲ့တာလား … မတော်တဆဖြစ်ခဲ့တာလားဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ပါဘူး…ဒီအပြုအမူတွေဟာ ယခုခေတ်ပေါ် ထောင်ပေါင်းများစွာသော Trojan များနဲ့ တူညီနေပါတယ်….JÃrgen Kraus ရဲ့ master thesis မှာတော့ ဒီ Program ကို Selbstreproduktion bei Programmen( Self-reproduction of programs) လို့ခေါ်ခဲ့ပါတယ်…
၁၉၈၀ အစပိုင်း
ဒီနှစ်ပိုင်းတွေကို ရောက်လာတဲ့ အခါမှာတော့ Computer တွေဟာ ပိုပို ပြီးတော့ လူသုံးများလာကြပါတယ်…program အရေအတွက်အနေနဲ့ software company တွေကနေထုတ်တာ မဟုတ်ပေမယ့်လည်းပဲ တစ်ဦးချင်းအနေနဲ့ထုတ်လုပ်မှုဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်….ဒီ Program တွေကို general access servers- BBS တွေကနေ တိုက်ရိုက် ဖြန့်ဝေခြင်း၊ လဲလှယ်ခြင်းတွေ လုပ်နိုင်ပါတယ်… အဲဒီရလဒ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ Trojan horses တွေ၊ System ကို အနှောင့်အယှက်ပေးနိုင်တဲ့ Program တွေ အမြောက်အမြားထွက်ပေါ်လာဖို့ အတွက် လမ်းစဖြစ်ခဲ့ပါတယ်….
၁၉၈၁ – Wild ထဲမှ ပထမဆုံး Virus
Robert Slade ရဲ့ သမိုင်းဖော်ပြချက်အရဆိုရင်.. ယနေ့ခေတ် Virus များကဲ့ သို့ အလုပ်လုပ်နိုင်ဖို့အတွက် Wild ထဲကို စမ်းသပ်တဲ့သဘောမျိုးနဲ့ ပထမဆုံးရောက်လာတဲ့ Virus လို့ ပြောရပါလိမ့်မယ်.. Texas A&M University ကနေစတင် ပျံနှံ့လာတယ်လို့ အများက လက်ခံထားပါတယ်… အဲဒီ Virus နဲ့ နာမည်ကတော့
“Elk Cloner” ဖြစ်ပြီး ပျံ့နှံလွယ်တဲ့ Bootable virus ဖြစ်ပါတယ်…Apple II computer များကို တိုက်ခိုက်တာ ဖြစ်ပါတယ်… diskettes ရဲ့ boot sector က call တွေရှိလာတဲ့အခါ သူကိုယ်သူ တွဲဆက်လိုက်ပါတယ်…အဲဒီ Virus ၀င်ပြီဆိုရင် ဒီလိုစာသားလေးတွေ screen မှာဖော်ပြပါတယ်…..

It will get on all your disks
It will infiltrate your chips
Yes it’s Cloner!
It will stick to you like glue
It will modify ram too
Send in the Cloner!
၁၉၈၃ – ပထမဆုံး Virus စမ်းသပ်ချက်စာတမ်း
Fred Cohen က ၁၉၈၄ ခုနှစ်မှာ Computer Virus – Theory and Experiments ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့ပြီး computer virus တွေကို အဓိပ္ပာယ်သတ်မှတ်ခြင်း နဲ့ သူရဲ့ စမ်းသပ်တွေ့ရှိမှုတွေကို ဖော်ပြခဲ့ပါတယ်…သူရဲ့ စာတမ်းမှာ…
” On November 3, 1983, the first virus was conceived of as an experiment to be presented at a weekly seminar on computer security. The concept was first introduced in this seminar by the author, and the name ‘virus’ was thought of by Len Adleman. After 8 hours of expert work on a heavily loaded VAX 11/750 system running Unix, the first virus was completed and ready for demonstration. Within a week, permission was obtained to perform experiments, and 5 experiments were performed. On November 10, the virus was demonstrated to the security seminar.”

လို့ ဖော်ပြထားပါတယ်။ (Richard Skrenta ရဲ့ Elk Cloner အသေးစိတ်)
၁၉၈၆
Virus နာမည်ကတော့ “Brain” ဖြစ်ပြီးတကမ္ဘာလုံးကို ပထမဆုံးစတင်ပြန်နှံ့ ခဲ့တဲ့ IBM PC viurs ဖြစ်ပါတယ်။ ဒီ Virus ဟာ 360 KB diskettes တွေထဲမှာ စတင်ပြန့်နှံ့ ခဲ့တာဖြစ်ပြီး တခဏချင်းဆိုသလိုပဲ တစ်ကမ္ဘာလုံးနီးပါးပြန့်နှံ့သွားခဲ့ပါတယ်…ဒီ Virus အောင်မြင်ခဲ့ရတဲ့ လျှို့ ၀ှက်ချက်ကတော့ computer အသိုင်းအ၀ိုင်းက လုံးဝအဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ အခုလိုမျိုးအံ့သြဖွယ်လုပ်ဆောင် နိုင်ခဲ့ လို့ပဲဖြစ်ပါတယ်… ဒီ Virus ကို တီထွင်ခဲ့တဲ့သူတွေကတော့ ပါကစ္စတန် မှ Basit Farooq Alvi နဲ့ Amjad Farooq Alvi ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး floppy disk ရဲ့ boot sector တွေကို analyze လုပ်ခဲ့တဲ့အပြင် ကူးစက်တဲ့ နည်းလမ်းကိုလည်း တိုးတက်ဖန်တီးခဲ့တာဖြစ်ပါတယ်…သူတို့က Virus ရဲ့ text message ထဲမှာ သူတို့ရဲ့ နာမည်၊ လိပ်စာ နဲ့ ဖုန်းနံပါတ်တွေကိုထည့်ထားခဲ့ပါတယ်…ဒီအချက်တွေအရ သူတို့ဟာ ဒီ software ကို တီထွင်သူတွေဖြစ်ပြီး သူတို့နိုင်ငံကနေ သူတို့ရဲ့ မူပိုင်ခွင့်ကို အသိအမှတ်ပြု စေချင်တယ်ထင်ပါတယ်… ဒါပေမယ့် ကံမကောင်းစွာပဲ သူတို့ရဲ့ စမ်းသပ်မှုတွေကို ပါကစ္စတန်နယ်စပ်မှာပဲ စွန့်ပစ်ခဲ့ရပါတယ်… “Brain” ဟာ စိတ်ဝင်စားစရာကောင်းပြီး ပိရိသေသပ်လှတဲ့ ပထမဆုံး Virus ဖြစ်ပါတယ်… ဒီ Virus ဟာ သူတို့ ၀င်ရောက်နေတဲ့ sector ကို ရှာဖွေဖို့ကြိုးစားကြတဲ့အခါ သူတို့ကို ရှာမတွေ့နိုင်အောင် နဂိုမူလ Virus မရှိတဲ့ အပိုင်းနဲ့ အစားထိုးလိုက်ပါတယ်… တော်တော်လည်တဲ့ Virus ပါပဲ…
ဒီ ၁၉၈၆ ခုနှစ်ထဲမှာပဲ DOS exe များထဲသို့ code များကို ပေါင်းထည့်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့ copy ကူးပြီး ဖန်းတီးနိုင်တဲ့ program တစ်ခုကို Ralph Burger ဆိုသူ Programmer တစ်ယောက်က ရှာဖွေတွေ့ ရှိခဲ့ပြန်ပါတယ်… အဲဒီ Programmer က သူရဲ့ ပထမဆုံး Virus လေးကို “VirDem” လို့ အမည်ပေးခဲ့ ပြီး ဒီ Virus ရဲ့ စွမ်းရည်သရုပ်ပြမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်… ဒီ Virus ကို ၁၉၈၆ ဒီဇင်ဘာမှာ hackerများပါဝင်တဲ့ မြေအောက်အဖွဲ့အစည်းcomputer forum တစ်ခုက ကြေငြာခဲ့တာဖြစ်ပြီး ထိုအချိန်က အဓိကရည်ရွယ်ချက်ကတော့ VAX/VMS systems ( ဂျာမဏီမြောက်ပိုင်း Hamburg ပြည်နယ်မှ Chaos Computer Club) ကို ဖြိုခွင်းဖို့ ဖြစ်ပါတယ်…
၁၉၈၇
“Vienna” virus ထွက်ပေါ်လာခဲ့ပါတယ်… ကျနော်တို့ သိခဲ့ကြပြီးဖြစ်တဲ့ Ralph Burger က ဒီ Virus ရဲ့ copy တစ်ခုကိုရရှိခဲ့ပါတယ်… သူက ဒီ Virus ကို တစ်စစီဖြိုဖျက်လိုက်ပြီး ရရှိခဲ့တဲ့ result ကို သူရဲ့ စာအုပ်ဖြစ်တဲ့ ” Computer Viruses: a High-Tech Disease” မှာဖော်ပြထားပြီး ပြည်သူများဆီသို့ ဖြန့်ဝေလိုက်ပါတယ်။ သူရဲ့ စာအုပ်ထဲမှာ လူသိများထင်ရှားတဲ့ Virus ရေးနည်းအတွေးအခေါ်များ နဲ့ ဘယ်လိုပြုလုပ်ရတယ်ဆိုတာတွေကို ရှင်းပြထားခဲ့ပါတယ်…ဒါတွေဟာ computer virus ပေါင်း ရာထောင်ချီပြီး ဖန်တီးစေဖို့အတွက် လှုံ့ဆော်လိုက်တာပါပဲ…သူ့စာအုပ်ထဲမှာပါတဲ့ အချို့ Idea များ အထမြောက်အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်…
အဲဒီတစ်နှစ်ထဲမှာပဲ ပထမဆုံး file virus များဖြစ်ကြတဲ့ IBM PC virus များလည်း လွတ်လပ်စွာရေးသား ထွက်ပေါ်လာခဲ့ပါတယ်…ထိုvirus တွေကတော့ COMMAND.COM file ကိုသာ ကူးစက်တိုက်ခိုက်တဲ့ “Lehigh” ၊ COM file ကို ကူးစက်တဲ့ “Aprial1st” လို့လည်း သိထားကြတဲ့ “Suriv-1″ ၊ EXE ဖိုင်ကို ကူးစက်တဲ့ (ပထမဆုံးအကြိမ် အမြဲတမ်း ကူးစက်တဲ့ )”Surive-2″(Suriv = Virus backward )(ဒီvirus က Jerusalem virus ကိုထွက်ပေါ်လာစေခဲ့တာဖြစ်ပြီး တစ်နာရီကို ပုံတူ ၅၀၀,000ပွားခြင်းဖြင့် ပြန့်နှံ့ ပါတယ်) ၊ COM နဲ့ EXE နှစ်ခုလုံးကို ကူးစက်တဲ့ “Suriv-3″ တို့ပဲဖြစ်ကြပါတယ်…ဒါ့အပြင်များစွာသော Boot Virus ( USA တွင် “Yale” ၊ နယူးဇီလန်တွင် “Stoned” ၊ အီတလီတွင် “PingPong”) နဲ့ ပထမဆုံး self encode file virus ဖြစ်တဲ့ “Cascade” တို့ အသီးသီး ပေါ်ထွက်လာခဲ့ကြပါတယ်..။
IBM Computer များမဟုတ်ကြတဲ့ Apple Macintosh ၊ Commodore Amiga နဲ့ Atari ST တို့လည်း Virus ပေါင်းများစွာတိုက်ခိုက်ကူးစက်ခြင်းကို ခံခဲ့ရပါတယ်…။
၁၉၈၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပဲ REXX language နဲ့ ရေးထားတဲ့ အလွန်ကူးစက်မှုမြန်ဆန်တဲ့ network virus တစ်ခုဖြစ်တဲ့ “Christmas Tree” ဆိုတာပေါ်လာပြန်ပါတယ်.. အဲဒီVirus က VM/CMS operating environments အောက်မှာ သူဟာသူပဲ ပြန်နှံ့ ကူးစက်သွားပါတယ်…ဒီဇင်ဘာလရဲ့ Virus ပျံ့နှံ့တဲ့ ၃ရက်မြောက်နေ့ လောက်မှာပဲ အဲဒီ Virus က အရှေ့ ဂျာမဏီတက္ကသိုလ်တစ်ခုအတွင်းမှာ Bitnet network ဆီသို့ စတင် မိတ်ဆက်ခဲ့ပါတယ်… အဲဒီနောက် IBM Vnet ဆီကိုရောက်သွားပါတယ်… ၄ရက်မြောက်နေ့ဖြစ်တဲ့ ( ဒီဇင်ဘာ ၁၃ရက်နေ့)မှာ Virusဟာ သူ့ရဲ့ copy တွေ network ထဲမှာ ပြည့်လျှံသွားတဲ့ အတွက် ရပ်တန့်သွားတယ်… အဲဒီအချိန်မှာပဲ virus က သူ့ရဲ့ output image ဖြစ်တဲ့ ခရစ်စမတ်သစ်ပင် တွေကို စတင်ထုတ်ပါတော့တယ်… အဲဒီနောက် အပေးအယူလုပ်နိုင်တဲ့ system files NAMES နဲ့ NETLOG ထဲမှာ ရှိတဲ့ လိပ်စာတွေနဲ့ network users တွေအားလုံးဆီကို virus က သူ့ဟာသူ copy ကူးပြီး ပို့ပါတော့တယ်……..

၁၉၈၈
၁၉၈၈ ရဲ့ ၁၃ ရက်နေ့ သောကြာနေ့မှာတော့ ကမ္ဘာနိုင်ငံပေါင်းများစွာက ကုမ္ပဏီများ နဲ့ တက္ကသိုလ်များသို့ Jerusalem virus နဲ့အတူ အသိပေးချက်တွေကို ရရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ virus က run နေတဲ့ file များကို ဖျက်ဆီးနေပါပြီ။ သေချာသလောက်ကတော့ ဒီ Virus ဟာ တမ္ဘာလုံးမှာ အမှန်တကယ်ပျံ့နှံ့ ခဲ့တဲ့ ပထမဆုံး MS-DOS virus တစ်ခုဖြစ်ပါတယ်..။ ဥရောပ၊ အမေရိက နဲ့ အရှေ့အလယ်ပိုင်းဒေသများမှ computer များ ကူးစက်တိုက်ခိုက်ခံရတဲ့ သတင်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ Virus ရဲ့ နာမည်က သူ တိုက်ခိုက်ကူးစက်ခဲ့တဲ့ နေရာတစ်ခုဖြစ်တဲ့ ဂျေရုစလင် တက္ကသိုလ်ကို ရိုက်ခတ်ခဲ့အပြီးမှာ အမှတ်မထင်ရရှိခဲ့တာဖြစ်ပါတယ်။ အခုခေတ်ပေါ် anti-virus programs များမဟုတ်ကြတဲ့ anti-virus programs တွေ၊ user ပေါင်းများစွာနဲ့ ကျွမ်းကျင်သူတွေတောင် Virus တွေရဲ့ ရှင်သန်မှုကို မယုံကြည်နိုင်လောက်အောင်ပဲ Jerusalem virus နဲ့အတူ များစွာသောအခြား virus များ ( “Cascade”, “Stoned”, “Vienna”) တို့ဟာ ထောင်ပေါင်းများစွာသော computerများကို အမှတ်မထင် ကူးစက်တိုက်ခိုက်နေခဲ့ပါတယ်…အဲဒီတစ်နှစ်ထဲမှာ ကျော်ကြားထင်ရှားတဲ့ ဂန္တ၀င်computer ဂရုကြီးဖြစ်တဲ့ Peter Norton က ဒီ virus တွေ ထွက်လာတော့မှာမဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်…ဒီကြေငြာချက်က စိတ်ကူးယဉ်ဆန်လွန်းပါတယ်…ဒါပေမယ့် အချီးအနှီးတော့ မဖြစ်ပါဘူး… ဘာလို့လဲဆိုတော့ နောက်တချိန်မှာ Symentec ရဲ့ Norton Anti-virus project ကို စတင်ဖို့အတွက် ဖြစ်လာခဲ့လို့ပါ…။
messages အမှားတွေကိုပို့ခြင်းဖြင့် user များအကြား ထိန်းမနိုင်သိမ်းမရလောက်အောင် ကြောက်ရွံ့သွားစေတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ computer virus အသစ်တွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ… BBS systems ဆီသို့ messages အများအပြား uploaded လုပ်ပြီး virus တွေကို သူ့တို့ကိုယ်သူတို့ copy လုပ်ခြင်းဖြင့် BBS တစ်ခုမှ အခြားဆက်သွယ်ထားတဲ့ modem ဆီသို့ speed 2400 bund ကိုအသုံးပြုခဲ့တယ်လို့ ပထမဆုံး Hoaxes virus တွေဟာ ပြုလုပ်ခဲ့တဲ့ Mike RoChenle ကဆိုပါတယ်…။ အဲဒီခေတ်အခါတုန်းက Hoaxes virus တိုက်ခိုက်ခံရတဲ့အချိန်မှာ user တွေဟာ စံသတ်မှတ်ချက်အရ 2000 baund လောက်ကိုပေးလိုက်ရပါတယ်…ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ modem speed ကို 1200 baud လောက်အထိ နိမ့်ဆင်းသွားစေပါတယ်…အလားတူ Hoaxes virus တွေဟာ ယခုခေတ်အထိအောင် ထွက်ပေါ်နေဆဲပါ… Hoaxes virus တွေထဲမှာ အကျော်ကြားဆုံးကတော့ GoodTimes နဲ့ Aol4Free တို့ဖြစ်ပါတယ်…
MacMag virus ဟာ Macintosh (Apple PC) တွေပေါ်မှ Hypercard stack virus တစ်ခုဖြစ်ပြီး ပထမဆုံး Macintosh virus လို့ ယေဘူယျအနေနဲ့ ယူဆနိုင်ပြီး Scores virus ကတော့ Macintosh ကူးစက်ပြန်နှံ့စေတဲ့ အရေးအကြီးဆုံး အဓိက source ဖြစ်ပါတယ်…။ သို့သော်လည်း Apple malware က Macintosh ကို မကန့်သတ်နိုင်ခဲ့ပါဘူး…။ ၁၉၈၈ ခုနှစ် ဇွန်လအတွင်းမှာ Festering Hate ရဲ့ တီထွင်မှုကနေ Apple ProDOS virus ကိုတွေ့ရှိခဲ့ပါတယ်…။
၁၉၈၈ နိုဝင်ဘာလမှာတော့ Cornell University မှ ကျောင်းသားတစ်ဦးဖြစ်တဲ့ Robert Tappan Morris ဖန်တီးလိုက်တဲ့ Internet Worm(Morris network virus ) ဟာ Internet ကို ကပ်ဆိုးကျရောက်စေပြီး computerပေါင်းများစွာကို Shut down ပြုလုပ်သွားပါတယ်…။ USA ( NASA research Institute အပါအ၀င်) မှ Computer system ပေါင်း ၆၀၀၀ ကျော် virus ကူးစက်ပြန့်နှံ့ ခံခဲ့ရပြီး ချက်ချင်းပဲ သူတို့ရဲ့ လုပ်ငန်းတွေရပ်တန့်တုံ့ ဆိုင်းသွားခဲ့ရပါတယ်…။ ဘာကြောင့်လဲဆိုတော့ “Christmas Tree” worm လိုပဲ ဒီ Virus ဟာ တသမတ်တည်းမရှိတဲ့ code တွေကို သူ့ဟာသူ copy ကူးပြီး အခြား network computer များဆီကို ပေးပို့ပါတယ်… ဒီလိုအကြောင်းတွေကြောင့် network resource တွေအားလုံးကို လုံးဝ တုံ့ဆိုင်းရပ်တန့်သွားစေပါတယ်။ ဒီ virus က VAX နဲ့ Sun Microsystems Morris အတွက် operation systems Unix ထဲမှာ error များ virusတွေ ပွားလာဖို့အတွက်အသုံးပြုခဲ့ပါတယ်…။ Unix ထဲမှ error များနဲ့အတူ virus က နဂိုမူရင်း idea ပေါင်းမြောက်များစွာကိုလည်း အကျိုးရှိရှိအသုံးချခဲ့ပါတယ်( ဥပမာ – User ရဲ့ Password များကို ရယူခြင်း)..။ Morris Virus ကြောင့် ခန့်မှန်းခြေကုန်ကျငွေ ၉၆ မီလီယံ ဒေါ်လာ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်…။ ဒါကြောင့် CERT ( Computer Emergency Response Team) ကို ဒီလိုမျိုး တိုက်ခိုက်မှုများအတွက် ဖြေရှင်းဖို့တာဝန် အပ်နှင်းခဲ့ပါတယ်…။
၁၉၈၈ ဒီဇင်ဘာလ : DECNet မှာ worm virus တွေဆက်လက်တိုက်ခိုက်နေဆဲပါ ။ ယဉ်ကျေးသန့်ရှင်းတဲ့ out တွေ၊်image တွေအတူ user တွေကို “stop computing and have a good time at home!!!” ဆိုပြီး မေတ္တာရပ်ခံတဲ့ HI.COM worm virus တွေပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချိန်အတွင်းမှာပဲ anti-virus program အသစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ် ( ဥပမာ – ယနေ့ခေတ်တိုင် အသုံးပြုနေဆဲဖြစ်တဲ့ Doctors Solomon ရဲ့ Anti-virus Toolkit )…။
၁၉၈၉
“Vacsina” ၊ “Yankee” တို့နဲ့ အုပ်စုတစ်ခုထဲဖြစ်တဲ့ “Datacrime” နဲ့ “FuManchu” ဆိုတဲ့ Virus အသစ်တွေထွက်ပေါ်လာခဲ့ပါတယ်။ အောက်တိုဘာ ၁၃ရက်နေ့မှာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြင်းပြင်းထန်ထန် နဲ့ အန္တရာယ်ကြီးမားစွာ ပေးခဲ့တဲ့ ပါတယ်။ ဒီ Virus က hard disk များကို format ချပစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ hard disks ကို format ချလိုက်မှတော့ ရှိသမျှလေးတွေကုန်ပြီပေါ့… တစ်ခုကောင်းတာက အဲဒီ Virus လည်း format ချလိုက်တော့ ပျောက်သွားတာပါပဲ…။ဒါပေမယ့် သူရဲ့ တိုက်ခိုက်မှုက ဟော်လန် နဲ့ ဗြိတိန်မှာ ရှိတဲ့ media အုပ်စုတွေကိုတော့ ရင်ဘတ်စည်တီး အော်ဟစ်လို့ ဒေါသပုန်ထစေခဲ့ပါတယ်..။
၁၉၈၉ စက်တင်ဘာလ : နောက်ထပ် Anti-Virus program တစ်ခုထပ်ထွက်လာပါတယ်…။ အဲဒါကတော့ IBM Anti-Virus ပါ။

၁၉၈၉ အောက်တိုဘာလ : DECNet မှာ နောက်တခါ virus ကူးစက်ပြန်ပါတယ်။ အဲဒီ worm virus ကတော့ “WANK Worm” လို့ခေါ်ပါတယ်။
၁၉၈၉ ဒီဇင်ဘာ : “AIDS” လို့ခေါ်တဲ့ “Trojan horse” တစ်ခု သောင်းကျန်းပြန်ပါတယ်။ “AIDS Information Diskette Version 2.0″ ဆိုတဲ့ diskette အမှတ်အသားပေါ်မှာ copy ပေါင်း ၂၀,၀၀၀ ပို့လွှတ်ပါတယ်။ 90 boot-ups ပြီးတဲ့အခါမှာ ဒီ “Trojan” program က disk ပေါ်မှ file name များအားလုံးကို encode လုပ်ပစ်လိုက်ပြီး အဲဒါတွေကို မမြင်ရအောင် ဖျောက်ပစ်လိုက်ပါတယ်။ ပြီးတော့ file တစ်ခုထဲသာလျှင် ဖတ်လို့ရတော့ပါတယ်…အဲဒါကတော့ P.O Box 7, Panama ဆိုတဲ့ လိပ်စာအတိုင်း ၁၈၉ ဒေါ်လာ ပို့ပေးဖို့အတွက် ငွေတောင်းခံလွှာပါ။ ဒီ program ရေးတဲ့သူကို ဖမ်းဆီးပြီး ထောင်ထဲကို ပို့ခဲ့ကြပါတယ်။
၁၉၈၉ မှာပဲ ရုရှားနိုင်ငံမှာလည်း “Cascade”, “Jerusalem”, “Vienna” တို့နဲ့ တူညီတဲ့ computer virus များ စတင်ပျံ့ နှံ့ လာပါတယ်။ ကံကောင်းစွာပဲ ရုရှား programmer တွေက အဲဒီ Virus တွေနဲ့ အလုပ်လုပ်ပုံနဲ့ principle တွေကို လျှင်လျှင်မြန်မြန်ရှာဖွေတွေ့ရှိသွားပြီး ချက်ချင်းဆိုသလိုပဲ များစွာသော anti-virus တွေနဲ့ AVP တို့ ပေါ်ထွက်လာခဲ့ပါတယ်…။
Virusများ၏ အထုပ္ပတ္တိ (၂)
၁၉၉၀
ဒီနှစ်ကတော့ ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက်များစွာကို ယူဆောင်လာခဲ့ပါတယ်..။ ပထမ အဖြစ်အပျက်တစ်ခုကတော့ ပထမဆုံး ပုံစံမျိုးစုံရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်တဲ့ “Chameleon” ( “V2P1″, “V2P2″ နဲ့ “V2P6 လို့လည်း လူသိများတဲ့ ) Virus များထွက်ပေါ်လာခဲ့ပါတယ်။ anti-virus program တွေက virus များကို ရှာဖွေနိုင်ဖို့အတွက် “မျက်နှာဖုံးများ”( virus code အပိုင်းအစများ) ကို မသုံးခင်အချိန်ထိအောင် ပါပဲ။ “Chameleon” များ ပေါ်ထွက်လာပြီးတဲ့ နောက်မှာ anti-virus program developer များဟာ virus ကို detect လုပ်နိုင်ဖို့အတွက် ကွဲပြားခြားနားတဲ့ နည်းလမ်းအမျိုးမျိုးကို ရှာဖွေခဲ့ကြရပါတယ်…။
ဒုတိယ အဖြစ်အပျက်ကတော့ Bulgarian ” virus production factory” ပေါ်ထွက်လာခဲ့ခြင်းပါ။ Bulgarian က အလွန့်အလွန်များပြားတဲ့ virus အသစ်ပေါင်းမြောက်များစွာကို ဖန်တီးခဲ့ပါတယ်။ ဆိုးရွားသော အခြေအနေကိုဖြစ်ပေါ်စေတဲ့ “Murphy”, “Nomenclatura”, “Beast”( [ သို့ ] “512″, “Number-of-Beast”) အုပ်စုဝင် virus များ နဲ့ “Eddie” Virus များကို ပြုပြင်မွန်းမံခြင်း စသဖြင့်သော လုပ်ငန်းများကို ပြုလုပ်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ Dark Avenger( “Eddie”) ဟာ များစွာသော virus အသစ်များ ပြုလုပ်ခြင်း၊ system အတွင်းတွင် ကူးစက်ခြင်းနှင့် track များကို ဖုံးကွယ်ခြင်း ရဲ့ အခြေခံ စည်းစနစ်အသစ်များကို အကျိုးရှိစွာအသုံးချခြင်းတို့ကြောင့် ပြင်းပြင်းထန်ထန် ထိရောက်လာစေပါတော့တယ်။ ဒါ့အပြင် virus code များကို လဲလှယ်ဖို့နဲ့ viurs ပြုလုပ်သူများအတွက် inforamtion များကို လဲလှယ်ဖို့ ပထမဆုံး virus exchange (VX)BBS ကို ဘူဂေးရီယားမှာ ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၉၀ ဇူလိုင်လမှာ “PC Today” ကွန်ပြူတာမဂ္ဂဇင်း ( Great Britain ) မှာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ၄င်းမဂ္ဂဇင်းရဲ့ floppy disk တစ်ခုမှာ ” DiskKiller” virus ပါဝင်နေတာဖြစ်ပါတယ်။ copy ပေါင်း ၅၀,၀၀၀ ကျော်ကို ရောင်းချခဲ့ပါတယ်။
၁၉၉၀ခုနှစ်အလယ်ပိုင်း မှာတော့ “Frodo” နဲ့ “Whale” လို့ခေါ်တဲ့ ကြောက်စရာသတ္တ၀ါနှစ်ကောင် ပေါ်လာပြန်ပါတယ်။ အဲဒီ virus နှစ်ခုစလုံးက သေသပ်ပိရိပြီး ခြေလုံလက်လုံရှိလှတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ပါဝင်နေတဲ့ စည်းစနစ်များကို ပြင်းပြင်းထန်ထန် အကျိုးရှိရှိ အသုံးချခဲ့ကြပါတယ်။ အဲဒီနည်းစနစ်တွေထဲမှာမှ ထိပ်တန်းကျတာကတော့ 9KB “Whale” မှာ လှို့ ၀ှက် code အဆင့်ပေါင်းများစွာနဲ့ ကွန်ပြူတာရဲ့ အပြစ်အနာအဆာကို ရှာဖွေမတွေ့နိုင်စေတဲ့ နည်းပညာများကို အသုံးပြုခဲ့ပါတယ်။

၁၉၉၁
Computer virus အရေအတွက်ဟာ ဆက်လက်တိုးပွားနေဆဲဖြစ်ပြီး ယခုအချိန်မှာ ရာပေါင်းများစွာ ရှိနေပါပြီ။ Anti-virus တွေရဲ့ သက်ဝင်လှုပ်ရှားမှုတွေကလည်း တိုးတက်မှုကိုပြသနေပါတယ်…။ တချိန်ထဲမှာပဲ Software ကြီးနှစ်ခုဖြစ်တဲ့ Symantec နဲ့ Central Point တို့က သူတို့ ကိုယ်ပိုင် anti-virus program များဖြစ်ကြတဲ့ Norton Anti-virus နဲ့ Central Point Anti-virus တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ anti-virus တွေက လူသိမများသော anti-virus များဖြစ်ကြတဲ့ Xtree နဲ့ Fifth Generation တို့ အတိုင်း လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဧပြီလမှာတော့ အပြည့်အ၀ အဖျက်စွမ်းအားရှိတဲ့ file နဲ့ boot polymorphic virus ထွက်လာပြီး “Tequila” လို့ခေါ်ပါတယ်။ ဒါအပြင် စက်တင်ဘာလမှာလည်း အဲဒီလို virus အမျိုးအစားတစ်ခုဖြစ်တဲ့ “Amoeba” virus ထွက်လာပါတယ်။
၁၉၉၁ ရဲ့ နွေရာသီမှာ fileများကို ကူးစက်တဲ့ အခြေခံသဘောတရားတွေကို အသုံးပြုထားသော link virus တခုဖြစ်တဲ့ “Dir_II” ပေါ်ထွက်လာခဲ့ပါတယ်။
၁၉၉၂
Non-IBM PC နဲ့ Non-Dos virus များကတော့ လုံးဝနီးပါးမေ့နေလောက်အောင်ကို ထပ်မထွက်လာခဲ့ပါဘူး… ဘာကြောင့်လဲဆိုတော့ global access network ရဲ့ “holes” များကို ပိတ်လိုက်ခြင်း၊ errors များကိုဖြေရှင်းလိုက်ခြင်းနဲ့ network worm virus များအား သူတို့ကိုယ်တိုင် ပြန်နှံ့ နိုင်တဲ့ စွမ်းရည်များ ဆုံးရှုံးသွားခြင်းတို့ ကြောင့်ဖြစ်ပါတယ်။ ပို ပိုပြီး အရေးကြီးလာသော လူသုံးအများဆုံး computer model (IBM PC) မှ operation system (MS-DOS)မှာပဲ File, boot နဲ့ file-boot virus များ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ခဲ့ပါတယ်။ virus program အရေအတွက်များ တိုးတက်နေသလို virus တိုက်ခိုက်ခံရမှုတွေကလည်း နေ့စဉ်နဲ့ အမျှဖြစ်ပွားနေခဲ့ပါတယ်။ virus တွေ တိုးပွားနေသလို အမျိုးမျိုးအထွေအထွေသော anti-virus program များကလည်း ဖွံ့ ဖြိုးနေခဲ့ပြီး anti-virus ဆိုင်ရာစာအုပ်များ၊ လစဉ်ထုပ်စာစောင် မဂ္ဂဇင်းများလည်း အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့ကြပါတယ်။
၁၉၉၁ အစပိုင်းမှာ အားလုံး သူ့လိုလိုက်လုပ်ခဲ့ရတဲ့ များစွာသော polymorphic virus များအတွက် အခြေခံတစ်ခုဖြစ်ခဲ့တဲ့ ပထမဆုံး polymorphic generator MtE ပေါ်ထွက်လာပါတယ်။ MtE ဟာ နောက်ပိုင်းပေါ်ထွက်လာမည့် polymorphic generator အချို့အတွက် ရှေ့ပြေးပုံစံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
၁၉၉၂ မတ်လ မှာ “Michelangelo” ကူးစက် virus ( “March6″ လို့လည်း လူသိများပါတယ်) နဲ့ အတူ စိတ်ကယောင်ချောက်ချားဖြစ်စရာ များလည်း လိုက်ပါလာခဲ့ကြပါတယ်။ ဖြစ်နိုင်ကတော့ anti-virus company များက user တွေဟာ ဒီ virus ရဲ့ အန္တရာယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ရေးကြီးခွင်ကျယ်လုပ်ခဲ့ကြတဲ့ အတွက် လူသိများတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ဟန်တူပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထုတ်လုပ်မှုတွေကိုတော့ စွဲဆောင်နိုင်စေခဲ့ပြီး အကျိုးအမြတ်များ ရရှိဖို့ဖန်တီးခဲ့ကြပါတယ်။ အမေရိကန် aniti-virus ကုမ္ပဏီတစ်ခုက ကြေငြာခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာတော့ ဒီ Virus ကြောင့် ၅ မီလီယံ နဲ့အထက် ကွန်ပြူတာတွေ ပျက်စီးလိမ့်မယ်လို့ ဆိုခဲ့ပါတယ်…အဲဒီရေးကြီးခွင်ကျယ်လုပ်ခဲ့တဲ့ ကြေငြာချက်ကြောင့် အခြား anti-virus ကုမ္ပဏီများကို ကျော်လွှားခုန်ပျံကာ အကျိုးအမြတ်များရရှိခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ကွန်ပြူတာ ၁၀,၀၀၀ ခန့်လောက်သာ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
၁၉၉၂ ဇူလိုင် မှာ VCL(Virus Ceation Laboratory) နဲ့ PS-MPC တို့က ပထမဆုံး virus ဖန်တီးသော kit များကိုပြုလုပ်ခဲ့ပါတယ်။ သူတို့က အကြီးစား virus အသစ်များကို အမြင့်ဆုံး flow များနဲ့ ပြုလုပ်နိုင်ကြပါတယ်။ ဒါ့အပြင် virus ပြုလုပ်သူများကို လည်း အခြား ပိုပြီးစွမ်းအားရှိတဲ့ virus များပြုလုပ်ဖို့နဲ့ virusဖန်တီးတဲ့ kit တွေပြုလုပ်ဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

၁၉၉၂ အဆုံးပိုင်းမှာတော့ OS ရဲ့ executable များကို ကူးစက်တဲ့ ပထမဆုံး Windows virus များပေါ်ထွက်လာပြီး virus ပြုလုပ်ခြင်းရဲ့ စာမျက်နှာသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၉၃
virus တီထွင်သူတွေက ဖျက်ဆီးမှုအားပိုကောင်းတဲ့ virus တွေကိုထုတ်လုပ်ကြပြီး တဘက်ကလည်း အရင်တုန်းကထက်သိပ်ထူးခြားမှု မရှိတဲ့ virus ရာပေါင်းများစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် အသွင်အမျိုးမျိုးသို့ပြောင်းလဲ ကူးစက်နိုင်တဲ့ virus တွေနဲ့ ၄င်းတို့အတွက် ကရိယာတန်ဆာပလာ software တွေ ပြီးတော့ အသစ်ထပ်ထွက်လာတဲ့ electornic ပစ္စည်းတွေအတွက် အရင်ကနည်းလမ်းတွေကို ပြုပြင်ထားတဲ့ virus ပေါင်း မြောက်မြားစွာထွက်ပေါ်လာပါတယ်။ ဥပမာ….
“Steath boot PMBS” – ၄င်းဟာ တစ်မူထူးခြားတဲ့ အလုပ်လုပ်မှုပုံစံနဲ့ ဖြစ်ပါတယ်။ ၄င်းက virus ကူးစက်ထားတဲ့ floppy disk ကနေပြီး ၀င်ပါတယ်။ Steath_Boot ကို install တစ်ခါလုပ်လိုက်မိရင် ၄င်းက သူ့ဟာသူ extended memory ထဲမှာ install လုပ်ပါတယ်။ ပြီးတော့ computer ကို protected mode သို့ switch လုပ်လိုက်ပါတယ်။ အဲဒီနောက် DOS နဲ့ program တွေအသုံးပြုမှာဖြစ်တဲ့ virtual V86 machine တစ်ခုကို run လိုက်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီ virus က operation system နဲ့ hardware ကြားထဲမှာ အလုပ်လုပ်တာဖြစ်ပါတယ်။
“Strange” (သို့) “Hmm” – ၄င်းကတော့ Stealth technology ရဲ့ “masterpiece” တစ်ခုဖြစ်ပါတယ်။ INT 0Dh နဲ့ INT 76h ကြား hardware level တွေမှာတော့ ကောင်းကောင်းအလုပ်လုပ်ပါတယ်။
“Shadowgard” ၊ “Carbunkle” – ၄င်းတို့ကတော့ အခြားအဖော် virus တွေကို စနစ်တကျ နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်။
“Emmie”, “Metallica”, “Bomber”, “Uruguay”, “Cruncher” – ၄င်းတို့ကတော့ ကူးစက်တဲ့ file တွေထဲမှာ ၄င်းတို့ရဲ့ ကိုယ်ပိုင် code တွေကို ဖျောက်ထားတဲ့ အခြေခံနည်းလမ်းသစ်တွေကို သုံးထားတာဖြစ်ပါတယ်။
၁၉၉၃ ရဲ့ နွေဦးရာသီမှာတော့ Microsoft ကနေပြီး Central Point အားဖြင့် CPAV ပေါ်မှာအခြေခံထားတဲ့ ၄င်းတို့ရဲ့ ကိုယ်ပိုင် Anit-Virus “MSAV” ကို ပြုလုပ်ခဲ့ပါတယ်။
Virusများ၏ အထုပ္ပတ္တိ (၃)

၁၉၉၄
၁၉၉၄ ကို ရောက်လာတဲ့အခါမှာတော့ CD virus တွေရဲ့ ပြဿနာက ပိုပြီး အရေးကြီးလာခဲ့ပါတယ်။ ဒီ Virus တွေ ပြန်နှံ့ ခဲ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ CD disk တွေ လူသုံးများလာလို့ပဲဖြစ်ပါတယ်။ တပြိုင်နက်တည်း CDများကို preparing လုပ်တဲ့အခါမှာ master disk တွေဟာ virus တွေကို ရရှိသွားကြပါတယ်။ အဲဒီအတွက်အကျိုးရလဒ်ကတော့ တော်တော်လေးများပြားလှတဲ့ အရေအတွက် ( ၁ သောင်း လောက်သော ) virus ကူးစက်နေတဲ့ CD များ ဈေးကွက်ထဲကိုရောက်သွားခြင်းပါပဲ။ သေချာတာတစ်ခုကတော့ ဒီ Virus ကို သူတို့ မဖြေရှင်းနိုင်ခဲ့ကြပါဘူး…ဒါကြောင့် CD တွေကိုဖျက်ဆီးခဲ့ကြရပါတယ်။
ဒီနှစ်ရဲ့ အစောပိုင်းမှာပဲ ဗြိတိန်နိုင်ငံမှာ ‘SMEG.Pathogen” နဲ့ “SMEG.Queeg” ဆိုတဲ့ ပြင်းထန်ပြီးရှုပ်ထွေးလှတဲ့ polymorphic virus တွေခေတ်စားခဲ့ပါတယ်။ ၄င်း virus တွေကို ယခုခေတ်တိုင်အောင် anti-virus program တွေအားလုံး ၁၀၀% ပြည့်မှန်ကန်အောင် detection လုပ်နိုင်သေးပါဘူး။ ၄င်း virus ရဲ့ ဖန်တီးသူဟာ virus ကူးစက်တဲ့ဖိုင်တွေကို BBS တစ်ခုဆီမှာ ထည့်ထားပါတယ်။ ဒါတွေဟာ media အသိုင်းအ၀ိုင်းကြားမှာ တကယ်ပဲ ကြောက်ရွံ့ ထိတ်လန့် ပူပင်စေခဲ့တဲ့ ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။
အခြားထိတ်လန့်ဖွယ် ဂယက်တစ်ခုကတော့ “GoodTimes” ဆိုတဲ့ virus ကိုထောက်ပံ့ပေးတဲ့ message တစ်ခုကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၄င်း virus က internet ကနေတဆင့် computer များဆီကို ၄င်းပါတဲ့ E-mail ကိုရရှိတဲ့အချိန်မှာ ကူးစက်ပါတယ်။”GoodTimes” လိုမျိုး virus တွေအမှန်တကယ် ပါလာတာတော့မဟုတ်ပါဘူး ဒါပေမယ့် နောက်ပိုင်းမှာတော့ “Good Times” text string တွေ ပါဝင်တဲ့ DOS virus တော့ထွက်ပေါ်လာပါတယ်။ ၄င်းကို “GT-Spoof” လို့ခေါ်ပါတယ်။
ဥပဒေပြဋ္ဌာန်းချက်များကို တိုးတက်အတည်ပြုပြီးတဲ့နောက် ၁၉၉၄ ရဲ့ နွေရာသီမှာတော့ SMEG virus တီထွင်ခဲ့သူကို ဖမ်းဆီးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ARCV(Association of Really Cruel Viruses) လို့ခေါ်တဲ့ virus ပြုလုပ်တဲ့ အုပ်စုတစ်ကိုလည်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ virus များကိုပြုလုပ်ခဲ့ virus ဖန်တီးသူနောက်တစ်ယောက် နော်ဝေး မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီနှစ်ပိုင်းမှာပဲ ပုံမှန်မဟုတ်တဲ့ virus အသစ်တချို့ထွက်ပေါ်လာပြန်ပါတယ်။ အဲဒါတွေကတော့…
ဇန်န၀ါရီ ၁၉၉၄ : “Shifter” လို့ခေါ်တဲ့ object modules(OBJ files) များကိုကူးစက်တဲ့ ပထမဆုံး virus နဲ့ မော်စကိုမြို့ မှာ polymorphic virus ကြောင့် ပထမဆုံးအထိတ်တလန့်ဖြစ်စေခဲ့တဲ့ “Phantom1″ ၊
ဧပြီ ၁၉၉၄ : program source code ( C နဲ့ Pascal) တို့ကို ကူးစက်တဲ့ virus အုပ်စုဝင်ဖြစ်တဲ့ “SrcVir” ၊
ဂျွန် ၁၉၉၄ : ရုရှားနိုင်ငံမှာ အကျော်ကြားဆုံး virus တစ်ခုဖြစ်ခဲ့တဲ့ “OneHalf” ၊

စက်တင်ဘာ ၁၉၉၄ : boot-file များကို ကူးစက်တဲ့ virus “3AP3A” ၊ ၄င်း virus ဟာ MS-DOS ထဲကို ထည့်သွင်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ မြင့်မားတဲ့ နည်းလမ်းတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် anti-virus တွေဟာ ဒီ virus နဲ့တွေ့ဆုံဖို့အဆင့်သင့်မဖြစ်ခဲ့ ကြပါဘူး။
၁၉၉၄ ရဲ့ နွေဦးရာသီမှာတော့ အဲဒီအချိန်ကာလတုန်းက anti-virus တွေကိုဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Central Point ရပ်စဲခဲ့ပါတယ်။ ဒါကြောင့်လဲဆိုတော့ အဲဒီအချိန် anit-virus ကုမ္ပဏီလေးများဖြစ်ကြတဲ့ Peter Norton Computing ၊ Cetus International နဲ့ Fifth Generation Systems စတဲ့ ကုမ္ပဏီလေးတွေကို Symantec လက်ဝါးကြီးအုပ်ခဲ့တဲ့အပြင် Central Point ကိုလည်း ၀ယ်ယူလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။
၁၉၉၅
ဒီနှစ်ပိုင်းမှာတော့ DOS virus တွေကြားမှာ သိပ်ထူးထူးခြားခြားမရှိခဲ့ပါဘူး။ သို့သော်လည်း အလွန်ရှုပ်ထွေးတဲ့ virus များဖြစ်တဲ့ “NightFall”, “Nostardamus”, “Nutcracker” နဲ့ funny virus များဖြစ်တဲ့ “bisexual” virus,”RMNS” နဲ့ BAT virus “Winstart” တို့ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် “ByWay” နဲ့ “DieHard2″ viurs များလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်နှံ့ ခဲ့ပြီး ကမ္ဘာတစ်ခွင်ပျံနှံခဲ့တဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
၁၉၉၅ ဖေဖော်ဝါရီမှာတော့ Microsoft မှာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ Windows95 demo disk တွေမှာ “Form” ကူးစက်နေခြင်းပါပဲ ။ Microsoft ကနေပြီး ၄င်းရဲ့ copy disk တွေကို beta စမ်းသပ်သူများဆီကိုပို့ခဲ့ပါတယ်…အဲဒီမှာ တစ်ယောက်သော စမ်းသပ်သူက အလုပ်မရှိအလုပ်ရှာပြီး disk တွေကို virus အတွက် စမ်းသပ်ခဲ့လို့ဖြစ်ပါတယ်။
၁၉၉၅ နွေဦးပေါက်မှာတော့ anti-virus ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ESaSS( ThunderBYTE anti-virus) နဲ့ Data Defense (Norman Virus Control) တို့က ၄င်းတို့ ပူးပေါင်းကြောင်း ကြေငြာခဲ့ပါတယ်။ ၄င်း ကုမ္ပဏီတွေက anti-virus တွေနဲ့ ပတ်သတ်ရင် သီးခြား ရပ်တည်နိုင်တဲ့ စွမ်းရည်ရှိကြတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ သို့သော်လည်း သူတို့က အတူပူးပေါင်း ကြိုးစားအားထုတ်မှုခဲ့ကြပြီး ပေါင်းစပ်ထားတဲ့ anti-virus system တစ်ခုကို စတင်အလုပ်လုပ်စေခဲ့ပါတယ်။
၁၉၉၅ သြဂုတ် : ဒီလဟာ virus နဲ့ anti-virus အတွက် သမိုင်းအချိုးအဆစ် တခုဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Microsoft Word (“Concept”) အတွက် ပထမဆုံး virus “alive” ထွက်ပေါ်လာခဲ့လို့ပါပဲ။ အဲဒီ virus က လအနည်းငယ်အတွင်းမှာပဲ ကမ္ဘာအ၀ှမ်းကို ခြေဆန့်ခဲ့ပြီး MS word user တွေရဲ့ Computer တွေကိုဖျက်ဆီးခဲ့တဲ့ အပြင် အမျိုးအမျိုးသော computer ခေါင်းစီးတွေကို ကိုင်လှုပ်ခဲ့တဲ့ ပထမဆုံး virus ဖြစ်လာခဲ့ပါတယ်။
၁၉၉၆
ဇန်န၀ါရီ ၁၉၉၆ မှာ လူသိများထင်ရှားတဲ့ အဖြစ်အပျက်နှစ်ခုဖြစ်ခဲ့ပါတယ်…ပထမတစ်ခုကတော့ ပထမဆုံး Windows95 virus (‘Win95.Boza’) ထွက်ပေါ်လာခြင်းနဲ့ နောက်တစ်ခုကတော့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မှာ အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ပြင်းထန်ရှုပ်ထွေးတဲ့ polymorphic virus ဖြစ်တဲ့ “Zhengxi” တို့ကြောင့်ပဲဖြစ်ပါတယ်။

၁၉၉၆ မတ်လမှာတော့ “Win.Tentacle” လို့ခေါ်တဲ့ ပထမဆုံး Windows 3.x virus ပေါ်လာပါတယ်။ ၄င်းက ပြင်သစ်နိုင်ငံမှာရှိတဲ့ ဆေးရုံတစ်ခု နဲ့ အခြား တက္ကသိုလ်အဖွဲ့အစည်းများ ရဲ့ computer network တစ်ခုကို ကူးစက်ခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တော်တော်စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်… ဘာကြောင့်လဲဆိုတော့ ဒီ virus ဟာ ပထမဆုံး network ပေါ်ကိုတက်လာတဲ့ ပထမဆုံး Windows virus ဖြစ်နေလို့ပါပဲ။ အဲဒီအချိန်မတိုင်ခင်တုန်းကတော့ Windows virus တွေဟာ သူတို့ကို စုစည်းထားတဲ့ ပစ္စည်းတွေထဲမှာ နဲ့ virus ပြုလုပ်သူတွေရဲ့ electornic ပစ္စည်းတွေထဲမှာသာလျှင်ဖြစ်ရှိနေခဲ့တာ ဖြစ်ပါတယ်။ boot virus တွေ၊ DOS virus တွေနဲ့ marco virusတွေသာလျှင် လွတ်လပ်စွာ သွားလာစီးနင်းနေတာ ဖြစ်ပါတယ်။
၁၉၉၆ ဂျွန်လ မှာတော့ OS/2 အတွက် ပထမဆုံး viurs ဖြစ်တဲ့ “OS2.AEP” ထွက်လာခဲ့ပြီး အဲဒီ operation system ရဲ့ EXE file တွေကို ကူးစက်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ OS\2 အောက်မှာ virus တွေဟာ သူတို့ကိုယ်တိုင် file တွေကိုအစားထိုးပြီးရေးတဲ့ အဆင့်မှာသာ တည်ရှိနေကြီး ၄င်း တို့ကိုသာ ဖျက်ဆီးနေခဲ့ကြပါတယ်။
၁၉၉၆ ဇူလိုင်လမှာ Microsoft Excel အတွက် ပထဆုံး virus ဖြစ်တဲ့ “Laroux” ထွက်ပေါ်လာပြီး တချိန်တည်းမှာပဲ အလက်စကာ နဲ့ တောင်အာဖရိက မှာရှိတဲ့ ဆီကုမ္ပဏီတွေမှာ ၄င်း virus ကူးစက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ “Laroux” virus ရဲ့ idea ကတော့ Microsoft Word virus တွေနဲ့ ဆင်တူပြီး macro (သို့) Basic program တွေအပေါ်မှာအခြေခံခဲ့တာဖြစ်ပါတယ်။ ၄င်း program တွေဟာ Microsoft Excel နဲ့ Microsoft Word documents နှစ်ခုစလုံးရဲ့ electornic spreadsheet တွေမှာ ပါဝင်နေနိုင်ပါတယ်။ ၄င်းတို့ဟာ Miscrosoft Excel ထဲသို့ Basic language ကိုပြောင်းလဲစေပြီး virus ဖန်တီးခြင်းကိုလည်း ခွင့်ပြုစေပါတယ်။
၁၉၉၆ ဒီဇင်ဘာ မှာ Windows95 အတွက် ပထမဆုံး “memory resident” virus ဖြစ်တဲ့ “Win95.Punch” ထွက်လာပါတယ်။ ၄င်းက VxD driver ၊ file access အချိတ်အဆက်တွေ ကဲ့သို့ Windows memory ထဲမှာ နေကြပြီး ဖွင့်လို့က်တဲ့ Windows EXE fileတွေကို ကူးစက်ပါတယ်။
အကြမ်းဖျင်းအားဖြင့်ပြောရရင် ၁၉၉၆ ခုနှစ်မှာ Windows32 operating system( Windows95 နဲ့ WindowsNT) နဲ့ Microsoft Office application တွေထဲကို ၀င်ရောက်နှောင့်ယှက်တဲ့ virus တွေ စတင်ပျံ့ နှံ့ နေပါပြီ။ ဒီနှစ်ပိုင်းအတွင်းနဲ့ နောက်နှစ်တွေမှာ များစွာသော Windows virus များ၊ ရာပေါင်းများစွာသော macro virus များထွက်ပေါ်လာခဲ့ပါတယ်။ ၄င်းတို့ထဲက အများစုဟာ နည်းပညာအသစ်တွေ၊ ကူးစက်တဲ့ နည်းလမ်းအသစ်တွေကို အသုံးပြုခဲ့ပြီး ခြေလုံလက်လုံ နဲ့ အမျိုးမျိုးပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။ ၄င်းတို့ဟာ virus တိုးတက်ပြောင်းလဲမှု ရဲ့ နောက်ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ၂ နှစ်အတွင်းမှာ DOS virus များဟာလည်း အလားတူ တိုးတက်လာကြပြန်ပါတယ်။ လွန်ခဲ့ တဲ့ ၁၀ နှစ်မတိုင်ခင်မှာပဲ ၄င်း DOS virus များဟာ တစ်စတစ်စ နဲ့ တူညီသော feature တွေကို စတင်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် နည်းပညာအဆင့်ကတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
Virusများ၏ အထုပ္ပတ္တိ (၄)
၁၉၉၇
ဖေဖော်ဝါရီ ၁၉၉၇ : Linux ( a Unix clone ) အတွက် ပထမဆုံး virus ပေါ်ထွက်လာခဲ့ပါတယ်…။ အဲဒီ virus ရဲ့ နာမည်ကတော့ “Linux.Bliss” လို့ခေါ်ပါတယ်။ အဲဒီလိုလမ်းကြောင်းတွေနဲ့ Virus တွေဟာ နောက်ထပ်ရှင်သန် ပေါက်ဖွားနိုင်မယ့် နေရာတစ်ခုကို သိမ်းပိုက်လိုက်ပြန်ပါတယ်။
ဖေဖော်ဝါရီ – ဧပြီ ၁၉၉၇ : macro virus များဟာ office 97 ဆီကို ပြောင်းရွှေ့ သွားပါတယ်…။ အဲဒီvirus တွေထဲက ပထမဆုံး virus တွေဟာ Microsoft Word 6/7 အတွက်ဖန်တီးထားတဲ့ macro virus တွေရဲ့ ပုံစံကို ပြောင်းလဲလိုက်ခြင်းသာလျှင် ဖြစ်ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ office 97 document တွေအတွက် သီးသန့် virus တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်…။

မတ်လ ၁၉၉၇ : “ShareFun” လို့ ခေါ်တဲ့ marco virus က Microsoft Word 6/7 ကို ထိုးနှက်နေခဲ့ပါတယ်။ ၄င်း virus ဟာ Microsoft Word ရဲ့ standard feature တွေကိုအသုံးပြုပြီး virus ကူးစက်အောင်လုပ်ရုံတင်မကပဲ MS-Mail တွေကနေတဆင့် သူ့ဟာသူ copy တွေလုပ်ပြီး ပို့ပါသေးတယ်။
ဧပြီလ ၁၉၉၇ : “Homer” လို့ခေါ်တဲ့ Virus တွေပွားလာဖို့အတွက် File Transfer Protocol( FTP ) တွေကိုအသုံးပြုတဲ့ ပထမဆုံး network worm virus တွေ ထွက်လာပါတယ်…။
ဇွန်လ ၁၉၉၇ : Windows 95 အတွက် ကိုယ်တိုင် encrypting လုပ်နိုင်တဲ့ virus တွေပေါ်ထွက်လာပါတယ်။ အဲဒီ virus ရဲ့ မူလအစကတော့ ရုရှားကဖြစ်ပြီး ၄င်းကို မော်စကိုမြို့ ရှိ BBS များဆီပို့ပြီး ပြန့်ပွားစေခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉၉၇ : “Esperanto” ဆိုတဲ့ DOS နဲ့ Windows32 executable files တွေကိုသာမကပဲ Mac OS (Macintosh) တွေဆီကိုပါ ပြန့်နှံ့ ၀င်ရောက်နိုင်တဲ့ ပထမဆုံး virus ပေါ်လာပါတယ်။ ကံကောင်းထောက်မစွာပဲ ၄င်း virus ဟာ bug တွေကြောင့် platform တွေကို ဖြတ်ပြီး မပျံ့ နှံ့ နိုင်ပါဘူး။
ဒီဇင်ဘာ ၁၉၉၇ : virus ပုံစံအသစ်ဖြစ်တဲ့ “mIRC Worm” တွေရဲ့ အစပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ ၄င်း virus ဟာ လူသိအမျာဆုံးဖြစ်တဲ့ Windows Internet Relay Chat (IRC) utility မှာ virus script တွေကို လက်ခံပြီး ၄င်း virus များကိုယ်တိုင် IRC-Channels တလျှောက် ထုတ်လွှတ်နိုင်တဲ့ “hole” ကနေ Virus တွေကိုပြန့်နှံ့ စေတာဖြစ်ပါတယ်။ ဒါပေမယ့် IRC ရဲ့ နောက်ထုတ် Version မှာတော့ ၄င်း hole ကို block လုပ်ခဲ့တဲ့အတွက် mIRC Worm များ ပျောက်ကွယ်ခဲ့ရပါတယ်။
KAMI ltd. anti-virus ဌာနဟာ မူလကုမ္ပဏီကနေပြီး ခွဲထွက်ခါ သီးခြားရပ်တည်ခဲ့ပါတယ်…။ ဒီအဖြစ်အပျက်ဟာ ၁၉၉၇ ရဲ့ ထူးခြားတဲ့ အဓိကအဖြစ်အပျက်လို့ဆိုနိုင်ပါတယ်…။ ယခုအချိန်အခါမှာတော့ ၄င်း ကုမ္ပဏီကို Kaspersky Labs လို့ ခေါ်ပြီး anti-virus industry တွေကို ဦးဆောင် ဦးရွက် ပြုနေတဲ့ ကုမ္ပဏီ တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်…။၎င်း ကုမ္ပဏီဟာ ၁၉၉၄ မှာကတည်းက ကုမ္ပဏီရဲ့ အဓိက ထုတ်လုပ်ခဲ့တဲ့ AntiViral Toolkit Pro (AVP ) anit-virus scanner ဟာ ကမ္ဘာတ၀ှမ်းရှိ လက်တွေ့စမ်းသပ်ခန်း တော်တော်များများမှာ မြင့်မားတဲ့ ရလဒ်နဲ့ အောင်မြင်မှုရခဲ့ပါတယ်။ ဒီခွဲထွက်ကုမ္ပဏီက developer များရဲ့ အဖွဲ့ငယ်လေးတွေကို အိမ်တွင်းဈေးကွက်ကို ဦးတည်ပြီး အမြတ်အစွန်းများရရှိဖို့ အခွင့်အရေးပေးခဲ့တယ်…ဒါကြောင့်လဲ ကမ္ဘာကျော်ကြား ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါတယ်…။ Short run versions များအတွက်၊ ဖြစ်နိုင်ခြေရှိပြီး လူသုံးအများဆုံးဖြစ်တဲ့ platform များအတွက် တိုးတက်ဖွံ့ ဖြိုးစေခြင်း၊ ထုတ်လုပ်ခြင်း ၊ anti-virus solutions အသစ်များ ပေးခြင်း၊ နိုင်ငံတကာ ဖြန့်ဖျူးမှုများပြုလုပ်ခြင်း နဲ့ product support network များ ဖန်းတီးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၉၉၇ – F-Secure Anti-Virus (FSAV) မှာ AVP နည်းပညာဆိုင်ရာ လိုင်စင်ကို အသုံးပြုဖို့အတွက် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ F-Secure Anti-Virus (FSAV) package ဟာ DataFellows (Finland) anti-virus product အသစ်ဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ DataFellows ကို F-PROT anti-virus package manufacturer လို့ ခေါ်ပါတယ်။
၁၉၉၇ ခုနှစ်မှာလည်းပဲ US နဲ့ ဥရောပ မှာရှိတဲ့ အဓိက anti-virus ထုတ်လုပ်သူများကြားမှာ မကောင်းသတင်းတွေတော့ရှိခဲ့ပါတယ်။ နှစ်စပိုင်းမှာ McAfee က သူရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Dr.Solomon ရဲ့ anti-virus program များထဲမှာ “feature” တစ်ခုကို သူတို့ရဲ့ ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ McAfee ရဲ့ သက်ပြချက်များစတင်ခဲ့ပြီး အဲဒီသက်သေခံချက်တွေကတော့ များစွာသော virus-type များကို ရှာဖွေဖို့အတွက် scan ဖတ်နေစဉ်အချိန်အတွင်းမှာ Dr.Solomon ရဲ့ anti-virus များဟာ advanced scanning mode ကို switch လုပ်သွားတယ်လို့ဆိုပါတယ်။ အဲဒီအဓိပ္ပာယ်ကတော့ အချို့ Virus ကူးစက်ထားခြင်းမရှိတဲ့ computer များကို scan ဖတ်နေစဉ်အတွင်းမှာ Dr.Solomon ရဲ့ anti-virus တွေ usual mode မှာလည်ပတ်နေပြီး advanced mode ကိုကူးပြောင်းသွားပါတယ် … McAfee ရဲ့ အဆိုအရတော့ “cheat mode” ( ၄င်းက usual mode virus များအတွက် virus collection များကို စမ်းသပ်နေစဉ်အတွင်းမှာ မမြင်နိုင်စေဘဲ detect လုပ်ဖို့ application ကို စတင်လုပ်ဆောင်စေပါတယ်။) ဆိုပါတယ်။ အဲဒီအတွက် အကျိုးဆက်ကတော့ Dr.Solomon ရဲ့ anti-virus များဟာ virus မ၀င်ထားတဲ့ disk များကို scan ဖတ်တဲ့အခါ နှစ်ခုလုံး speed ကောင်းပြီး virus collectionများကို scan ဖတ်နေစဉ်အတွင်း virus ကိုကောင်းစွာ ရှာဖွေနိုင်ပါတယ်။
အချိန်အနည်းငယ်အကြာမှာပဲ Dr.Solomon က McAfee ရဲ့ စွပ်စွဲချက်များဟာ မမှန်ကန်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ အခိုင်အမာပြောခဲ့တာကတော့ ” ကမ္ဘာတခွင်မှာ Dr.Solomon ရဲ့ anti-virus ဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေရမယ် … အဲလိုမှ မဟုတ်ဘူးဆိုရင် သူ့ကုမ္ပဏီကို ဖျက်သိမ်းလိုက်မယ်” လို့ပါတယ်။ တချိန်တည်းမှာပဲ McAfee ဟာ Trend Micro နဲ့ အခြား antivirus software ထုတ်လုပ်သူများနဲ့အတူ Internet နှင့် e-mail data scanning နည်းပညာမူပိုင်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သတ်ပြီး အမှုရင်ဆိုင်နေခဲ့ပါတယ်။ ဒါ့အပြင် Symantec ကလည်း McAfee ဟာ Symantec codes တွေကို McAfee product တွေမှာ အသုံးပြုတယ်လို့ စွပ်စွဲပြီး အမှုပြုလုပ်ခြင်းတွေ စသည်ဖြင့် ဖြစ်ခဲ့ပါတယ်။

နှစ်ဆုံးပိုင်းမှာတော့ McAfee အမည် အဖြစ်အပျက်တွေတော်တော်များများ ဖြစ်ခဲ့ပါတယ်… အဲဒါကတော့ McAfee နဲ့ Network General က Network Assciates Company အသစ်ဖွဲ့စည်းကြောင်းကြေငြာခြင်းနဲ့ သူတို့ရဲ့ services များအတွက် anti-virus protection software ဈေးကွက်များသာမကပဲ computer safety universal system များ၊ encryption နဲ့ network administration ဈေးကွက်ပါကိုပါ နေရာချထားခြင်းပြုလုပ်ခဲ့ပါတယ်။
၁၉၉၈
Virus များက MS Windows , MS Office တိုက်ခိုက်ခဲ့ကြသလို network application များကို တိုက်ခိုက်မှုကလည်း အားမပျော့ခဲ့ပါဘူး။ Virus အသစ်များရဲ့ ရှုပ်ထွေးတဲ့ ထိုးနှက်ချက်တွေ နဲ့ network ကနေ computer ဆီသို့ ထိုးဖောက်မှု နည်းလမ်းတွေဟာလည်း တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် Internet access passwords များကို ခိုးယူတဲ့ Trojan များ နဲ့ ငုပ်လျှိုးနေတဲ့ administration utilities များလည်း ကွန်ပြူတာကမ္ဘာဆီသို့ ရောက်ရှိလာခဲ့ပါတယ်။ Virus ပါဝင်တဲ့ CD များကြောင့်လည်း အဖြစ်အပျက်များစွာ ဖြစ်ခဲ့ပါတယ်… ဘာကြောင့်လဲဆိုတော့ အချို့သော media publisher တွေက CIH နဲ့ Marburg ( Windows viruses) တို့ကို သူတို့ရဲ့ ဖြန့်ချီမှုများကို ကာကွယ်ဖို့အတွက် CD များမှာ တွဲဖက်ခဲ့တာကြောင့်ဖြစ်ပါတယ်။
နှစ်စပိုင်းမှာ “Win32.HLLP.DeTroie” virus အုပ်စုဝင်များ ကူးစက်ပြန့်နှံ့ ခြင်း ဖြစ်ပွားခဲ့ပါတယ်။ ၄င်း virus တွေဟာ Windows32 executed file များကို ကူးစက်ရုံတင်မဟုတ်ပဲ ကိုယ်ပိုင် information တွေကိုလည်း computer ပေါ်မှာ ထုတ်လွှင့်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ ဒါကြောင့်လည်း ကွန်ပြူတာလောကမှာ အထိတ်တလန့်ဖြစ်စေခဲ့ရတာပါ။ specific libraries ကိုအသုံးပြုထားတဲ့ virus တွေကတော့ French version Windows တွေမှာ တွဲဆက်ပါဝင်နေကြပြီး Virusကူးစက်မှုဟာ ပြင်သစ်စကားအသုံးပြုတဲ့ နိုင်ငံတွေမှာ အကျိုးသက်ရောက်မှုတွေရှိစေခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၉၉၈ : Excel table များမှာ ကူးစက်တဲ့ virus ပုံစံနောက်တစ်မျိုးဖြစ်တဲ့ “Excel4.Paix” ( [သို့] “Formula.Paix) ပေါ်ထွက်ခဲ့ပါတယ်။ ဒီအမျိုးအစား macro virus တစ်ခုမှာတော့ virus marco area အမျိုးအစားအတွက် အသုံးပြုနေကျ Excel table များအတွင်းမှာ အခြေခံပြီး အသုံးချထားတာမဟုတ်ပါဘူး…။ ဒါပေမယ့် ဖော်မြူလာအရတော့ self-reproduction code ကိုအဆင်ပြေအောင် နေရာချထားနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။
ဖေဖော်ဝါရီ – မတ်လ ၁၉၉၈ : ပထမဆုံး အသွင်အမျိုးအမျိုးကိုကူးပြောင်းနိုင်တဲ့ Windows32 virus များ ထွက်ပေါ်လာပြီး ပျံနှံ့သွားခဲ့ပါတယ်။ anti-virus programs developer များ ဘာမှမလုပ်လိုက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ virus တွေကို ရှာဖွေတဲ့ နည်းပညာ တွေကိုတော့ အပူတပြင်းပြုပြင်ကိုက်ညှိုခြင်း၊ DOS- virus များအတွက် ဒီဇိုင်းပြုလုပ်ခြင်း များနဲ့ အခြေအနေအသစ်ကို ပြုလုပ်ခဲ့ရပါတယ်။
http://www.notebookofstarryprince.co.cc/ မှ ကူးယူဖေါ်ပြပါသည်

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်