Wednesday 31 October 2012

ကမ္ဘာ့အဆိပ်အပြင်းဆုံး Golden Poison Frog

ကမ္ဘာ့အဆိပ်အပြင်းဆုံးသတ္တဝါစာရင်းထဲမှာအပါအဝင်ဖြစ်တဲ့ ရွှေဖား ( ရွှေအဆိပ်ဖား ) Golden Poison Frog ကတော့ ထိပ်တန်းအဆိပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။ရွှေဖားတစ်ကောင်မှထွက်တဲ့ ၁ မီလီဂရမ်အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်းကို သတ်လို့ရပါတယ်။ လူဆိုရင် အယောက် ၂၀ ၊ ဆင်ဆိုရင် အာဖရိကဆင် ၂ ကောင် သေလောက်အောင်ကို အဆိပ်ပြင်းပါတယ်။ဒါကြောင့် ၁ ဂရမ်ရှိတဲ့ ရွှေအဆိပ်ဖားတစ်ကောင်ဟာ
လူအယောက်ပေါင်း ၁ သောင်းခွဲကို သေစေနိုင်တယ်လို့ သိပ္ပံပညာရှင်တို့က တွက်ချက်လေ့လာတွေ့ရှိထားပါတယ်။ဖြေဆေးလည်းတော်ရုံရှာလို့မရပဲ အဆိပ်မိရင် အားလုံးသေကြရပါတယ်။ယင်းရွှေဖားကိုယ်တိုင်ကသာ ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။သူ့အဆိပ်က မည်သည့်သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ မည်သည့် သတ္တဝါမဆိုလည်း သေကြရပါတယ်။ Liophis Epinephelus အမည်ရှိတဲ့ မြွေမျိုးက
လွဲလို့ဖြစ်ပါတယ်။ဒါတောင် အပြည့်အဝမဟုတ်ပဲ liophis မြွေမျိုးလည်းအခန့်မသင့်ရင်
 သေရပါတယ်။ပိုပြီးတော့ ကြောက်စရာကောင်းတာက ယင်းရွှေအဆိပ်ဖားတွေဟာ အစုလိုက်နေထိုင်ကြတာပဲဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက်စုနေကြပါတယ်။ပြီးတော့ သက်ရှိဖားတွေထဲမှာ ယင်း Golden Poison Frog က ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်။
ဖားဘုရင်လို့တောင်တင်စားထားကြပါတယ်။ဘယ်သက်ရှိသတ္တဝါကမှလည်း အန္တရာယ်မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲဖြစ်ပါတယ်။ အရွယ်အစား ၅၅ မီလီမီတာလောက်အထိကြီးထွားနိုင်ပြီး
 ရွှေရောင်နဲ့ လိမ္မော်ရောင်အဆင်းရှိတတ်ကြပါတယ်။သူတို့နေထိုင်ကျက်စားတဲ့နေရာဒေသကတော့အပူချိန် 26 ဒီဂရီ စဲစီးယက် ထက်မနည်းတဲ့ မိုးသစ်တောဒေသကဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာလည်း
တွေ့ရတတ်ပါတယ်။
အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါထုတ်ရင် သက်ရှိသတ္တဝါတစ်ဦး တစ်ကောင်ကိုသာသေစေပြီး ရွှေအဆိပ်ဖားကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်က အဆိပ်တွေနဲ့ သင်းကြိုင်နေတာဖြစ်ပါတယ်။ ရွှေအဆိပ်ဖား သွားတဲ့နေရာကို တစ်ရှုးနဲ့သုတ်ပြီး ခွေးတို့ ကြက်တို့ကို ပေးရှူလိုက်ရင်ချက်ချင်း မာလကီးယား
ဖြစ်သွားတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ရွှေအဆိပ်ဖား Golden Poison Frog ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိသတ္တဝါအဖြစ် အများစုလက်ခံထားကြပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်