Wednesday 28 March 2012

ဂျင်ဆင်း အကြောင်း သိကောင်းစရာ

ဂျင်ဆင်းဆိုတာဘာလဲ

ဂျင်ဆင်းဆိုတာ အုပ်စုက Panax genus ဖြစ်ပြီး မျိုးရိုးက Araliaceae ဖြစ်ပါတယ် ။ လတ်ဆတ်တဲ့ အမြစ်တွေ နဲ့ ဖြေးဖြေးချင်းရှင်သန်ကြီးထွားတတ်တဲ့ perennial အပင်မျိုးဖြစ်ပြီး အာရှအရှေ့ဖက် အထူးသဖြင့် အရှေ့မြောက် ပိုင်း တရုတ် ၊ ကိုရီးယား ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းတွေမှာ ပေါက်ရောက်ရှင်သန်ပါတယ် ။ တောင်ဖက် အကျဆုံး အေးခဲဒေသ ဂျင်ဆင်းမျိုးဖြစ်တဲ့ Panax vietnamensis ကိုတော့ ဗီယက်နမ်နိုင်ငံမှာတွေ့ ရပါ တယ် ။ Siberian ginseng ကတော့တကယ့်ဂျင်ဆင်းအစစ်မဟုတ်ပါဘူး ။ ကဲ ဂျင်ဆင်းအကြောင်းကို ဒီထက် ပိုပြီးလေ့ လာကြည့်ရအောင် ။

တိုင်းရင်းဆေးအဖြစ် အသုံးပြုခြင်း



အမေရိက ဂျင်ဆင်း ( Panax quinquefolius) နဲ့ အာရှဂျင်ဆင်း ( Panax ginseng ) အမြစ်တွေကို daptogens ၊ ကာမ အားတိုးဆေး နဲ့ အာဟာရကိုလှုံ့ဆော်ပေးတဲ့ stimulants တွေအဖြစ် အသုံးပြုကြပါတယ် ။ ပြီးတော့ ဆီးချိုသွေး ချိုရောဂါ Type II diabetes နဲ့ ယောင်္ကျားလေးတွေမှာ လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကိုလည်း
အသုံးပြုကြ ပါသေးတယ် ။ တကယ်တော့ ဂျင်ဆင်းအမြစ်ကို ခြောက်သွေ့သောပုံစံနဲ့ ရရှိနိုင်ပြီးတခြား ဂျင်ဆင်းတစ် ပင်လုံးနဲ့ အစိတ်အပိုင်းတစ်ခုခုအဖြစ်လည်းရရှိနိုင်ပါသေးတယ် ။ ဒီလို ပါဝင်မှု ဂျင်ဆင်းရဲ့ အစွမ်း သတ္တိတွေကို တချို့သောနာမည်ကြီးတဲ့ energy drinks (စွမ်းအားဖြည့်အချိုရည်) တွေမှာ တွေ့နိုင်ပါတယ် ။ လက်ဖက်ခြောက်ပုံစံနဲ့လည်းရရှိနိုင်ပြီး သူ့ကိုဆေးပညာဆိုင်ရာ အဖြစ်သုံးပြုပေမယ့် တိတိကျကျတိုင်း တာလို့ရ တဲ့ measurable medicinal effects တော့မရှိပါဘူး ။ သူ့ကို အလှအပရေးရာ ထုတ်လုပ်မှုတွေမှာလည်း အသုံး ပြုကြ တာတွေ့ရှိရပါတယ် ။

ဂျင်ဆင်းအမျိုးအစားများ

P.quinquefolius Aerican ginseng (root)


တရုတ်ရိုးရာဆေးပညာအရ american ginseng ဟာ စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ မလိုအပ်တဲ့အရာတွေကို ဖယ်ရှာပေးပါတယ် ။ သူတို့အဆိုအရတော့ Yin energy ( sunshine , hot , positive , male)ကိုတိုးစေတယ် လို့ အဓိပ္ပါယ်ရပြီး Yang ( shadow , cold , negative , female) ပိုလျှံနေတာ ကိုလျော့နည်းစေတယ်လို့ဆိုပါတယ် ။ တရုတ်ရိုးရာဆေးပညာအရ Asian ginseng ဟာ yang (sunshine , hot , postive , mal ) ကိုလျော့နည်းစေပါတယ် ။ တရုတ်နဲ့ကိုရီးယား ဂျင်ဆင်းတွေဟာ Manchuria နဲ့ Korea မှာပေါက်ရောက်ပြီး American ginseng ကိုတော့ Guangzhou မှတဆင့် တရုတ်ပြည်ထဲကိုတင်သွင်းပါတယ် ။ တရုတ် ပြည်က ဆရာဝန်တွေကတော့american ginseng ဟာ ပူတဲ့ဒေသကလာတဲ့အတွက် yin အတွက် ကောင်းလိမ့်မယ်လို့ ယုံကြည်ကြပါတယ် ။

Panax ginseng Asian ginseng (root)


တရုတ်ရိုးရာဆေးပညာအရပဲ Panax ginseng ဟာ Yang စွမ်းရည်ကိုတိုးတက်စေပြီး သွေးလည်ပတ်မှု စနစ် ( ciuculation) ကိုကောင်းစေပါတယ် ။ Blood supply ကိုများစေပြီး စွမ်းရည်ထုတ်လုပ်မှုနဲ့ ဖျားနာပြီးပြန်လည် နလန်ထူခြင်း(recovery ) ကို ရစေပါတယ် ။ သူ့ကိုလည်းပုံစံလေးမျိုးနဲ့ရနိုင်ပါတယ် ။
-fresh ginseng
-white ginseng (WG)
-red ginseng ( RG)
-sun ginseng ( SG) တို့ပဲဖြစ်ကြပါတယ် ။

Red ginseng

ကိုရီးယားလို 홍삼 (hong-sam) လို့ ခေါ်တွင်ပြီး တရုတ်လို 红参 လို့ သတ်မှတ်ပါတယ် ။ Panax ginseng ကို အပူပေးပါတယ် ။ ရေနွေးပူသို့မဟုတ် နေရောင်မှာ အခြောက်ခံ အပူပေးခြင်းအားဖြင့် ပြုလုပ်ပါတယ် ။ ဒီလိုပြု လုပ်ခြင်း အားဖြင့် ဂျင်ဆင်းရဲ့အမြစ်ဟာ ကျွတ်ဆတ်လာပါတယ် ။ ဒီလို အမျိုးအစားဂျင်ဆင်းကိုတော့ လိင် စွမ်းရည် ကို လှုံ့ဆော်ဖို့နဲ့ စွမ်းရည်တိုးဖို့အတွက် အသုံးပြုကြပါတယ် ။ ဂျင်ဆင်းနီကို အထူးသဖြင့် စိုက်ပျိုးထွန် ယက်ထားတဲ့ အမြစ်တွေကနေထုတ်လုပ်ပြီး ကိုရီးယားမှ ရရှိပါတယ် ။

Wild ginseng

Wild ginseng ဟာ သဘာဝအလျှောက်ကြီးထွားရှင်သန်ပြီး သူရှင်သန်ပေါက်ရောက်နိုင်တဲ့ မည်သည့်နေရာမဆို စိုက်ပျိုး ရိတ်သိမ်းနိုင်ပါတယ် ။ အမှန်တော့ wild ginseng ဟာ ရှားပါးမျိုးနွယ်ဝင်ဖြစ်ပြီး အများ ကြီးပေါက်ရောက်ပေ မယ့်လည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က အများအပြားပျက်ဆီး ဆုံးရှုံးမှုတွေရှိခဲ့ တာကြောင့် အခုဆိုရင် အတော့်ကိုရှားပါးသွားခဲ့ပါတယ် ။ သူ့ရဲ့ အမြစ်တစ်ခုဟာ ရင့်သန်ကြီးထွား ချိန်ရောက် ဖို့ကို နှစ် နဲ့ချီပြီးစောင့်ရလေ့ရှိပါတယ် ။ wild ginseng ဟာ အာရှသို့မဟုတ် အမေရိကန်ဂျင်ဆင်း တစ်ခု ခုဖြစ်နိုင်ပြီး red ginseng အဖြစ် ထုတ်လုပ်ပါတယ် ။

တခြားဂျင်ဆင်းအမျိုးအနွယ်များမှာ

-Gynostemma pentaphyllum (southern ginseng, jiaogulan)
-Eleutherococcus senticosus (Siberian ginseng)
-Pseudostellaria heterophylla (prince ginseng)
-Withania somnifera (Indian ginseng, ashwagandha)
-Pfaffia paniculata (Brazilian ginseng, suma)
-Lepidium meyenii (Peruvian ginseng, maca)
-Oplopanax horridus (Alaskan ginseng) စသည်တို့ပဲဖြစ်ပါတယ် ။

ဘေးထွက်ဆိုးကျိုးများ

Sports Nutrition FAQ ရဲ့ အဆိုအရ p.ginseng ရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးက အိပ်မပျော်ခြင်း ပဲဖြစ်ပါ တယ် ။ ဒါပေမယ့်လည်း တခြားဂျင်ဆင်းမျိုးနွယ်တွေကတော့ဒီလို အိပ်ပျော်ရခက်တဲ့ ဆိုးကျိုးမျိုးမရှိပါဘူး ။ တခြား ဆိုး ကျိုးတွေကတော့ ပျို့ခြင်း ၊ ၀မ်းသွားခြင်း ၊ခေါင်းကိုက်ခြင်း ၊ နှာခေါင်းသွေးယိုခြင်း ၊ သွေးပေါင် ချိန်တက်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်းနှင့် ရင်သားနာခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ဂျင်ဆင်းနှင့် မျိုးပွားစွမ်းဆောင်ရည်


၂၀၀၂ ခုနှစ်မှာ Southern University School of Medicine မှ ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ အာရှနဲ့ အမေရိ ကန် ဂျင်ဆင်းမျိုးနွယ်တွေဟာ လိင်စွမ်းဆောင်ရည်ကိုမြင့်မားစေပြီး စိတ်ကျေနပ်မှုကိုအပြည့်အ၀ ရရှိစေပါ တယ် ။ ဒါဟာ ဟော်မုန်းတွေပြောင်းလဲမှုကြောင့်မဟုတ်ပါဘူး ။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsonoside ရဲ့ ဦးနှောက် အာရုံကြောစနစ်နဲ့ gonodal tissue တွေကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေတဲ့အ တွက်ဖြစ်ပါတယ် ။ ယောင်္ကျားလေးတွေမှာginsenosides ဟာ penile erection ( ဖိုမျိုးပွားအဂါင်္တောင့်တင်းခြင်း) ကိုဖြစ်စေပြီး ကိုရီးယားနဲ့တရုတ်လူမျိုးတွေဟာ ဒီရည်ရွယ်ချက်နဲ့ ဂျင်ဆင်းကို အသုံးပြုကြပါတယ် ။ ဒါ့အပြင် ဂျင်ဆင်းမှာ phytoestrogens လည်းပါဝင်ပါတယ် ။ အချို့သော လေ့လာစမ်းသပ်မှုတွေအရ ဦးနှောက်ထဲမှာရှိတဲ့ Pituitary gland ကိုသွားရောက်လှုံ့ဆော်ပြီး gonadotrophins ဟော်မုန်းထွက်ရှိမှုကိုများစေပါတယ် ။ မျိုးပွားအင်္ဂါတွေရဲ့ ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး သုတ်ကောင်ရည်ထုတ်လုပ်မှုကိုများစေပါတယ် ။

ဂျင်ဆင်းမှာ အစွမ်းထက် စွမ်းဆောင်ရည်အမြောက်အများရှိတဲ့အပြင် သူ့ရဲ့ဘေးထွက် ဆိုးကျိုးတွေကို ပါ လေ့လာ သိရှိထားသင့်ပါတယ် ။ ဒီတစ်ပတ်တော့ အစွမ်းထက်ဂျင်ဆင်းအကြောင်းကိုဖော်ပြရင်း ဒီတင်ပဲရပ် နားပါရစေ။

@ : သက်တန့်ချို

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်