Friday 2 March 2012

ရေသူမရောဂါ

အစ္စရေးနိုင်ငံက လူတစ်ရာနီးပါးလောက်ဟာ ညနေဘက်တွေမှာ ရေသူမ ရှာပုံတော်ထွက်ပြီး တွေ့လျှင် သက်သေအထောက်အထားနဲ့ ပြက ဆုကြေးငွေထုတ်ဖို့ အချိန်တွေအကုန်ခံ ရှာပုံတော်ထွက်နေကြပါတယ်။ လူဆယ်ယောက်ကျော် လောက်ဟာ ရေသူမကို မြင်တွေ့ ရခဲ့ကြောင်းနဲ့ အဲ့ဒီအချိန်မှာ သူတို့လက်ထဲမှာ ကင်မရာမရှိလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ကြောင်းကို အတည်ပြုပြောခဲ့ပါတယ်။ တွေ့ခဲ့တဲ့လူတွေအားလုံးကလဲ ရေသူမဟာ နေဝင်ခါနီးအချိန်မျိုးမှာသာ
 ပေါ်ထွက်လာတတ်ကြောင်းပြောပါတယ်။ Haifa နီးတဲ့ မြို့နယ်ကောင်စီ Kiryat Yam မှနေပြီး ရေသူမှ ရေထဲမှ နေထွက်ပေါ်လာတာကို ခိုင်လုံတဲ့ သက်သေ နဲ့ပြနိုင်တဲ့သူဆိုရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝဝ (တစ်သန်း)ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံနည်းပညာလက်တွေ့သဘော အရ ရိုးရိုးလေး နဲ့ သက်သေပြခိုင်းလိုက်တာ
တစ်ကြောင်း ဒါမှမဟုတ် ဒီရေသူမ သတင်းကြောင့် ကမ္ဘာလည့် ခရီးသည်တွေ ပိုပြီး လာရောက်လည်ပတ်အောင် ဆွဲဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ မြင်တွေ့ခဲ့တဲ့သူတွေကတော့ ဒီရေသူမဟာ လင်းပိုင်တစ်ကောင်ခုံပြီး ရေထဲဆင်းသလိုဘဲ ခုန်ပြီးရေထဲဆင်းသွားတာလို့ ပြောပါတယ်။ ဆုငွေထုတ်ပြန်တဲ့ ကောင်စီ ကတော့ ရေသူမကို ပိုက်နဲ့ ဖမ်းစရာမလို့ဘဲ ဓါတ်ပုံနဲ့ သက်သေပြနိုင်ရင်လုံလောက်ပြီးလို့သတ်မှတ်ထားပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်