![]() | ![]() | ![]() |
![]() ရာသီအစတွင် ပွဲကျပ်များကို ဆက်တိုက်ကစားရမည့် လက်ရှိချန်ပီယံ မန်ယူအသင်း လာမည့် ၂၀၁၁-၁၂ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေး ဆွဲခြင်းကို ပြီးခဲ့သည့် ဇွန်လ(၁၇)ရက်နေ့က ပြုလုပ်ခဲ့ရာ လာမည့် ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ခု၏ ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထွက်ပေါ်လာသော ပွဲစဉ်များအရ လက်ရှိချန်ပီယံ မန်ယူအသင်းမှာ ရာသီအစတွင် ပွဲကျပ်များကို ဆက်တိုက်ကစားရမည် ဖြစ်ကြောင်းတွေ့ရှိရသည်။ လာမည့်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ကို သြဂုတ်လ(၁၃) ရက်နေ့တွင်စတင် ကစားသွားမည်ဖြစ်ပြီး မန်ယူအသင်းမှာ ပွဲစဉ်(၁)တွင် ၀က်စ်ဘရွန်းနှင့် ကစားရမည် ဖြစ်သော်လည်း ပွဲစဉ်(၂)၌စပါး၊ ပွဲစဉ်(၃)၌ အာဆင်နယ်၊ ပွဲစဉ်(၅)၌ ချယ်လ်ဆီးအစရှိသည့် လန်ဒန်အသင်းကြီးများကို ဆက်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ပြင် ပွဲစဉ်(၈)တွင် လီဗာပူးလ် အသင်းနှင့် လည်းကောင်း၊ ပွဲစဉ်(၉)တွင် မန်စီးတီးအသင်းနှင့်လည်းကောင်း ဆက်တိုက်ကစားရမည်ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ရာသီအစတွင် အမှတ်ပေးဇယား အပေါ်ပိုင်း၌ ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ရမည် ဖြစ်သည်။ မန်ယူအသင်းကဲ့သို့ပင် လန်ဒန်ကလပ် စပါးအသင်းမှာလည်း ရာသီအစ ပွဲကျပ်များကို ရင်ဆိုင်ရမည်ဖြစ်ရာ စပါးအသင်းနည်းပြ ဟယ်ရီရက်နက်ပ်က ညည်းတွားခဲ့သည်။ ၎င်းက ‘ကျွန်တော့် ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ဒီလိုခက်ခဲတဲ့ ရာသီအစပွဲစဉ်တွေကို တစ်ခါမှမကြုံ ဖူးပါဘူး’ ဟုပြောကြားခဲ့သည်။ စပါးအသင်းသည် ပထမဆုံးကစားရမည့် ပွဲစဉ်(၇)ပွဲ၌ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်အသင်းများ နှင့် ကစားရမည့်ပွဲစဉ်များ ပါဝင်နေရာ ရက်နက်ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း၏ ရာသီအစပွဲစဉ်(၁၀)ပွဲ
|
No comments:
Post a Comment