၂၀၁၀ ခုနှစ် ကောလင်းတွင်သူငယ်ချင်းများပြောပြချက်အရထူးထူးခြားခြားမင်္ဂလာပွဲရှိကြောင်း သိရပါသည်။
ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့်သတို့သမီးနှစ်ယောက်တို့
တပြိုင်နက်မင်္ဂလာဆောင်ခြင်းဖြစ်ကြောင်း
သိရသောအခါအလွန်အင်မတန်မှစိတ်ဝင်စားခဲ့ပါတော့သည်။
အမှတ်တရဓာတ်ပုံများကိုဓာတ်ပုံဆရာများကရိုက်ကူးပေးသည်မှာကြည်နူးစရာလဲအလွန်ကောင်းသည်။
မင်္ဂလာပွဲကိုအလွန်တရာစိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်ယောက်ကိုမေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာရွှေတော(ဖတ်ရှည်)မှဖြစ်ကြောင်းသိရသည်။ အကြောင်းစုံကိုသိရန်မေးမြန်းခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့းတို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခဲ့ကြလေသည်။ သတို့သားဘက်မှအလွန်ချို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်းရန်းလက်ထပ်မပေး နိုင်ပေ။
ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရန်အလိုငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီးရှာရန် ချစ်သူကိုဇာတိကျေးရွာတွင်ထားခဲ့ကာ ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါးအဆင်ပြေသောအခါတွင်မောင်မင်းမင်းစိုးသည်တစ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့်ရည်းစားဖြစ်ပါတော့သည်။မပိုပိုကိုလည်းချစ်သည်။ ဇာတိတွင်ကျန်ခဲ့သောမနှင်းဆွေကိုလည်းချစ်သည်။ အလွန်ခက်ခဲသောပြသနာကိုမောင်မင်းမင်းစိုး စတင်ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး တင်းမာနေကြရာ မည်သူကမှအဆုံးအရှုံးမခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကိုနှစ်ဦးနှစ်ယောက်လုံးကရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးကအပြိုင်အဆိုင်ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါတော့သည်။ မိဘဆွေမျိုးများကဘယ်လိုပင်တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လည်း မာနကိုယ်စီနှင့်ပြိုင်ကြရာသုံးယောက်သားတစ်ရက်တည်းမင်္ဂလာဆောင်သည်အထိဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ။
တပြိုင်နက်မင်္ဂလာဆောင်ခြင်းဖြစ်ေ
သိရသောအခါအလွန်အင်မတန်မှစိတ်ဝင်စား
အမှတ်တရဓာတ်ပုံများကိုဓာတ်ပုံ
မင်္ဂလာပွဲကိုအလွန်တရာစိတ်ဝင်စား
၂၀၀၈ ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့းတို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခဲ့ကြေ
ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရန်
(မှတ်ချက်။ ။ကျွန်ုပ်သိသမျှဖြစ်ပါသည်။ဓာတ်ပုံများမှာလည်းမူရင်းအတိုင်းဖြစ်ပါသည်။)
No comments:
Post a Comment