Wednesday 25 April 2012

Synchiropus splendidus လို့ခေါ်တဲ့ အလွန်လှပတဲ့ ငါး

Green Mandarin လို့ခေါ်တဲ့ ငါဟာ အလွန်လှပတဲ့ ပင်လယ်ငါးတစ်မျိုးဖြစ်ပါတယ်။ ဒီငါးဟာ တမူထူးခြားတဲ့ ပုံ သဏ္ဍာန်ရှိပြီး ခန္ဓာကိုယ်ဟာလဲ တောက်ပတဲ့ အပြာ၊ အဝါ၊ လိမ္မော် နှင့် အစိမ်းရောင်
တို့ပေါင်းစပ်ထားပါတယ်။
အမျိုးအစားအနေဖြင့်နှစ်မျိုးရှိပြီး standard Mandarinfish နဲ့ Psychedelic Mandarin တို့ဘဲဖြစ်ကြပါတယ်။ှStandard အမျိုးကတော့ ပိုပြီး ကြည့်လို့လှပါတယ်။ ဘာဘဲပြောပြော ကျွန်တော်အနေနဲ့တော့ နှစ်မျိုးလုံးကြည့်လို့လှပါတယ်။
အရွယ်အစားအနေဖြင့် ၆ လက္မခန့် အထိ ကြီးထွားကြပါတယ်။ ပုစွန်ဆိတ်၊ တီကောင်နက် တို့ကိုစားသောက်ပါတယ်။ ဒီငါးများကို ပစီဖိတ်သမုဒ္ဒယာ အနောက်ဖက်ခြမ်း သန္တာကျောက်တန်းများမှာတွေ့ရပါတယ်။ သက်တမ်းအနေဖြင့်တော့ ၁၅ နှစ်ခန့်ရှည်ပါတယ်။ ဒီငါးဟာ လှပေမဲ့ အနံ့ဆိုးတမျိုးထွက်ပြီး အသားဟာလဲ အလွန်ခါးလှပါတယ်။ ဝယ်ခြင်ရင်ဝယ်ယူလို့ရပြီး ဈေးနှုန်းအနေအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၂ဝ မကျော်ဘူးလို့
သိရပါတယ်။ ဒါပေမဲ့ ဒီငါးကို ထားဖို့အတွက်ကတော့ အနည်းဆုံး ရေဂါလံ ၄ဝ လောက်ဆန့်တဲ့
 ရေကန်ထဲမှာ ထားမှရမယ်ဖြစ်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်