Thursday 26 April 2012

ကြက်မကြီးမှ ကြက်ကလေးအား အကောင်လိုက်မွေးဖွား

သီရိလင်္ကာ နိုင်ငံမှ ကြက်မတစ်ကောင်ဟာ ဥမဥပဲ ဝမ်းထဲမှပင် ကြက်သားပေါက်ကလေးအားအကောင်လိုက်မွေးခဲ့သဖြင့် ကြက်နှင့်ကြက်ဥတွင် မည်သည်က စတင်ဖြစ်ပေါ်လာသနည်း ဟူသော ခေတ်ဟောင်းဥာဏ်စမ်းယုံတမ်းစကားအတွက် ပိုမိုရှုပ်ထွေးဖွယ်ရာ အကြောင်းအရာတစ်ခု ထပ်ပေါ်လာစေခဲ့ပါတယ်....
              ကြက်မ၏ ကိုယ်ခန္ဒာမှ ဥမဥချလိုက်ရပဲ ၊ ပြင်ပတွင် ဥဝပ်စရာ နေရာ ၊ အပူငွေ့ပေးစရာမလိုပဲ ကြက်မ၏ ကိုယ်ခန္ဒာ
အတွင်းတွင် ၂၁ ရက်ကြာ ရှိနေခဲ့ပြီး အကောင်ပေါက်ခဲ့တာဖြစ်ပါတယ်။
                မိခင်ကြက်မကြီး သေဆုံးခဲ့ပေမယ့် ကြက်ပေါက်ငယ်ကလေးဟာ အတောင်အလက်အစုံအလင်
ပါရှိပြီး ကျန်းမာသန်စွမ်းလျက်ရှိပါတယ်။ ဝယ်လီမာဒါအရပ်တွင် သေဆုံးသွားသည့် ကြက်မကြီးအား စမ်းသပ်စစ်ဆေးခဲ့သည့်တိရိစ္ဆာန် ဆေးကုသရေးအရာရှိ PR Yapa က ၄င်းအနေဖြင့်ထိုကဲ့သို့ ဖြစ်ရပ်မျိုး
တစ်ခါမှကြုံတွေ့ခဲ့ရဖူးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
               မျိုးပေါက်ခဲ့သည့် ကြက်ဥဟာ ကြက်မကြီး၏မျိုးပွားအင်္ဂါအစိတ်အပိုင်းတွင် ပေါက်ဖွားရှင်သန်
နေခဲ့တာဖြစ်ပြီး ဥမှပေါက်သည်အထိကြက်မကြီး၏ ကိုယ်ခန္ဒာအတွင်းတွင်သာ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရတာ
ဖြစ်ပါတယ်။
     သေဆုံးသွားတဲ့ ကြက်မကြီးအား ခွဲစိတ်စစ်ဆေးခဲ့ရာတွင် အဆိုပါကြက်မကြီးဟာ ခန္ဒာကိုယ်အတွင်းပိုင်း
ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
@ ကိုပီတာ

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်