Virus ဖန်တီးခြင်းကြောင်းတွေ
ကာကွယ်ခြင်းအကြောင်းတွေ တင်ပြီးတော့မှပဲ သူရဲ့ သမိုင်းကို
တင်ဖြစ်တော့တယ်…ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး စိတ်ကူးပေါက်တာနဲ့
တင်လိုက်တာပါ…ဒီအကြောင်းအရာတွေကို မဖတ်ခင်မှာ “Virus ဆိုတာ self-
replication computer program တစ်ခုဖြစ်ပြီး အခြား executable code (သို့)
documents များထဲကို သူ့တို့ကိုယ်သူတို့ copy ကူးထည့်ခြင်း အားဖြင့်
ကူးစက်ပြန့်နှံ့ စေတာဖြစ်တယ်” ဆိုတဲ့ အချက်ကို မေ့လို့ မဖြစ်ပါဘူး
…
အဲဒီအချက်ကိုမေ့နေမယ်ဆိုရင် ဒီ Post ကို နားမလည်နိုင်ပါဘူး…
ကူးစက်ခြင်းအဆင့်ဆင့်ကို ” Virus ဖန်တီးခြင်း (၁)၊ (၂)၊ (၃)” မှာ
ရှင်းပြခဲ့ပြီးပါပြီ”….Virus သမိုင်း အစမှာဆိုရင် ပထမဆုံး” ထွက်ပေါ်ခဲ့တဲ့
Virus အကြောင်းနဲ့
ပတ်သတ်လို့ ဆွေးနွေးငြင်းခုံမှုတွေဟာ အဆုံးမရှိထွက်ပေါ်ခဲ့ပါတယ်..ဘာကြောင့်လဲဆိုတော့
၁၉၇၀ ၀န်းကျင်လောက်မှာ malware တွေ attack လုပ်ခဲ့ကြလို့ပါ…အချို့သူတွေက
ဒီ malware တွေ attack လုပ်ခဲ့တာကို ထပ်သွင်း ရေတွက်ခဲ့တဲ့ အတွက်ကြောင့်
ဖြစ်ပါတယ်…malware လို့ဆိုပေမယ့် ယေဘူယျသတ်မှတ်ချက်အရ ပြောရရင်worms
တွေဖြစ်ကြပြီး virus တော့ မဟုတ်သေးပါဘူး… ဒါကြောင့် ၁၉၇၀ အစောပိုင်း
ပေါ်ထွက်ခဲ့ တာတွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်…သို့သော်လည်း
Computer Knowledge ပိုင်းကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ Virus
တွေရဲ့ သမိုင်းဟာ ၁၉၈၁ မှာစတင် ခဲ့တယ်လို့ ယူဆနိုင်ပါတယ် ။
၁၉၆၀နှောင်းပိုင်း – ၁၉၇၀ အစောပိုင်းနှစ်များ
၁၉၇၀ အဦးပိုင်းမှာ
Arpanet (Advanced Research Projects Agency net) ကနေပြီး Creeper လို့
ခေါ်တဲ့ worm တစ်ခုကို စတင်တွေ့ရှိခဲ့ပါတယ်…ဒီ worm ကို Tenex operating
system အောက်မှာ global computer networks များဆီသို့
သူဟာသူပျံနှံ့နိုင်အောင် ဖန်တီးခဲ့ပါတယ်…၄င်းဟာ သူ့ဟာသူ modem ကနေတဆင့်
network တစ်ခုဆီရောက်အောင် ၀င်နိုင်စွမ်းရှိပြီး remote systemများဆီကို
သူ့ကိုယ်သူ copy လုပ်ခြင်းအားဖြင့် ကူးပြောင်းပါတယ်…သူက တခြား system
တစ်ခုထဲရောက်သွားပြီးဆို ရင် “I’M THE CREEPER : CATCH ME IF YOU CAN”
ဆိုတဲ့ message လေးဖော်ပြတတ်ပါတယ်… သူနဲ့ ကပ်လျက်ပဲ program
လေးတစ်ခုထပ်ထွက်လာပါတယ် အဲဒါကတော့ Creeper ကို နှိမ်နင်းမယ့် Reaper
ပဲဖြစ်ပါတယ်… Reaper က Creeper ကိုလိုက်ရှာပြီး delete လုပ်ပါတယ်…
အားလုံးသိကြတဲ့ “ပထမဆုံး” Anti-virus progam လို့ ပြောရမှာပါပဲ…
၁၉၇၄ ခုနှစ်မှာ ထပ်ပြီးထွက်လာတဲ့ malware တစ်ခုကတော့ Rabbit လို့ခေါ်ပါတယ် …
သူကတော့ system တွေကို crash လုပ်ဖို့အတွက် သူကိုယ်သူ ဘက်ပေါင်းစုံကနေ
မြန်မြန်ဆန်ဆန် ပုံတူပွား နိုင်ပြီး အများအားဖြင့်တော့ system တစ်ခုကနေ
တစ်ခုကို သူ့ကိုသူ copy မလုပ်နိုင်ပါဘူး…၄င်းက system resources တွေမှာ
ခိုအောင်းနေပြီး system ရဲ့ ထုတ်လုပ်နိုင်မှုတွေကို နိမ့်ဆင်းသွားအောင်
လုပ်ပါတယ်…
၁၉၇၅ ခုနှစ်မှာတော့ UNIVAC 1108 system အတွက် Pervading Animal လို့ခေါ်တဲ့
game တစ်ခုရေးခဲ့ပါတယ် …အဲဒီ game က user ကို စိတ်ဝင်စားအောင်
မေးခွန်းတွေမေးပြီးတော့ user တွေးနေတဲ့ သတ္တ၀ါက ဘာလဲဆိုတာကို
ဆုံးဖြတ်ချက်ချပါတယ် …. ဒါပေမယ့်လည်း ဒီ game က တကယ်ဖြစ်နေတာ ကတော့ file
တိုင်းမှာ သူကို့သူ ရေးထည့်နိုင်ဖို့ပဲဖြစ်ပြီး file တွေထဲ ရေးပြီးပြီလား
မရေးရသေးဘူးလားဆိုတာ ကို ဆုံးဖြတ်ဖို့အတွက် အချိန်တွေကို ဖန်တီးပြောင်းလ
ဲယူဖို့အတွက်ပဲ ဖြစ်ပါတယ်… executable file တွေနဲ့ အဆုံးမှာ
သူဟာသူရောနှောပေါင်းစပ်လိုက်ပါတယ်..ဒါဟာ Trojan ရဲ့ အပြုအမူတွေဖြစ်အောင် တမင်လုပ်ခဲ့တာလား … မတော်တဆဖြစ်ခဲ့တာလားဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ပါဘူး…ဒီအပြုအမူတွေဟာ
ယခုခေတ်ပေါ် ထောင်ပေါင်းများစွာသော Trojan များနဲ့ တူညီနေပါတယ်….JÃrgen
Kraus ရဲ့ master thesis မှာတော့ ဒီ Program ကို Selbstreproduktion bei
Programmen( Self-reproduction of programs) လို့ခေါ်ခဲ့ပါတယ်…
၁၉၈၀ အစပိုင်း
ဒီနှစ်ပိုင်းတွေကို ရောက်လာတဲ့ အခါမှာတော့ Computer
တွေဟာ ပိုပို ပြီးတော့ လူသုံးများလာကြပါတယ်…program အရေအတွက်အနေနဲ့
software company တွေကနေထုတ်တာ မဟုတ်ပေမယ့်လည်းပဲ
တစ်ဦးချင်းအနေနဲ့ထုတ်လုပ်မှုဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်….ဒီ Program တွေကို
general access servers- BBS တွေကနေ တိုက်ရိုက် ဖြန့်ဝေခြင်း၊
လဲလှယ်ခြင်းတွေ လုပ်နိုင်ပါတယ်… အဲဒီရလဒ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ Trojan
horses တွေ၊ System ကို အနှောင့်အယှက်ပေးနိုင်တဲ့ Program တွေ
အမြောက်အမြားထွက်ပေါ်လာဖို့ အတွက် လမ်းစဖြစ်ခဲ့ပါတယ်….
၁၉၈၁ – Wild ထဲမှ ပထမဆုံး Virus
Robert Slade ရဲ့
သမိုင်းဖော်ပြချက်အရဆိုရင်.. ယနေ့ခေတ် Virus များကဲ့ သို့
အလုပ်လုပ်နိုင်ဖို့အတွက် Wild ထဲကို စမ်းသပ်တဲ့သဘောမျိုးနဲ့
ပထမဆုံးရောက်လာတဲ့ Virus လို့ ပြောရပါလိမ့်မယ်.. Texas A&M University
ကနေစတင် ပျံနှံ့လာတယ်လို့ အများက လက်ခံထားပါတယ်… အဲဒီ Virus နဲ့ နာမည်ကတော့