Monday 19 November 2012

iPhoneနှင့် iPad များဖြင့် ထိန်းချုပ် နိုင်မည့် iBulb မီးသီးများ

ကမ္ဘာကျော် နည်းပညာ ပါရဂူ Apple က iPhone နှင့် iPad များဖြင့် စိတ်တိုင်းကျ
ထိန်းချုပ်နိုင်မည့် LED iBulb မီးသီးများကို စတင် တီထွင်နေပြီ ဖြစ်သည်။

ယင်းမီးသီးများ၏ ထူးခြားချက်မှာ အဝေးတစ်နေရာမှ iPhone နှင့် iPad များကို အသုံးပြု၍ ဖွင့်နိုင်၊ ပိတ်နိုင်ရုံမျှမက မီးအလင်းအမှောင်ကိုလည်း လိုသလို ထိန်းချုပ်နိုင်သည်။
ထို့ပြင် ယင်း iBulb မီးသီးများက ကြိုးမဲ့ကွန်ရက်စနစ်ဖြင့် Wi-Fi ချိတ်ဆက်နိုင်ပြီး iPhone နှင့် iPad များမှာ သုံးစွဲထားသည့် iBulb Application များကလည်း ဘယ်အချိန်မှာ မီးဖွင့်ရမည် ပိတ်ရမည်ဆိုသည်ကို စိတ်တိုင်းကျ Program များရေးဆွဲပြီး အလိုအလျောက် စေခိုင်းနိုင်သည်။ ယင်း iBulb မီးသီးများ၏ တန်ဖိုးမှာ စတာလင်ပေါင် ၁၀၀ ကျော်မျှ ကျသင့်မည်ဟု Apple Store မှ သိရသည်။
 @ ရိုးရာလေး

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်